၂၀၁၅ ဟိန္ဒူကွတ် ငလျင်

၂၀၁၅ ဟိန္ဒူကွတ် ငလျင် သည် ပြင်းအား ၇.၅ မဂ္ဂနီကျူ့ရှိ မြေငလျင်တစ်ခုဖြစ်ပြီး[၁] [၂][၃] ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၂၆ ရက်နေ့ ၁၃:၃၉ AFT၊ ၁၄:၀၉ PKT၊ ၁၄:၃၉ IST (၀၉:၀၉ UTC) အချိန်များတွင် တောင်အာရှတွင် လှုပ်ခတ်သွားခဲ့သည်။[၁][၂][၅] ငလျင်ဗဟိုချက်မှာ အာဖဂန်နစ္စတန်နိုင်ငံ Koran va Monjan ကျေးရွာ၏ မြောက်ဘက် ၄၅ ကီလိုမီတာအကွာတွင် ဖြစ်ပြီး[၆][၇] မြေအောက်အနက် ၂၁၀ ကီလိုမီတာတွင် ဖြစ်သည်။[၃] ပင်မငလျင်လှုပ်သွားပြီး မိနစ် ၄၀ ခန့်အကြာတွင် ၄.၈ မဂ္ဂနီကျူ့ရှိ နောက်ဆက်တွဲငလျင်တစ်ခု ထပ်မံလှုပ်ခတ်သွားခဲ့သည်။[၈][၉] အောက်တိုဘာ ၂၉ ရက်နေ့အထိ ၄.၁ မဂ္ဂနီကျူ့နှင့်အထက် ပြင်းအားရှိသော နောက်ဆက်တွဲငလျင်ပေါင်း ၁၃ ကြိမ် လှုပ်ခတ်ခဲ့ပြီးဖြစ်သည်။[၄]

၂၀၁၅ ဟိန္ဒူကွတ် ငလျင်
ငလျင်မြေပုံ
UTC အချိန်??
ရက်စွဲ *၂၆ အောက်တိုဘာ ၂၀၁၅ (၂၀၁၅-၁၀-၂၆)
မူလ အချိန် *၁၃:၃၉ AFT၊ ၁၄:၀၉ PKT၊ ၁၄:၃၉ IST (၀၉:၀၉ UTC) [၁][၂]
အတိုင်းအတာ၇.၅ Mw[၁][၂][၃]
အနက်၂၁၂.၅ km (၁၃၂.၀ mi)[၁]
ငလျင်ဗဟို36°26′28″N 70°43′01″E / 36.441°N 70.717°E / 36.441; 70.717[၁] အာဖဂန်နစ္စတန်နိုင်ငံ
သက်ရောက်ဧရိယာ
အများဆုံးပြင်းအားVI (ပြင်းထန်)
Aftershocks၄.၁+ အထက် ၁၄ ကြိမ်[၄]
ထိခိုက်သေကြေမှုများ၃၉၁ ဦးသေဆုံး၊ ၂,၆၈၁ ဒဏ်ရာရ
Deprecated See documentation.

