D.O. (အဆိုတော်)

တောင်ကိုရီးယားအဆိုတော်‌၊တေးရေးနှင့်သရုပ်ဆောင်

D.O (디오) ဟု လူသိများသော တောင်ကိုရီးယား အဆိုတော်၊ သရုပ်ဆောင် ဒိုဂယောင်းဆူ (도경수)  ၁၉၉၃ ခုနှစ် ဇန်နဝါရီလ ၁၂ရက် တွင်မွေးဖွားခဲ့သည်။ သူသည် တောင်ကိုရီးယား-တရုတ် ယောက်ျားလေးအဆိုတော်အဖွဲ့ EXO မှ အဓိကအဆိုတော်တစ်ဦးဖြစ်သည်။ 

D.O
ဒေသခံအမည်도경수
အမည်ရင်းဒိုဂယောင်းဆူ
မွေးဖွား (1993-01-12) ဇန်နဝါရီ ၁၂၊ ၁၉၉၃ (အသက် ၃၁)
ဂိုယန်း  တောင်ကိုရီးယား
ဂီတဟန်
အလုပ်အကိုင်
  • အဆိုတော်
  • သရုပ်ဆောင်
တက်ကြွသည့်နှစ်များ၂၀၁၂ ခုနှစ်မှ ယနေ့ထိ
တေးသံသွင်း ကုမ္ပဏီSM Entertainment (South Korea)
Avex Trax (Japan)
ပူးတွဲ ပါဝင်မှု
  • EXO
  • EXO-K
  • SM Town
ဝက်ဘ်ဆိုက်EXO's official website

အစောပိုင်းဘဝ

ဒိုဂယောင်းဆူကို   ဂိုယန်း၊ ဂိုယန်းဂျီ ပရိုဗင့်၊ ကိုရီယားသမ္မတနိုင်ငံ တွင် ဇန်နဝါရီ ၁၂ ရက် ၁၉၉၃ ခုနှစ်တွင် မွေးဖွားသည်။ သူသည် ဂိုယန်-ပြုံစန်း မူလတန်းကျောင်း၊ ဘတ်ရှင်း အလယ်တန်းကျောင်း၊ ဘစ်ဆောက် အထက်တန်းကျောင်းတွင် ပညာသင်ကြားခဲ့သည်။   သူတွင် ဒိုဆွန်စိုး ဟုသော အကိုတစ်ယောက်ရှိပြီး သူထက် ၃ နှစ်ပိုကြီးသည်။  သူသည်  BTOB အဖွဲ့မှ အဖွဲဝင် လင်မ်ဟွန်ဆစ်နဲ့ တစ်ကျောင်းတည်း တက်ခဲ့ကြသည်။

၂၀၁၀ ခုနှစ်တွင် သူသည် ဒေသတွင်းအဆိုပြိုင်ပွဲတွင် အနိုင်ရရှိပြီး   S.M. Entertainment  ၏ အဆိုပြိုင်ပွဲဝင်ရောက်ရန် မှတ်ချက်ပေးခံခဲ့ရသည်။[၁] နောက်ပိုင်းတွင် အထက်တန်းကျောင်း၏ နောက်ဆုံး ၂ နှစ်အတွင်း သူသည် S.M. Entertainment ၏ သင်တန်းသားတစ်ယောက် ဖြစ်လာခဲ့သည်။ သူသည်  S.M. အဆိုပြိုင်ပွဲ၌  Na Yoon-kwon ၏ "Anticipation" နှင့်  Brown Eyed Soul ၏ "My Story" သီချင်းများကို သီဆို၍ ပြိုင်ပွဲဝင်ခဲ့သည်။[၁]

သက်မွေးမှုလုပ်ငန်း

တကိုယ်တော် လှုပ်ရှားဆောင်ရွက်မှု

၂၀၁၃ ဇူလှိုင်လတွင် ဒိုဂယောင်းဆူ သည် f(x) အဖွဲ့၏ သီချင်းခွေသစ်ဖြစ်သော "Pink Tape" တွင် "Goodbye Summer"ကို ပါဝင်သီဆိုခဲ့သည်။

