ကကတစ်

Lates calcarifer
Barramundi (in foreground)
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက:Animalia
မျိုးပေါင်းစု:Chordata
မျိုးပေါင်း:Actinopterygii
မျိုးစဉ်:Perciformes
မျိုးရင်း:Latidae
မျိုးစု:Lates
မျိုးစိတ်:
L. calcarifer
ဒွိနာမ
Lates calcarifer
(Bloch, 1790)
Synonyms[၂]

ကကတစ် (Lates calcarifer) သည် မြန်မာနိုင်ငံ ကမ်းရိုးတစ်လျှောက်၌ တွေ့ရသော အရေးကြီးသည့် စားငါး တစ်မျိုးဖြစ်၍ လူသိများသည်။ ဤငါးသည် ပါဏဗေဒ အလိုအရ ငတောက်တူ၊ ကသမြင်း၊ ငစင်စပ် စသည်တို့နှင့်အတူ ပါစီဒို မျိုးရင်းတွင် ပါဝင်သည်။ ကကတစ်၏ ကိုယ်သည် ပြား၍ အနည်းငယ် ရှည်လျားသည်။ နှာတံတို၍ အောက်မေးရှေ့သို့ငေါထွက်နေသည်။ ခေါင်း၏ ဘေး တစ်ဖက်တစ်ချက်တွင် ကြီးမားသော မျက်လုံးနှစ်လုံးရှိသည်။ ကျောဆူးတောင်နှစ်ခုပါ၍ ရှေ့ဆူးတောင်တွင် မာကျောသော ဆူးရိုးများပါရှိသည်။ အမြီးမှာ ထိပ်မျိုးဖြစ်၏။ အကြေးများမှာ မကြီးမငယ်ဖြစ်၍ အနားကြမ်းအကြေးမျိုး ဖြစ်သည်။ ဤငါး၏ အရောင် ဝမ်းပိုက်တစ်လျှောက်တွင် အဖြူရောင် သန်းနေသည်။ ကကတစ်သည် သာမန်အားဖြင့် တစ်ပေခွဲသာရှိသော်လည်း၊ တစ်ခါတစ်ရံ အရှည် ၅ ပေအလေးချိန် ၅၅ ပိဿာခန့်အထိ ရှိနိုင်သည်။ ဤငါး၏ စည်ဖောင်းများမှ အတော်အသင့် ကောင်းမွန်သော ငါး စည်ဖောင်းကော်ကို ပြုလုပ်ရရှိနိုင်သည်ဟု သိရသည်။[၃]

ကိုးကား

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်မြန်မာနိုင်ငံနှစ်ဆန်းတစ်ရက်နေ့သင်္ကြန်မင်းအောင်လှိုင်လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)မေတ္တသုတ်ရှစ်ပါးသီလပရိတ်ကြီး ၁၁ သုတ်အောင်ဆန်းစုကြည်ကိုးပါးသီလအောင်ဆန်းအောင်လပဋ္ဌာန်းလွတ်လပ်ရေးကြေညာစာတမ်းမဟာသမယသုတ်ရတနသုတ်တပ်မတော် (ကြည်း)အော်ကာတပ်မတော်ဘုရားဂုဏ်တော်ဘာဂျာမှုတ်ခြင်းဂေါတမဗုဒ္ဓမြန်မာပိတောက်ငါးပါးသီလဥပုသ်ဒုတိယ ကမ္ဘာစစ်စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)ကျန်စစ်သားမိန်းမ မျိုးပွားအင်္ဂါဆယ်ပါးသီလမြန်မာနိုင်ငံရှိ မြို့များမင်္ဂလသုတ်သင်္ကြန်မိုးဂျပန်နိုင်ငံမထိုးသွင်းသော လိင်ဆက်ဆံခြင်းမြန်မာ သက္ကရာဇ်ပုဂံ