အောက်စဖို့ဒ် အင်္ဂလိပ် အဘိဓာန်

အောက်စဖို့ဒ် အင်္ဂလိပ် အဘိဓာန် (အင်္ဂလိပ်: Oxford English Dictionary; OED) သည် "အောက်စဖို့ဒ်တက္ကသိုလ် ပုံနှိပ်လုပ်ငန်း"က ထုတ်ဝေဖြန့်ချိသော အင်္ဂလိပ်ဘာသာစကားဆိုင်ရာ သမိုင်းဝင် အဘိဓာန်ကြီးတစ်ခုဖြစ်သည်။ ကမ္ဘာအနှံ့သုံးစွဲကြသော ဝေါဟာရမူကွဲများကို ဖော်ပြထားခြင်း၊ ပညာရှင်များ၊ တက္ကသိုလ် သုတေသနသမားများအတွက် ကျယ်ပြန့်စုံလင်သော မှီငြမ်းကိုးကားမှုများ ထောက်ပံ့ပေးထားခြင်းများအပါအဝင် အင်္ဂလိပ်ဘာသာစကား၏ သမိုင်းတလျှောက် ဖြစ်ပေါ်တိုးတက်လာမှုများကိုလည်း ဇာစ်မြစ်ကောက် ခြေရာလိုက်ထားပေးသည်။[၂][၃]

Oxford English Dictionary
Seven of the twenty volumes of the printed second edition of The Oxford English Dictionary (1989)
နိုင်ငံယူနိုက်တက်ကင်းဒမ်း
ဘာသာစကားအင်္ဂလိပ်
ထုတ်ဝေသူအောက်စဖို့ဒ်တက္ကသိုလ် ပုံနှိပ်လုပ်ငန်း
ထုတ်ဝေခဲ့၁၈၈၄–၁၉၂၈ (ပထမမူ)
၁၉၈၉ (ဒုတိယမူ)
တတိယမူသည် ပ့င်ဆင်နေဆဲ[၁]
ဝက်ဘ်ဆိုဒ်www.oed.com

ဤအဘိဓာန်ကို ၁၈၅၇ မှ စတင်ဆောင်ရွက်ခဲ့ကြသော်လည်း ၁၈၈၄ ကျမှသာလျှင် ပထမဆုံးစာအုပ်ကို အဖုံးမပါသည့်ပုံစံဖြင့် စတင်ခုတ်ဝေနိုင်ခဲ့သည်။ သို့ရာတွင် အဘိဓာန်လုပ်ငန်းကိုကား "A New English Dictionary on Historical Principles; Founded Mainly on the Materials Collected by The Philological Society" အမည်ဖြင့် ဆက်လက် အကောင်ထည်ဖော်နေဆဲဖြစ်၏ ။ ၁၈၉၅ တွင် The Oxford English Dictionary ကို စာအုပ်အတွဲများ၏အဖုံးတွင် တရားဝင်မဟုတ်သည့်ပုံစံဖြင့် ပထမဆုံး စတင်သုံးစွဲခဲ့လေသည်။ ၁၉၂၈ အဘိဓာန်အပြည့်အစုံကို အဖုံးပါ အတွဲ (၁၀) တွဲဖြင့် ဖြန့်ချိခဲ့သည်။ ၁၉၃၃ ရောက်သောအခါ "The Oxford English Dictionary" အမည်ကို ယခင်ထုတ်ဝေခဲ့ကြသော အတွဲ (၁၂) တွဲ နှင့် ဖြည့်စွက်တွဲတစ်ခုတို့၏ အမည်အားလုံးနေရာ၌ အစားထိုးခဲ့ကြ၏ ။ ဖြည့်စွက်တွဲများလည်း ၁၉၈၉ အထိ ထွက်ရှိလာခဲ့၍ ထိုနှစ်တွင်ပင် ဒုတိယမူ (second edition) ကိုထုတ်ဝေခဲ့ကြရာ အတွဲ (၂၀) ၊ စာမျက်နှာပေါင်း ၂၁,၇၂၈ အထိပါဝင်လေသည်။[၁] ၂၀၀၀ ပြည့်နှစ်ကတည်းက တတိယမူကို လုပ်ကိုင်ဆောင်ရွက်ခဲ့ကြပြီး ၂၀၁၈ အရောက်တွင် တစ်ဝက်ခန့်ပြီးစီးခဲ့ကြသည်။[၁]

ပထမဆုံး ဒီဂျစ်တယ်မူ (အီလက်ထရောနစ်) ကို ၁၉၈၈ တွင် ဖြစ်မြောက်အောင် ဆောင်ရွက်ခဲ့ကြ၍ အွန်လိုင်းမူကို ၂၀၀၀ ပြည့်နှစ်ကတည်းက အသုံးပြုနိုင်ခဲ့လေရာ ၂၀၁၄ ဧပြီ၌ တစ်လလျှင် ဝင်ရောက်ကြည့်ရှုလေ့လာသူ နှစ်သန်းကျော်ရှိခဲ့၏ ။ တတိယမူကို ဒီဂျစ်တယ်မူ (အီလက်ထရောနစ်) ပုံစံဖြင့်သာ ပေါ်ပေါက်လာနိုင်ဖွယ်ရှိသည်။ အကြောင်းမှာ အောက်စဖို့ဒ်တက္ကသိုလ် အမှုဆောင်အရာရှိချုပ်က ပုံနှိပ်ရန် အလားအလာမရှိဟု ဆိုသောကြောင့်ဖြစ်သည်။[၁][၄][၅]

ကိုးကား

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်မြန်မာနိုင်ငံနှစ်ဆန်းတစ်ရက်နေ့သင်္ကြန်မင်းအောင်လှိုင်လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)မေတ္တသုတ်ရှစ်ပါးသီလပရိတ်ကြီး ၁၁ သုတ်အောင်ဆန်းစုကြည်ကိုးပါးသီလအောင်ဆန်းအောင်လပဋ္ဌာန်းလွတ်လပ်ရေးကြေညာစာတမ်းမဟာသမယသုတ်ရတနသုတ်တပ်မတော် (ကြည်း)အော်ကာတပ်မတော်ဘုရားဂုဏ်တော်ဘာဂျာမှုတ်ခြင်းဂေါတမဗုဒ္ဓမြန်မာပိတောက်ငါးပါးသီလဥပုသ်ဒုတိယ ကမ္ဘာစစ်စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)ကျန်စစ်သားမိန်းမ မျိုးပွားအင်္ဂါဆယ်ပါးသီလမြန်မာနိုင်ငံရှိ မြို့များမင်္ဂလသုတ်သင်္ကြန်မိုးဂျပန်နိုင်ငံမထိုးသွင်းသော လိင်ဆက်ဆံခြင်းမြန်မာ သက္ကရာဇ်ပုဂံ