အောက်တိုဘာလ ၂၆ ရက်နေ့အထိ လူပေါင်း ၃၉၁ ဦးသေဆုံးခဲ့ပြီး အများစုမှာ ပါကစ္စတန်နိုင်ငံမှ ဖြစ်ကြောင်း သတင်းများထုတ်ပြန်ထားသည်။[၁၀] ငလျင်တုန်ခါမှုများကို ပါကစ္စတန်နိုင်ငံ၊ တာဂျစ်ကစ္စတန်နိုင်ငံနှင့် ကာဂျစ္စတန်နိုင်ငံများတွင် ခံစားခဲ့ကြရသည်။[၁၁][၁၂][၁၃] အမေရိကန်ပြည်ထောင်စု ဘူမိဗေဒမြေတိုင်းဌာန၏ ထုတ်ပြန်ချက်များအရ ပါကစ္စတန်နိုင်ငံသည် အဓိကမြေငလျင်လှုပ်သွားသည့် နေရာထဲတွင် အများဆုံးပါဝင်နေသည်။[၁၄] မြေငလျင်လှုပ်ခတ်မှုကို နယူးဒေလီမြို့ နှင့် ဂျမ်မူး နှင့် ကက်ရှမီးယားပြည်နယ်၊ နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ရှင်းကျန်းပြည်နယ်ရှိ Kashgar, Aksu, Hotan, နှင့် Kizilsu စီရင်စုနယ်များတွင်ပါ ခံစားခဲ့ကြရသည်။ အာဖဂန်နစ္စတန်နိုင်ငံ၏ မြို့တော် ကဘူးလ်မြို့တွင် ထိခိုက်ပျက်စီးမှုများ ရှိခဲ့သည်။[၁၀][၁၅] အလားတူ နီပေါနိုင်ငံမြို့တော် ခတ္တမန္ဒူမြို့တွင်လည်း ငလျင်တုန်ခါမှုကို ခံစားခဲ့ကြရပြီး လူအများမှာ ဧပြီ ၂၀၁၅ နီပေါ ငလျင်၏ နောက်ဆက်တွဲငလျင်တစ်ခုဟု ထင်မှတ်နေခဲ့ကြသည်။

၈၇,၃၅၁ ဦးသေဆုံးပြီး ၇၅,၂၆၆ ဦးဒဏ်ရာရရှိခဲ့ကာ လူဦးရေ ၂.၈ သန်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသော ၂၀၀၅ အောက်တိုဘာလတွင် နောက်ဆုံးလှုပ်ခတ်သွားခဲ့သည့် ပြင်းအား ၇.၆ မဂ္ဂနီကျူ့ရှိသော ဒေသတူ ငလျင်ကြီး လှုပ်ခတ်ခဲ့ပြီး ဆယ်နှစ်အတိအကျအကြာ ယခုငလျင် လှုပ်ခတ်သွားခြင်းဖြစ်သည်။ ငလျင်နှစ်ခုအကြား သိသာထင်ရှားသည့် ခြားနားမှုမှာ မြေငလျင်အနက်ဖြစ်ပြီး ၂၀၀၅ ငလျင်မှာ ၁၅ ကီလိုမီတာအနက်တွင် ဖြစ်ပြီး ယခုငလျင်မှာ ၂၁၂.၅ ကီလိုမီတာအနက်တွင် ဖြစ်သည့်အတွက် မျက်နှာပြင်ထိခိုက်မှု နည်းပါးစေခဲ့သည်။

နောက်ခံအချက်အလက်

အိန္ဒိယတိုက်ငယ်၏ ဟိမဝန္တာ တောင်တန်းဒေသများသည် ကျောက်လွှာချပ်ကြီးများ၏ တိုက်မိခြင်းကြောင့် အပျက်အစီးကြီးစေသည့် ငလျင်များကို ဖြစ်ပေါ်စေနိုင်သည်။[၁] နီပေါနိုင်ငံ၏ နှစ် ၈၀ အတွင်း အဆိုးရွားဆုံး ငလျင်ဖြစ်သည့် ဧပြီ ၂၀၁၅ တွင် လှုပ်ခတ်သည့် ငလျင်သည် လူပေါင်း ၉,၀၀၀ ကို သေဆုံးစေခဲ့သည်။ ၂၀၀၅ ခုနှစ်တွင်လည်း ကက်ရှမီးယားဒေသကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့သော ငလျင်ကြီးကြောင့် လူပေါင်း သောင်းချီသေဆုံးခဲ့ရသေးသည်။[၁၆]