၂၀၁၄ ခုနှစ်တွင် သူသည် သူ၏ကိုယ်ပိုင်သီချင်းဖြစ်သော  "Tell Me What Is Love" ကို  EXO အဖွဲ့၏ ပထမဆုံး ဖျော်ဖြေပွဲခရီးစဉ် ဖြစ်သော "EXOPLANET: THE LOST PLANET" တွင် သီဆိုခဲ့သည်။

ဒိုဂယောင်းဆူသည် သူ၏ ပွဲဦးထွက် ရုပ်ရှင်အဖြစ်  Cart ရုပ်ရှင်တွင် အထက်တန်းကျောင်းသား ချွိုင်ထယ်ယွန်း အဖြစ် သရုပ်ဆောင်ခဲ့သည်။ သူ၏မိခင်သည် ကုန်ခြောက်စတိုးဆိုင်အကြီးကြီးတွင် အလုပ်လုပ်သည်။ သူ၏မိခင်သည် သူမ၏ အလုပ်မှ မှားယွင်းစွာ အထုတ်ခံရပြီးနောက် သူမသည် သူမ၏ အလုပ်သမားအခွင့်အရေးအတွက် ဖိနှိပ်အုပ်ချုပ်သူများကို ဆန့်ကျင်ရန် ဆုံးဖြတ်ခဲ့သည်။  ထိုရုပ်ရှင်ကို စက်တင်ဘာလတွင် ကျင်းပခဲ့သေ  2014 Toronto International Film Festival တွင် ပွဲဦးထွက် ပြသခဲ့သည်။ ထိုရုပ်ရှင်တွင် ဇာတ်ဝင်သီချင်းဖြစ်သော  "Crying Out" (외침) ကို သီဆိုခဲ့သည်။

အဲဒီနှစ်၏ နောက်ပိုင်းတွင်  SBS ရုပ်သံ၏ It's Okay, That's Love ဒရာမာ ရုပ်သံစီးရီးတွင်  ဟန်ကန်ဂ်ဝူး အဖြစ် ပါဝင် သရုပ်ဆောင်ခဲ့သည်။. [၂]

ဒိုဂယောင်းဆူသည် ၂၀၁၄ ခုနှစ်တွင် ပါဝင် သရုပ်ဆောင်ခဲ့သော သရုပ်ဆောင် အယောက် ၄၀ လောက်ထဲတွင်  ဝေဖန်ရေးသမားများက နံပါတ် ၁ နေရာ ပေးခဲ့ကြသည်။ ဇွန်လ ၂၂ ရက်နေ့တွင် KBS ရုပ်သံလှိုင်းမှ တနင်္လာနေ့နှင့် အင်္ဂါနေ့တွင် ထုတ်လွင့်ပြသသော Hello Monster ရုပ်သံဇာတ်လမ်းတွဲတွင် ပါဝင် သရုပ်ဆောင်ခဲ့သည်။ ထိုရုပ်သံဇာတ်လမ်းတွဲတွင် သူသည် သွေးအေး စိတ္တဇဝေဒနာရှင် အဖြစ် သရုပ်ဆောင်ခဲ့သည်။ သူ၏ သရုပ်ဆောင်မှုများသည် ကြည့်ရှုသူပရိက်သတ်၏ အားပေးမှုများစွာနှင့် အင်တာနက် အသုံးပြုသူများစွာ၏ ချီးမွမ်းခြင်းကို ခံခဲရသည်။ [၃] [၄]

ရုပ်ရှင်မှတ်တမ်း

TV ရုပ်သံဇာတ်လမ်းတွဲများ

ခုနှစ်ဇာတ်လမ်းအမည်ဇာတ်ကောင်
ရုပ်သံလိုင်းမှတ်ချက်
၂၀၁၄It's Okay, That's Loveဟန်ဂန်ဝူးSBSဇာတ်ပို့
၂၀၁၅EXO Next DoorD.O.Naver TV Castဇာတ်ဆောင်
Hello Monsterလီဂျွန်းယန်းဂ်KBS2  ဧည့်သည်သရုပ်ဆောင်(ep. 1-2)
၂၀၁၈100 Days My PrinceWon-deuk / Lee-yultvNဇာတ်ဆောင်

