ကစားစရာ

ကစားစရာများသည် လူတစ်မျိုးနှင့်တစ်မျိုး၊ တစ်နိုင်ငံနှင့်တစ်နိုင်ငံ ကွဲလွဲကောင်းကွဲလွဲမည်ဖြစ်သော်လည်း ရှေးခေတ်ကပင် ပေါ်ပေါက်ခဲ့ပေသည်။ သို့ရာတွင် လူတို့၏ခေတ်သည် အမျိုးမျိုး ပြောင်းလဲခဲ့သည့်အတိုင်း ကလေးကစားစရာများသည်လည်း ခေတ်အလိုက် Helping sfhkufbတိုးတက်ပြောင်းလဲ လာခဲ့ကြပေသည်။ အထူးသဖြင့် စက်မှုနှင့် သိပ္ပံပညာ ထွန်းကားလာသည့်အခါမှစ၍ ကလေးကစားစရာ များ၏ အဆင့်အတန်းမှာ သိသိသာသာ တိုးတက်၍လာခဲ့ပေ သည်။ ရှေးခေတ်လူတို့သည် ရွှံ့နှင့်ပြုလုပ်သော မြင်းရုပ်၊ နွား ရုပ်များ၊ ဝါးပင် ကျူပင်မှ ပြုလုပ်သော ပြွေကလေးများဖြင့် မိမိတို့ သားသမီးများ၏ စိတ်ပျော်ရွှင်မှုကို ဖန်တီးပေးခဲ့ကြ၏။

ကစားစရာ

အဝတ်စုတ်များ၊ သစ်တိုဝါးစများနှင့်ပြုလုပ်သော ကစားစရာ များဖြင့်လည်း သားသမီးငယ်များကို နှစ်သိမ့်စေခဲ့ကြလေသည်။ဂျာမနီနှင့် ဆွစ်ဇာလန်နိုင်ငံတို့သည် ရှေးနှစ်ပေါင်းများစွာ ကစ၍ ကလေးကစားစရာများကို ကမ္ဘာအနှံ့အပြားသို့ တင်ပို့ ရောင်းချခဲ့ကြသည်။ ထိုတိုင်းပြည်များမှ ခေတ်စားသော အရုပ် များမှာ ကော်ရုပ်ကလေး များနှင့် မော်တော်ကား၊ မီးရထား၊ စက်ဘီးစသည့် အရုပ်ကလေးများ ဖြစ်သည်။ ကလေးများ တက်စီးနိုင်သော လှုပ်မြင်းရုပ်များ၊ နှစ်ယောက်စီး ချားရဟတ် များကို ကမ္ဘာအရပ်ရပ်ရှိ မည်သည့်ကလေးမျှ မနှစ်သက်ဘဲ မနေနိုင်ပေ။ ဂျပန်နိုင်ငံ၊ ချက်ကိုဆလိုဗါးကီးယားနိုင်ငံတို့မှ လည်း စက္ကူ၊ ဝါး၊ ထင်ရှူးသား၊ ကြွေ၊ ရွှံ့၊ ကျွဲကော် စသည် တို့ဖြင့် ပြုလုပ်ထားသည့် ကစားစရာမျိုးစုံကို ကမ္ဘာအနှံ့အပြား သို့ အကြီးအကျယ် တင်ပို့ရောင်းချခဲ့လေသည်။

ကစားစရာလုပ်ငန်းသည် စီးပွားရေးလုပ်ငန်းဖြစ်သည့်အတိုင်း ကစားစရာပြုလုပ်သောသူတို့သည် မိမိတို့၏ ကုန်ကို တွင်ကျယ် စွာရောင်းချနိုင်ရန်အတွက် ကစားစရာများကို ပိုမိုကောင်းမွန် အောင် တီထွင်နိုင်ရန် အမြဲ ကြိုးစားခဲ့ကြသည်။ ကြိုးစား သည့်အခါတိုင်းလည်း ယခုအခါ သိပ္ပံပညာနှင့်ယှဉ်သော စက် တပ်ကစားစရာ အဆန်းအပြားများ ပေါ်ပေါက်လာပေပြီ။ ရေ ထဲတွင် ခုတ်မောင်းနိုင်သော သင်္ဘောရုပ်ကလေးများ၊ သံပတ် ဖြင့် သွားသော မော်တော်ကားရုပ်ကလေးများ၊ သံလမ်းပေါ်တွင် ပတ်ပြေးသော မီးရထားရုပ်ကလေးများ၊ လေထဲတွင် ပျံဝဲနိုင် သော လေယာဉ်ပျံရုပ်ကလေးများမှာ ကလေးသူငယ်များသာမကလူကြီးများပင် နှစ်ခြိုက် သဘောကျစရာ ဖြစ်ပေသည်။

