ဥရောပအနုမြူစွမ်းအင်အဖွဲ့

နိုင်ငံတကာ အဖွဲ့အစည်း

၁၉၅၇ ခုနှစ် မတ်လ ၂၅ ရက်နေ့က အီတလီ နိုင်ငံ ရောမမြို့တွင် ချုပ်ဆိုခဲ့သည့် စာချုပ်အရ ၁၉၅၈ ခုနှစ်ဇန်နဝါရီလ ၁ ရက်နေ့တွင် ဥရောပ အနုမြူစွမ်းအင်အဖွဲ့ကို ဖွဲ့စည်းခဲ့သည်။ အဖွဲ့၏ ရည်ရွယ်ချက်မှာ အနုမြူစွမ်းအင်ကို ငြိမ်းချမ်းစွာပူးပေါင်း အသုံးချရေးပင် ဖြစ်၏။ အဖွဲ့သည် အနုမြူစွမ်းအင်ကို စစ်ရေးအတွက် အသုံးချရေး ဆောင်ရွက်ချက်များနှင့် လုံးဝမပတ်သက်ပေ။ အဖွဲ့ဝင်နိုင်ငံများအား အနုမြူစွမ်းအင်ကို စစ်ရေး ကိစ္စတွင် အသုံးမပြုရန်လည်း ပိတ်ပင်တားမြစ်ထားသည်။


ဥရောပ အနုမြူစွမ်းအင်အဖွဲ့သည် ဗြိတိန်နှင့်အမေရိကန်ပြည်ထောင်စုတို့မှ အနုမြူစွမ်းအင် အဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ရေး သဘောတူ စာချုပ်များ ချုပ်ဆိုထားသည်။ ဥရောပအနုမြူစွမ်းအင် အဖွဲ့တွင် အဖွဲ့ဝင်အဖြစ် ဘယ်လဂျီယမ်၊ ပြင်သစ်၊ နယ်သာလန်၊ အနောက်ဂျာမနီ၊ အီတလီနှင့် လူဇင်ဗတ် နိုင်ငံတို့ပါဝင်ပြီး အဖွဲ့၏ဌာနချုပ်ကို ဗဲလဂျီယမ်နိုင်ငံ ဗရပ်ဆဲမြို့တွင်ထားရှိသည်။

ဥရောပ အနုမြူစွမ်းအင် အဖွဲ့၏ လက်အောက်တွင် အဖွဲ့ဝင်ငါးဦး ပါဝင်သည့် ကော်မရှင်အဖွဲ့၊ အဖွဲ့ ဝင် ၂ဝ ပါဝင်သည့် သိပ္ပံနှင့် စက်မှုကော်မတီ၊ အဖွဲ့ဝင် ၁ဝ၁ ဦးပါဝင်သည့် စီးပွားရေးကော်မတီနှင့် အဖွဲ့ဝင်ခြောက်ဦးပါဝင်သည့် ဝန်ကြီးများကောင်စီတို့ရှိသည်။ ဝန်ကြီးများ ကောင်စီသည် ဆုံးဖြတ်ချက် ချမှတ်နိုင်သော အာဏာပိုင်အဖွဲ့ပင်ဖြစ်သည်။[၁]

ကိုးကား

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်မြန်မာနိုင်ငံနှစ်ဆန်းတစ်ရက်နေ့သင်္ကြန်မင်းအောင်လှိုင်လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)မေတ္တသုတ်ရှစ်ပါးသီလပရိတ်ကြီး ၁၁ သုတ်အောင်ဆန်းစုကြည်ကိုးပါးသီလအောင်ဆန်းအောင်လပဋ္ဌာန်းလွတ်လပ်ရေးကြေညာစာတမ်းမဟာသမယသုတ်ရတနသုတ်တပ်မတော် (ကြည်း)အော်ကာတပ်မတော်ဘုရားဂုဏ်တော်ဘာဂျာမှုတ်ခြင်းဂေါတမဗုဒ္ဓမြန်မာပိတောက်ငါးပါးသီလဥပုသ်ဒုတိယ ကမ္ဘာစစ်စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)ကျန်စစ်သားမိန်းမ မျိုးပွားအင်္ဂါဆယ်ပါးသီလမြန်မာနိုင်ငံရှိ မြို့များမင်္ဂလသုတ်သင်္ကြန်မိုးဂျပန်နိုင်ငံမထိုးသွင်းသော လိင်ဆက်ဆံခြင်းမြန်မာ သက္ကရာဇ်ပုဂံ