ကာဗွန်ဒိုင်အောက်ဆိုက်

ကာဗွန်ဒိုင်အောက်ဆိုဒ် (carbon dioxide ဓာတုသင်္ကေတ CO2) သည် လေထုထဲတွင် အတွေ့များသည့် ဒြပ်ပေါင်းတစ်မျိုး ဖြစ်ပြီး အောက်စီဂျင် အက်တမ်နှစ်ခုနှင့် ကာဗွန် အက်တမ်တစ်ခု ပေါင်းစပ်ဖွဲ့စည်းထားသည်။ သာမန် လေဖိအားနှင့် အပူချိန်တွင် CO2 သည် အငွေ့အခြေအနေတွင် ရှိပြီး လေထုထဲတွင် ၀.၀၃၈ % ပါဝင်သည်။

ကာဗွန်ဒိုင်အောက်ဆိုက်
Structural formula of carbon dioxide with bond length
Ball-and-stick model of carbon dioxide
Ball-and-stick model of carbon dioxide
Space-filling model of carbon dioxide
Space-filling model of carbon dioxide
အမည်
အခြားအမည်များ
  • Carbonic acid gas
  • Carbonic anhydride
  • Carbonic dioxide
  • Carbon(IV) oxide
  • R-744 (refrigerant)
  • R744 (refrigerant alternative spelling)
  • en:Dry ice (solid phase)
အမှတ်အသားများ-->

-->-->

-->

----- templatepar -----

-->

CAS Number
124-38-9 YesY
3DMetB01131
Beilstein Reference
1900390
ChEBICHEBI:16526 YesY
ChEMBLChEMBL1231871 N
ChemSpider274 YesY
EC Number204-696-9
Gmelin Reference
989
Jmol 3D modelInteractive image
Interactive image
KEGGD00004 YesY
MeSHCarbon+dioxide
PubChem280
RTECS numberFF6400000
UNII142M471B3J YesY
UN number1013 (gas), 1845 (solid)
ဂုဏ်သတ္တိများ
CO2
Molar mass၄၄.၀၁ g·mol−1
ရုပ်အဆင်းအရောင်မဲ့ ဓာတ်ငွေ့
အနံ့
  • Low concentrations: none
  • High concentrations: sharp; acidic
သိပ်သည်းမှု
  • 1562 kg/m3 (solid at ၁ atm (၁၀၀ kPa) and −၇၈.၅ °C (−၁၀၉.၃ °F))
  • 1101 kg/m3 (liquid at saturation −၃၇ °C (−၃၅ °F))
  • 1.977 kg/m3 (gas at ၁ atm (၁၀၀ kPa) and ၀ °C (၃၂ °F))
194.6855(30) K (−78.4645(30) °C) at 1 atm (0.101325 MPa)
ရေထဲပျော်ဝင်မှု
1.45 g/L at ၂၅ °C (၇၇ °F), ၁၀၀ kPa (၀.၉၉ atm)
ရေငွေ့ ဖိအား5.7292(30) MPa, 56.54(30) atm (20 °C (293.15 K))
အက်စစ် ပါဝင်မှု (pKa)6.35, 10.33
Magnetic susceptibility (χ)
−20.5·10−6 cm3/mol
အပူ စီးကူးမှု0.01662 W·m−1·K−1 (၃၀၀ K (၂၇ °C; ၈၀ °F))[၁]
Refractive index (nD)
1.00045
ပျစ်စေးမှု
  • 14.90 μPa·s at ၂၅ °C (၂၉၈ K)[၂]
  • 70 μPa·s at −၇၈.၅ °C (၁၉၄.၇ K)
Dipole moment
0 D
တည်ဆောက်ပုံ
ပုံဆောင်ခဲ ဖွဲ့စည်းပုံ
Trigonal
Molecular shape
Linear
သာမိုဓာတုဗေဒ
Specific
heat capacity (C)
37.135 J/K·mol
Std molar
အင်ထရိုပီ (So298)
214 J·mol−1·K−1
Std enthalpy of
formation (ΔfHo298)
−393.5 kJ·mol−1
ဆေးဝါးဗေဒ
ATC code
V03AN02 (WHO)
အန္တရာယ်
Safety data sheetSigma-Aldrich
NFPA 704