ကလေးကစားစရာ အမျိုးမျိုးရှိရာတွင် အချို့မှာ လှုပ်ရှားနိုင် ခြင်းမရှိသော အရုပ်သေများသာ ဖြစ်သည်။ အချို့မှာ လှုပ်ရှား နိုင်၊ ခုတ်မောင်းနိုင်သော အရုပ်ရှင်များ ဖြစ်သည်။ အချို့မှာမူ ကလေးများ စိတ်ကူးဉာဏ် ထက်သန်တိုးတက်ရေးအတွက် ဖန် တီးပေး၍ ကလေးများကိုယ်တိုင် တပ်ဆင်ပြုလုပ်ရသော ကစား စရာများ ဖြစ်ပေသည်။

မြန်မာနိုင်ငံတွင်လည်း ကလေးကစားစရာ ပြုလုပ်ရောင်းချ သူများရှိသည်။ ဦးဘရုပ်(ဖိုးဝရုပ်)၊ ပစ်တိုင်းထောင်နှင့်တကွ မင်းသားရုပ်၊ မင်းသမီးရုပ်၊ မြင်းရုပ်၊ ကျားရုပ်များတွင် ကြိုး တပ်ထားသော ရုပ်သေး ရုပ်များမှာ ယနေ့တိုင်အောင်ပင် မရိုး နိုင်သေးချေ။ အဝတ်စ၊ စက္ကူစတို့ဖြင့် ပြုလုပ်ထားသော ဘီလူး ခေါင်း၊ ကျားခေါင်း စသည်များလည်း ရှိသည်။ အရုပ်မျိုးစုံကို များသောအားဖြင့် ဘုရားတန်ဆောင်းရှိ ဆိုင်များနှင့် ပွဲဈေးတန်း များ၌ ရောင်းချလေ့ရှိကြသည်။ ယခုခေတ်တွင်မူ ကစားစရာ များကို ဆိုင်များဖွင့်လှစ်၍ပင် ရောင်းချနေကြပြီ။ ထိုဆိုင်များ တွင် ကစားစရာများ အမျိုးစုံ လှသည့်ပြင် ရှေးခေတ် ကစား စရာများထက် များစွာ အဆင့်အတန်းမြင့်လာသည်ကိုလည်း တွေ့ရပေသည်။ ကလေးစီးစက်ဘီးကလေးများ၊ မော်တော်ကား ကလေးများနှင့် မြင်းရုပ်ကလေးများမှာ ကလေးတိုင်း လိုချင် မက်မောလောက်အောင်ပင် ကောင်းမွန်ကြပေသည်။ ထိုကဲ့သို့ ကစားစရာများ၏ အဆင့်အတန်း တိုးတက်၍ လာပြီမှန်သော် လည်း နိုင်ငံခြားထုတ်ကုန်အဖြစ်သို့ကား မရောက်သေးချေ။

ကစားစရာလုပ်ငန်းတွင် များသောအားဖြင့် အလုပ်ရုံများမှ ပိုလျှံကြွင်းကျန်နေသော ပစ္စည်းအစအနများကို သုံးကြသည်။ သစ်တိုသစ်စအတွက် သစ်ရုံသစ်စက်များမ၎င်း၊ အဝတ်စများ အတွက် စက်ချုပ်သောဌာန များမှ၎င်း အမြောက်အမြား ဝယ် ယူရပေသည်။ ယခုပင် ဤမျှတိုးတက်နေသော ကစားစရာ လုပ်ငန်းသည် အနာဂတ်ကာလတွင် ယခုထက် အဆပေါင်း များစွာ တိုးတက်လာဦးမည်မှာ ယုံမှားဖွယ် မရှိချေ။[၁]

ကိုးကား

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်မြန်မာနိုင်ငံနှစ်ဆန်းတစ်ရက်နေ့သင်္ကြန်မင်းအောင်လှိုင်လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)မေတ္တသုတ်ရှစ်ပါးသီလပရိတ်ကြီး ၁၁ သုတ်အောင်ဆန်းစုကြည်ကိုးပါးသီလအောင်ဆန်းအောင်လပဋ္ဌာန်းလွတ်လပ်ရေးကြေညာစာတမ်းမဟာသမယသုတ်ရတနသုတ်တပ်မတော် (ကြည်း)အော်ကာတပ်မတော်ဘုရားဂုဏ်တော်ဘာဂျာမှုတ်ခြင်းဂေါတမဗုဒ္ဓမြန်မာပိတောက်ငါးပါးသီလဥပုသ်ဒုတိယ ကမ္ဘာစစ်စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)ကျန်စစ်သားမိန်းမ မျိုးပွားအင်္ဂါဆယ်ပါးသီလမြန်မာနိုင်ငံရှိ မြို့များမင်္ဂလသုတ်သင်္ကြန်မိုးဂျပန်နိုင်ငံမထိုးသွင်းသော လိင်ဆက်ဆံခြင်းမြန်မာ သက္ကရာဇ်ပုဂံ