မြေငလျင်

ပင်မငလျင်သည် ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၂၆ ရက်နေ့ ၁၃:၃၉ AFT၊ ၁၄:၀၉ PKT၊ ၁၄:၃၉ IST (၀၉:၀၉ UTC) အချိန်များတွင်[၁][၂] အာဖဂန်နစ္စတန်နိုင်ငံ ဖဇာဘတ်မြို့၏ အရှေ့တောင်ဘက် ၈၂ ကီလိုမီတာအကွာ၊ မြေအနက် ၂၁၂.၅ ကီလိုမီတာကို ဗဟိုပြုကာ လှုပ်ခတ်သွားခဲ့သည်။ အမေရိကန်ပြည်ထောင်စု ဘူမိဗေဒမြေတိုင်းဌာန (USGS) ၏ ကနဦးတိုင်းထွာချက်အရ ငလျင်၏ ပြင်းအားမှာ ၇.၇ ရှိပြီး ၇.၆ သို့ ကျဆင်းသွားကာ နောက်ပိုင်းတွင် ၇.၅ ဖြစ်သွားခဲ့သည်။ ပါကစ္စတန်နိုင်ငံ မိုးလေဝသဌာနကမူ မြေငလျင်၏ မဂ္ဂနီကျူ့မှ ၈.၁ ရှိသည်ဟု ဆိုသည်။[၁၇] USGS ၏အဆိုအရ မြေငလျင်ဗဟိုသည် ချစ်ထရွယ်မြို့မှ ၆၇ ကီလိုမီတာအကွာတွင် ဖြစ်သည်။[၁၈][၁၉][၂၀]

ထိခိုက်သေဆုံးမှုများ

နိုင်ငံအလိုက် ထိခိုက်သေဆုံးမှုများ
နိုင်ငံသေဆုံးဒဏ်ရာရရည်ညွှန်း
 ပါကစ္စတန်၂၇၂၂,၁၂၃[၂၁][၂၂]
 အာဖဂန်နစ္စတန်၁၁၅၅၃၈[၁၀][၂၃]
 အိန္ဒိယ၂၀[၂၄]
စုစုပေါင်း၃၉၁၂,၆၈၁

အာဖဂန်နစ္စတန်နိုင်ငံတွင် လူပေါင်း ၁၁၅ ဦးသေဆုံးခဲ့ပြီး သေဆုံးသူများထဲတွင် ဂျလာလာဘတ်မြို့တွင် ၅ ဦး၊ တပ်ခါပြည်နယ်ရှိ ကျောင်းတွင် ငလျင်လှုပ်ခြင်းကြောင့် ထွက်ပြေးကြရာမှ အသက် ၁၀ နှစ်မှ ၁၅ နှစ်အရွယ် ကျောင်းသူ ၁၂ ဦး သေဆုံးခဲ့ရသည်။[၂၃][၂၅][၂၆]

ငလျင်ကြောင့် ပါကစ္စတန်နိုင်ငံတွင် အနည်းဆုံးလူ ၂၆၈ ဦးသေဆုံးခဲ့ကြပြီး[၂၁] ငလျင်တုန်ခါမှုကို မြို့ကြီးအများစုတွင် ခံစားခဲ့ကြရသည်။ ဆွက်ခရိုင်တွင် ဒဏ်ရာရရှိသူ အနည်းဆုံးလူ ၁၉၄ ဦးကို ဆေးရုံတင်ပို့ခဲ့ရပြီး ပီရှဝါမြို့တွင် ၁၀၀ ကျော်ကို ဆေးရုံတင်ပို့ခဲ့ရသည်။ Gilgit-Baltistan နှင့် Khyber Pakhtunkhwa ပြည်နယ်များတွင် နေရာအနှံ့ ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည်။ Khyber Pakhtunkhwa ပြည်နယ်ရှိ ထိခိုက်ပျက်စီးမှု အများဆုံးနေရာဒေသများမှာ Shangla, Lower Dir, Upper Dir, Swat နှင့် Chitral မြို့များဖြစ်ကြသည်။[၂၇]

အိန္ဒိယနိုင်ငံ ဂျမ်မူး နှင့် ကက်ရှမီးယားပြည်နယ်တွင် လူလေးဦးသေဆုံးခဲ့ရသည်။ ဒေလီမြို့တော် မက်ထရို ပြောရေးဆိုခွင့်ရှိသူက “၁၉၀ လောက်ရှိတဲ့ ပြေးလမ်းပေါ်က ရထားတွေအားလုံး ငလျင်လှုပ်ချိန်မှာ ရပ်ထားလိုက်ရပါတယ်" ဟု ဆိုသည်။ မိုဘိုင်းဖုန်းများလည်း နာရီအတော်ကြာ လိုင်းကြပ်တည်းမှုများ ဖြစ်ပေါ်ခဲ့သည်။[၉]

