အေမီ ဝိုင်းဟောက်စ်

ဆွဲဆောင်မှုအားကောင်းသော အသံကို ပိုင်ဆိုင်သူ ဗြိတိန်တေးရေးဆရာ၊ ဂရမ်မီဆုရ အဆိုတော် အေမီဝိုင်းဟောက်စ်သည် လန်ဒန်မြို့တွင်မွေးဖွားကြီးပြင်းခဲ့သည်။ ငယ်စဉ်ကတည်းက ကိုယ်တိုင်သီချင်းရေးစပ်ကာ ဂျပ်ဇ်ကလပ်များတွင် ဖျော်ဖြေခဲ့သည်။ ၂၀၀၂ ခုနှစ်တွင် တေးထုတ်လုပ်ရေးများစွာနှင့် စာချုပ်ချုပ်ဆိုခဲ့သည်။ ၂၀၀၃ ခုနှစ်တွင် ပွဲဦးထွက်ဖြန့်ချိသော Frank အယ်လ်ဘမ် မှာ ပရိသတ်၏ အသိ အမှတ်ပြုခြင်းခံခဲ့ရပြီး ဗြိတိန်တွင် ပလက်တီနမ် ဓာတ်ပြားဆုသုံးကြိမ်ရရှိ ခဲ့သည်။ ၂၀၀၆ ခုနှစ်တွင် ဒုတိယမြောက်အယ်လ် ဘမ်ဖြစ်သော Back to Black အယ်လ်ဘမ်ဖြင့်အောင်မြင်ခဲ့ပြီး ဂရမ်မီငါးဆုရရှိခဲ့သည်။ ယင်းအယ်လ်ဘမ်မှာ ကမ္ဘာတစ်ဝန်းချပ်ရေ ၁၀ သန်းနီးပါးရောင်းချခဲ့ရပြီး ဗြိတိန်အရောင်းရဆုံးစာရင်းတွင် နံပါတ်၁ နှင့် အမေရိကန်တွင် နံပါတ် ၂ ချိတ်ခဲ့သည်။ ဗြိတိန်တွင် ပလက်တီနမ် ခြောက်ကြိမ်နှင့်အမေရိကန်တွင်နှစ်ကြိမ်ရရှိသည်အထိ အောင်မြင်ခဲ့သည်။ အေမီသည်၂၀၀၇ ခုနှစ်တွင် ဘလိတ်ဖီလ်ဒါစီဗစ်နှင့် လက်ထပ်ခဲ့ပြီး အိမ်ထောင်ရေး အဆင်မပြေမှုကြောင့် ၂၀၀၉ ခုနှစ်တွင် ကွာရှင်းခဲ့သည်။ အေမီသည် ၂၀၁၁ ခုနှစ် နွေဦးရာသီတွင် ဥရောပဖျော်ဖြေရေး အစီအစဉ်များရှိသော်လည်း ဇွန်လ ၁၈ ရက်တွင် ဆားဗီးယား၌ ဖျော်ဖြေပွဲပြုလုပ်ရာ အရက်အလွန်အကျွံ သောက်စားထားသဖြင့်အဆင်မပြေမှုဖြစ်ရာမှ ယင်းဖျော်ဖြေရေးအစီအစဉ်များကို ရပ်ဆိုင်းခဲ့ရသည်။ ပေါ့ပ်ဂီတလောက၏ စံပြပုဂ္ဂိုလ်တစ်ဦးဖြစ်သူ အေမီသည်လန်ဒန်မြောက်ပိုင်းကမ်ဒင်မြို့ရှိ နေအိမ်တွင် ဇူလိုင်လ ၂၃ ရက်၊ အသက်၂၇ နှစ်အရွယ်တွင် လန်ဒန်မြို့၌ အရက်အလွန်အကျွံသောက်သုံးခဲ့သောကြောင့် ကွယ်လွန်သည်။ အေမီဝိုင်းဟောက်စ်ကို (အသက် ၂၇ နှစ်အရွယ်တွင် သေဆုံးခဲ့ သော ထင်ရှားသည့်ရော့ခ် အဆိုတော်များအတွက်ဖွဲ့စည်းထားသည့်) 27 Clubတွင် ထည့်သွင်းခဲ့သည်။[၅]အေမီ ဝိုင်းဟောက်စ် (Amy Winehouse) (၁၄ စက်တင်ဘာ ၁၉၈၃ - ၂၃ ဇူလိုင် ၂၀၁၁) သည် R&B၊ soul၊ jazz စသည့် ဂီတဟန်များဖြင့် သီဆိုလေ့ရှိသည့် ဗြိတိသျှ တေးရေး၊ တေးဆို တစ်ဦးဖြစ်သည်။ အားမာန်အပြည့်နှင့် အသံနိမ့်ကို ပိုင်ဆိုင်သူအဖြစ် လူသိများသည်။