0
0
0
 
Lethal dose or concentration (LD, LC):
LCLo (lowest published)
90,000 ppm (human, 5 min)[၆]
US health exposure limits (NIOSH):
PEL (Permissible)
TWA 5000 ppm (9000 mg/m3)[၅]
REL (Recommended)
TWA 5000 ppm (9000 mg/m3), ST 30,000 ppm (54,000 mg/m3)[၅]
IDLH (Immediate danger)
40,000 ppm[၅]
ဆက်စပ် ဒြပ်ပေါင်းများ
Other anions
Other cations
ဆက်စပ်သော ကာဗွန် အောက်ဆိုဒ်များ
ဆက်စပ် ဒြပ်ပေါင်းများ
Except where otherwise noted, data are given for materials in their standard state (at 25 °C [77 °F], 100 kPa).
N verify (what is YesYN ?)
Infobox references

အပင်များသည် နေရောင်ခြည်ဖြင့် အစာချက်လုပ်ရာတွင် ကာဗွန်ဒိုင်အောက်ဆိုဒ်ကို ကုန်ကြမ်းအဖြစ် သုံးသည်။ အပိုပစ္စည်းအဖြစ် သတ္တဝါများ အသက်ရှူရာတွင် လိုအပ်သည့် အောက်စီဂျင်ဓာတ်ငွေ့ကို ထုတ်လွှတ်သည်။ အရာဝတ္ထုများ မီးလောင်ကျွမ်းသည့်အခါ သို့မဟုတ် လူအပါအဝင် သတ္တဝါများ အသက်ရှူသည့်အခါ CO2 ဓာတ်ငွေ့ကို ထုတ်လွှတ်သည်။

ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့များသည် အပူစွမ်းအင်ကို ဖြစ်ပေါ်စေသည့် အနီအောက်ရောင်ခြည်ကို စုပ်ယူနိုင်စွမ်းရှိသောကြောင့် သိပ္ပံပညာရှင်များက CO2 အား ဖန်လုံအိမ်ဓာတ်ငွေ့ အဖြစ် သတ်မှတ်ထားသည်။ လေထုအတွင်း CO2 သိပ်သည်းဆ တိုးမြင့်လာခြင်းသည် ကမ္ဘာကြီး ပူနွေးလာစေသည့် အကြောင်းအရင်း တစ်ရပ်ဟု ပညာရှင်များက ယူဆထားကြသည်။

လေထုအတွင်း CO2 သိပ်သည်းဆများလွန်းလျှင် ဥပါဒ်ဖြစ်စေနိုင်သည်။ ၁ % အထက် ရှိလျှင် လူအချို့အား မူးဝေစေသည်။ သိပ်သည်းဆ ၇ % မှ ၁၀ % အကြား ရှိလျှင် ခေါင်းကိုက်ခြင်း၊ အကြားနှင့် အမြင်အာရုံကို ထိခိုက်စေပြီး မိနစ်ပိုင်း အနည်းငယ်မှ တစ်နာရီအတွင်း မေ့မျောသွားစေနိုင်သည်။[၉]

ရုပ်ကြွင်းလောင်စာများမှ ကမ္ဘာကြီးပူနွေးပြီး ရာသီဥတု ပြောင်းလဲမှုကို ဖြစ်ပေါ်စေသည့် ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့ကို စွမ်းအင်ကဏ္ဍပြီးနောက် ပို့ဆောင်ရေးကဏ္ဍမှ ဒုတိယအများဆုံး ထုတ်လွှတ်လျက်ရှိကြောင်း အပြည်ပြည်ဆိုင်ရာ စွမ်းအင်အေဂျင်စီ(International Energy Agency)၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