ကယ်တင်ရေးနှင့် အကူအညီများ

 ပါကစ္စတန်

ပါကစ္စတန် ဝန်ကြီးချုပ် နာဝါရှရစ်က ပြည်ထောင်စု၊ ပြည်သူ၊ စစ်တပ်နှင့် ပြည်နယ်အေဂျင်စီများအား ချက်ခြင်း အသင့်အနေအထား ရှိစေရန်နှင့် ပါကစ္စတန်နိုင်ငံသားများ၏ လုံခြုံမှုကို သေချာစေရန် ဆော်ဩညွှန်ကြားခဲ့သည်။ ပြည်သူ့ဆက်ဆံရေးဝန်ဆောင်မှုဌာန အဆိုအရ ဗိုလ်ချုပ်ကြီး ရာဟီးရှရစ်သည် စစ်သည်များအား ဘေးသင့်ဒေသမှ ပြည်သူများအား အမိန့်တစုံတရာ စောင့်ဆိုင်းမနေပဲ ကယ်တင်ကြရန် ညွှန်ကြားခဲ့ကြောင်း ဆိုသည်။[၁၈][၁၉]

 အာဖဂန်နစ္စတန်

အာဖဂန်နစ္စတန်နိုင်ငံ၏ CEO ဖြစ်သူ အဘဒူလာ အဘဒူလာသည် ဘေးအန္တရာယ်ကို တုံ့ပြန်နိုင်ရန် အကြီးတန်းအရာရှိများအား အရေးပေါ်အစည်းအဝေးခေါ်ယူခဲ့သည်။[၂၈]

 အိန္ဒိယ

အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် နာရမ်ဒရာ မိုဒီ က အာဖဂန်နစ္စတန်နိုင်ငံ သမ္မတ အဆာရပ်ဖ် ဂမ်နီ နှင့် ပါကစ္စတန်နိုင်ငံ ဝန်ကြီးချုပ် နာဝါရှရစ်တို့ထံ ဆက်သွယ်ကာ အကူအညီကမ်းလှမ်းခဲ့သည်။[၁၀][၂၉]

 ကုလသမဂ္ဂ

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ကုလသမဂ္ဂ၏ အေဂျင်စီများအား ပါကစ္စတန်နှင့် အာဖဂန်နစ္စတန် သို့ ကူညီကယ်ဆယ်ရေး ဆောင်ရွက်ရန် ဆော်ဩခဲ့သည်။[၃၀]

အခြားကြည့်ရန်

ကိုးကား

ပြင်ပလင့်ခ်များ

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်မြန်မာနိုင်ငံနှစ်ဆန်းတစ်ရက်နေ့သင်္ကြန်မင်းအောင်လှိုင်လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)မေတ္တသုတ်ရှစ်ပါးသီလပရိတ်ကြီး ၁၁ သုတ်အောင်ဆန်းစုကြည်ကိုးပါးသီလအောင်ဆန်းအောင်လပဋ္ဌာန်းလွတ်လပ်ရေးကြေညာစာတမ်းမဟာသမယသုတ်ရတနသုတ်တပ်မတော် (ကြည်း)အော်ကာတပ်မတော်ဘုရားဂုဏ်တော်ဘာဂျာမှုတ်ခြင်းဂေါတမဗုဒ္ဓမြန်မာပိတောက်ငါးပါးသီလဥပုသ်ဒုတိယ ကမ္ဘာစစ်စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)ကျန်စစ်သားမိန်းမ မျိုးပွားအင်္ဂါဆယ်ပါးသီလမြန်မာနိုင်ငံရှိ မြို့များမင်္ဂလသုတ်သင်္ကြန်မိုးဂျပန်နိုင်ငံမထိုးသွင်းသော လိင်ဆက်ဆံခြင်းမြန်မာ သက္ကရာဇ်ပုဂံ