အေမီ ဝိုင်းဟောက်စ်
Amy Winehouse
ကိုယ်ရေး အချက်အလက်များ
အမည်ရင်းAmy Jade Winehouse[၁]
မွေးဖွား(1983-09-14)၁၄ စက်တင်ဘာ၊ ၁၉၈၃
Southgate, London, England
ကွယ်လွန်၂၃ ဇူလိုင်၊ ၂၀၁၁(2011-07-23) (အသက် ၂၇)
Camden, London, England
ဂီတဟန်Soul[၂], R&B[၂], jazz[၂]
အလုပ်အကိုင်Singer, songwriter
တူရိယာVocals, guitar[၃][၄]
တက်ကြွသည့်နှစ်များ1993, 2003–2011
တေးသံသွင်း ကုမ္ပဏီIsland, Lioness, Universal Republic (U.S.)
ဝက်ဘ်ဆိုက်amywinehouse.com

သူမ၏ ဗွေဆော်ဦး တေးအယ်လ်ဘမ် Frank ကို ၂၀၀၃ ခုနှစ်တွင် ထုတ်ဝေခဲ့ပြီး အောင်မြင်မှုများ ရရှိခဲ့သည်။ ၂၀၀၆ ခုနှစ်တွင် ဖြန့်ချိသည့် ဒုတိယ အယ်လ်ဘမ် Back to Black ဖြင့် သူမသည် ဂရမ်မီဆုကြီး ၅ ခုကို ဆွတ်ခူးခဲ့ရာ ဆု ၅ ခုရသည့် ပထမဦးဆုံးသော ဗြိတိသျှ အမျိုးသမီး တေးသံရှင်အဖြစ် မှတ်တမ်းတင်နိုင်ခဲ့သည်။

ဂီတအပိုင်းတွင် ပါရမီရှိကာ အောင်မြင်သော်လည်း အေမီ ဝိုင်းဟောက်စ်သည် မိမိ၏ လက်တွေ့ဘဝ အပိုင်းတွင်မူ အရက်နှင့် မူးယစ်ဆေးဝါး သုံးစွဲမှု ပြဿနာများနှင့် ရင်ဆိုင်ခဲ့ရသူ ဖြစ်သည်။ သူမသည် ၂၀၁၁ ခုနှစ် ဇူလိုင်လ ၂၃ ရက်နေ့တွင် လန်ဒန်မြို့ရှိ နေအိမ်၌ ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်တွင် အသက် ၂၇ နှစ်သာ ရှိသေးသည်။ [၆]

ကိုးကား

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်မြန်မာနိုင်ငံနှစ်ဆန်းတစ်ရက်နေ့သင်္ကြန်မင်းအောင်လှိုင်လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)မေတ္တသုတ်ရှစ်ပါးသီလပရိတ်ကြီး ၁၁ သုတ်အောင်ဆန်းစုကြည်ကိုးပါးသီလအောင်ဆန်းအောင်လပဋ္ဌာန်းလွတ်လပ်ရေးကြေညာစာတမ်းမဟာသမယသုတ်ရတနသုတ်တပ်မတော် (ကြည်း)အော်ကာတပ်မတော်ဘုရားဂုဏ်တော်ဘာဂျာမှုတ်ခြင်းဂေါတမဗုဒ္ဓမြန်မာပိတောက်ငါးပါးသီလဥပုသ်ဒုတိယ ကမ္ဘာစစ်စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)ကျန်စစ်သားမိန်းမ မျိုးပွားအင်္ဂါဆယ်ပါးသီလမြန်မာနိုင်ငံရှိ မြို့များမင်္ဂလသုတ်သင်္ကြန်မိုးဂျပန်နိုင်ငံမထိုးသွင်းသော လိင်ဆက်ဆံခြင်းမြန်မာ သက္ကရာဇ်ပုဂံ