ရုပ်ရှင်

TitleYearRoleNotes
Cart2014Choi Tae-youngSupporting role
Pure Love2016Beom-silLead role
My Annoying BrotherDoo-youngLead role
The Underdog2017Moongchi (voice)Lead role
Along with the GodsWon Il-byung (Private Won)Supporting role
Room 7Tae JungLead role
Swing Kids2018Roh Gi-sooLead role

အခြားရှိုးပွဲများ

ခုနှစ်
အမည်
အခန်းကဏ္ဍရုပ်သံလိုင်း
မှတ်ချက်
၂၀၁၂Happy Campဧည့်သည်
HBS
2013After School Clubဧည့်သည်ArirangEp. 9
Happy Campဧည့်သည်HBS
Challenge 1000 Songsဧည့်သည်SBSချန်ယိုးလ်၊ ချန်နှင့်အတူ
Weekly Idolဧည့်သည်MBCEp. 103 and 108
China Love Big Concertဧည့်သည်
Infinity Challengeအထူးဧည့်သည်MBCEp. 345
Beatles Code 2ဧည့်သည်Mnetရှီမင်၊ ဆူဟို၊ လေး၊ ဘတ်ဟွန်း၊ ဆူဟန် နှင့်အတူ
Running Manဧည့်သည်SBSEp. 171 and 172 (EXO without Chanyeol)
2014Happy Campဧည့်သည်HBSEXO(ခရစ်မှလွဲ၍)
2015Infinity Challengeခတ္တခဏMBCEp. 424

တေးဂီတမှတ်တမ်း

ပူပေါင်းသီဆိုခြင်းနှင့် သီချင်းစပ်ဆိုခြင်း

သီချင်းအမည်ခုနှစ်
Peak chart positionsအယ်လ်ဘမ်
Gaon Chart

[၅]

Baidu Chart

[၆]

Billboard K-pop

[၇]

"Dear My Family" (with SM Town)2012I AM. OST
"Goodbye Summer" (f(x) feat. D.O.)201371726Pink Tape
"Crying Out"201422Cart OST
"—" denotes releases that did not chart or were not released in that region.

"*" Billboard Korea K-Pop Hot 100 was introduced in August 2011 and discontinued in July 2014.

ဆုများနှင့် ဇကာတင်စာရင်း

ခုနှစ်ဆုဆုအမျိုးအစားများ
ဇာတ်ကားအမည်ရလဒ်
၂၀၁၄16th Seoul International Youth Film FestivalBest Young ActorIt's Okay, That's Loveဆုရရှိ
3rd APAN Star AwardsBest New Actorဆုရရှိ
၂၀၁၅10th Max Movie AwardsBest New ActorCartဆန်ခါတင်
9th Asian Film AwardsBest Newcomerဆန်ခါတင်
51st Baeksang Arts AwardsBest New Actor (TV)It's Okay, That's Loveဆန်ခါတင်

ပြင်ပလင့်များ

ကိုးကား

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်မြန်မာနိုင်ငံနှစ်ဆန်းတစ်ရက်နေ့သင်္ကြန်မင်းအောင်လှိုင်လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)မေတ္တသုတ်ရှစ်ပါးသီလပရိတ်ကြီး ၁၁ သုတ်အောင်ဆန်းစုကြည်ကိုးပါးသီလအောင်ဆန်းအောင်လပဋ္ဌာန်းလွတ်လပ်ရေးကြေညာစာတမ်းမဟာသမယသုတ်ရတနသုတ်တပ်မတော် (ကြည်း)အော်ကာတပ်မတော်ဘုရားဂုဏ်တော်ဘာဂျာမှုတ်ခြင်းဂေါတမဗုဒ္ဓမြန်မာပိတောက်ငါးပါးသီလဥပုသ်ဒုတိယ ကမ္ဘာစစ်စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)ကျန်စစ်သားမိန်းမ မျိုးပွားအင်္ဂါဆယ်ပါးသီလမြန်မာနိုင်ငံရှိ မြို့များမင်္ဂလသုတ်သင်္ကြန်မိုးဂျပန်နိုင်ငံမထိုးသွင်းသော လိင်ဆက်ဆံခြင်းမြန်မာ သက္ကရာဇ်ပုဂံ