ဥရောပ အာကာသ အေဂျင်စီ

2°18′15″E / 48.8482°N 2.3042°E / 48.8482; 2.3042

ဥရောပ အာကာသ အေဂျင်စီ (ESA; ပြင်သစ်: Agence spatiale européenne, ASE) သည် အာကာသစူးစမ်းလေ့လာရေးအတွက် ရည်ရွယ်ပြီး ဖွဲ့စည်းထားသော နိုင်ငံတကာ အဖွဲ့အစည်းဖြစ်ကာ ၁၉၇၅ ခုနှစ်တွင် အဖွဲ့ဝင် ၂၂ နိုင်ငံဖြင့် ဖွဲ့စည်းခဲ့သည်။ ဌာနချုပ်သည် ပြင်သစ်နိုင်ငံ ပဲရစ်မြို့တွင် တည်ရှိပြီး ဝန်ထမ်းအင်အား ၂၀၀၀ ရှိပြီး[၃] နှစ်စဉ် ဘက်ဂျက်ကုန်ကျငွေမှာ €၅.၂၅ ဘီလီယံ / US$၅.၇၇ ဘီလီယံ (၂၀၁၆) ဖြစ်သည်။

အတိုကောက်
  • ESA
  • ASE
ပိုင်ဆိုင်သူ
တည်ထောင်မေ ၃၀၊ ၁၉၇၅; ၄၈ နှစ် အကြာက (၁၉၇၅-၀၅-30)
ဌာနချုပ်ပဲရစ်မြို့၊ Île-de-France၊ ပြင်သစ်။
ပင်မ အာကာသဆိပ်ကမ်းGuiana Space Centre
စီမံခန့်ခွဲသူJohann-Dietrich Wörner
ညွန်ကြားရေးမှူး
ဘက်ဂျက်Increase € 5.25 billion (2016)[၁]
တရားဝင် ဘာသာစကားအင်္ဂလိပ်၊ ပြင်သစ်၊ ဂျာမန်[၂]
ဝဘ်ဆိုဒ်esa.int
ဂျာမနီနိုင်ငံ၊ ဒါမက်စတပ်မှ ESA Mission Control
ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှ ESA ဌာနချုပ်

ESA ၏ အာကာသပျံသန်းရေး စီမံကိန်းတွင် လူသားများလိုက်ပါခြင်းစီမံကိန်း ပါဝင်ပြီး ပင်မရည်ရွယ်ချက်မှာ နိုင်ငံတကာ အာကာသ စခန်းသို့ ပူးပေါင်းပါဝင်ခြင်း ဖြစ်သည်။ လူသားမဲ့ အာကာသယာဉ်များ စေလွှတ်ခြင်းများမှာ လကမ္ဘာ၊ ကမ္ဘာမြေစူးစမ်းရေး၊ သိပ္ပံနှင့်ဆက်သွယ်ရေးနည်းပညာ၊ ယာဉ်များအား ဒီဇိုင်းဆွဲပစ်လွှတ်တင်ခြင်း၊ အာကာသယာဉ်များအား ပြုပြင်ထိန်းသိမ်းခြင်းများ ဖြစ်သည်။ အဖွဲ့အစည်း၏ အောက်ပါ သုတေသန ၅ ချက်ကို ဆောင်ရွက်လျက်ရှိသည်။


  • ESA ၏ သိပ္ပံ စီမံကိန်းများအား နယ်သာလန်နိုင်ငံတွင် အခြေစိုက်သည်။
  • ကမ္ဘာမြေ လေ့လာစောင့်ကြည့်ရေး စီမံကိန်းအား အီတလီနိုင်ငံတွင် အခြေစိုက်သည်။
  • ESA စီမံကိန်း ထိန်းချုပ်စခန်းမှာ ဂျာမနီနိုင်ငံတွင် ဖြစ်သည်။
  • ဥရောပ အာကာသယာဉ်မှူးများစခန်းကိုမူ ဂျာမနီနိုင်ငံ ကိုလိုဂျိန်မြို့တွင် တည်ရှိပြီး
  • ဥရောပ အာကာသ နက္ခတ္တအသင်း (ESAC) သည် စပိန်နိုင်ငံတွင် တည်ရှိသည်။


ကိုးကား

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်မြန်မာနိုင်ငံနှစ်ဆန်းတစ်ရက်နေ့သင်္ကြန်မင်းအောင်လှိုင်လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)မေတ္တသုတ်ရှစ်ပါးသီလပရိတ်ကြီး ၁၁ သုတ်အောင်ဆန်းစုကြည်ကိုးပါးသီလအောင်ဆန်းအောင်လပဋ္ဌာန်းလွတ်လပ်ရေးကြေညာစာတမ်းမဟာသမယသုတ်ရတနသုတ်တပ်မတော် (ကြည်း)အော်ကာတပ်မတော်ဘုရားဂုဏ်တော်ဘာဂျာမှုတ်ခြင်းဂေါတမဗုဒ္ဓမြန်မာပိတောက်ငါးပါးသီလဥပုသ်ဒုတိယ ကမ္ဘာစစ်စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)ကျန်စစ်သားမိန်းမ မျိုးပွားအင်္ဂါဆယ်ပါးသီလမြန်မာနိုင်ငံရှိ မြို့များမင်္ဂလသုတ်သင်္ကြန်မိုးဂျပန်နိုင်ငံမထိုးသွင်းသော လိင်ဆက်ဆံခြင်းမြန်မာ သက္ကရာဇ်ပုဂံ