နာဆာ

အမေရိကန်ဖယ်ဒရယ်အစိုးရ၏အာကာသအဖွဲ့

အတိုကောက်အားဖြင့် နာဆာ ခေါ် အမျိုးသား အာကာသနှင့် လေကြောင်း ဦးစီးဌာန (National Aeronautics and Space Administration, NASA) သည် အမေရိကန်၏ အာကာသ စီမံကိန်းများအတွက် တာဝန်ရှိသည့် အစိုးရအပိုင် ဌာနတစ်ခုဖြစ်သည်။ နာဆာအား ၁၉၅၈ ခုနှစ် ဇူလိုင်လ ၂၉ ရက်နေ့တွင် အတည်ပြုခဲ့သည့် အမျိုးသား အာကာသနှင့် လေကြောင်းဆိုင်ရာ အက်ဥပဒေ အရ တည်ထောင်ခဲ့ပြီး ယခင် လေကြောင်းရေးရာ အမျိုးသား အကြံပေး ကော်မတီအဖွဲ့နေရာတွင် အစားထိုးခဲ့သည်။ ၁၉၅၈ ခုနှစ် အောက်တိုဘာ ၁ ရက်နေ့တွင် စတင်လည်ပတ်သည်။[၃]ထိုအချိန်မှစ၍ အာကာသ စူးစမ်းလေ့လာရေး စီမံကိန်းများကို အကောင်အထည်ဖော်ခဲ့သည်။ လကမ္ဘာသို့ သွားသည့် အပိုလိုမစ်ရှင်နိုင်ငံတကာ အာကာသစခန်း စသည်တို့ ပါဝင်သည်။ အာကာသနှင့် ပက်သတ်သော ပရိုဂရမ်များ အပြင် နာဆာသည် စစ်ရေး နှင့် စစ်ရေးမဟုတ်သော လေကြောင်းနှင့် အာကာသဆိုင်ရာ သုတေသန ရေရှည် သုတေသန လုပ်ငန်းများ နှင့်လည်း သက်ဆိုင်သည်။ နာဆာမှ သိပ္ပံပညာသည် ကမ္ဘာမြေ၏ အကြောင်းကို ကမ္ဘာမြေ လေ့လာစောင့်ကြည့်ရေး စနစ်မှတဆင့် ပိုမို၍သိရှိနားလည်ရန် အဓိက ဦးတည်ချက်ထားသည်။[၄] ထို့အပြင် သိပ္ပံမစ်ရှင် ဒါရိုက်ထရိတ်၏ ဟီလီယိုရူပဗေဒ သုတေသန ပရိုဂရမ်ကို ပိုမိုတိုးတက်စေရန်လည်း ရည်ရွယ်သည်။ [၅] နေအဖွဲ့အစည်း အတွင်းရှိ ရုပ်ဝတ္ထုများကို နယူးဟော်ရီဇုန်ကဲ့သို့သော အဆင့်မြင့် ရိုဘော့မစ်ရှင်များဖြင့် လေ့လာစူးစမ်းခြင်းလည်း ပါဝင်သည်။[၆]

အမျိုးသား အာကာသနှင့် လေကြောင်း ဦးစီးဌာန
အမေရိကန် အစိုးရအစိုးရအဖွဲ့အစည်း
နာဆာ အမှတ်တံဆိပ်
ဆောင်ပုဒ် : For the Benefit of All.[၁]
အစိုးရအဖွဲ့အစည်း အကျဉ်းချုပ်
ဖွဲ့စည်းသည့်အချိန်၁၉၅၈ ဇူလိုင် ၂၉
ဌာနချုပ်ဝါရှင်တန်ဒီစီ
38°52′59″N 77°0′59″W / 38.88306°N 77.01639°W / 38.88306; -77.01639
ဝန်ထမ်းဦးရေ၁၇,၉၀၀
နှစ်စဉ်ဘက်ဂျက်US$17.6 ဘီလီယံ (FY 2009)[၂]
ဌာနအကြီးအမှူးများCharles Bolden, Jr.၊ ဦးစီးမှူး
Lori Garver၊ ဒုဦးစီးမှူး
ဝက်ဘ်ဆိုက်www.nasa.gov


ကိုးကား


🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်မြန်မာနိုင်ငံနှစ်ဆန်းတစ်ရက်နေ့သင်္ကြန်မင်းအောင်လှိုင်လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)မေတ္တသုတ်ရှစ်ပါးသီလပရိတ်ကြီး ၁၁ သုတ်အောင်ဆန်းစုကြည်ကိုးပါးသီလအောင်ဆန်းအောင်လပဋ္ဌာန်းလွတ်လပ်ရေးကြေညာစာတမ်းမဟာသမယသုတ်ရတနသုတ်တပ်မတော် (ကြည်း)အော်ကာတပ်မတော်ဘုရားဂုဏ်တော်ဘာဂျာမှုတ်ခြင်းဂေါတမဗုဒ္ဓမြန်မာပိတောက်ငါးပါးသီလဥပုသ်ဒုတိယ ကမ္ဘာစစ်စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)ကျန်စစ်သားမိန်းမ မျိုးပွားအင်္ဂါဆယ်ပါးသီလမြန်မာနိုင်ငံရှိ မြို့များမင်္ဂလသုတ်သင်္ကြန်မိုးဂျပန်နိုင်ငံမထိုးသွင်းသော လိင်ဆက်ဆံခြင်းမြန်မာ သက္ကရာဇ်ပုဂံ