ကာဗွန်ဒိုင်အောက်ဆိုက်

ပတ်ဝန်းကျင်လေထဲ၌ ကာဗွန်ဒိုင်အောက်ဆိုဒ် တည်ရှိပုံ အသက်ရှူခြင်း၊ လောင်ကျွမ်းခြင်း၊ သုပ်သိုးခြင်နှင့် ညဉ့်ဖက်အပင်တို့သည် ကာဗွန်ဒိုင်အောက်ဆိုဒ် အဆိပ်ဓာတ်ငွေ့ကို ထုတ်ပေးကြ၏။ သို့သော် ထိုဓာတ်ငွေကို နေရောင်ရသော နေဖက်တွင် အပင်များက အသုံးပြုခြင်းဖြင့် လေကို သန့်ရှင်းစေပြန်သည်

ကာဗွန်ဒိုင်အောက်ဆိုက် (ဓာတ်ငွေ့)သည် ကာဗွန်အက်တမ်တခုနှင့် အောက်ဆီဂျင် အက်တမ် နှစ်ခုတို့ ပေါင်းစပ်ဖွဲ့စည်း၍ ရရှိသောဓာတ်ငွေ့ ဖြစ်၏။ ဓာတုသင်္ကေတမှာ CO2 ဖြစ်၏။ ထိုဓာတ်ငွေ့သည် လေထု၏အပုံ တစ်သောင်းတွင် လေးပုံမျှ ပါဝင်လျက် ရှိ၏။ အရွက်စိမ်းလန်းသော အပင် များသည် အစာအာဟာရ အဖြစ်ဖြင့် ကာဗွန်ဒိုင်အောက်ဆိုဒ်(ဓာတ်ငွေ့)ကို ရှုသွင်း၍ အောက်ဆီဂျင် (ဓာတ်ငွေ့)ကို ရှုထုတ်ကြ၏။ လူနှင့်တိရစ္ဆာန်တို့ကမူ အောက်ဆီဂျင် (ဓာတ်ငွေ့)ကို ရူသွင်း၍ ကာဗွန်ဒိုင် အောက်ဆိုက်(ဓာတ်ငွေ့)ကို ရူထုတ်ကြ၏။ ဤနည်းဖြင့် သက်ရှိသတ္တဝါများက ရူထုတ်လိုက်သော ကာဗွန်ဒိုင် အောက်ဆိုက်(ဓာတ်ငွေ့)ကို အရွက်စိမ်းလန်းသော အပင်များက အစာအာဟာရအဖြစ် ရူသွင်းကြ၍၊ ထိုအပင်များမှ ရူထုတ်လိုက်သော အောက်စီဂျင်(ဓာတ်ငွေ့)ကို တဖန် သက်ရှိ သတ္တဝါများက အာဟာရအဖြစ် ရူသွင်းကြပြန်၏။ ထို့ကြောင့် လေထု၏အပုံတစ်သောင်းတွင် လေးပုံမျှ ပါဝင်သော ကာဗွန်ဒိုင်အောက်ဆိုက်၏ အချိုးသည် မည်သည့်အခါမျှ မပြောင်းလဲဘဲ တည်မြဲလျက်ရှိသည်။

ကာဗွန်ဒိုင်အောက်ဆိုက်(ဓာတ်ငွေ့)သည် လေထက် တဆခွဲမျှပို၍ လေးသောကြောင့်ဂူများ၊ တောင်ကြားများ၊ မီးတောင်များ၏ အောက်မြေပြင်တလျှောက်တို့တွင်သာ ရှိတတ်၏။ ရေကဲ့သို့ တစ်နေရာမှ တစ်နေရာသို့ ခွက်များဖြင့်ထည့်၍ ယူသွားနိုင်ပြီးလျှင် သွန်ချနိုင်၏။ ထိုဓာတ်ငွေ့သည် အရောင်ကင်း၍ အနံ့လည်း မရှိ။ သို့သော် ရေတွင်ပျော်ဝင်၍ ထိုဖျော်ရည်ကို ကာဗွန်နစ်အက်ဆစ်ဟုခေါ်၏။ ထိုဖျော်ရည်ကို ဆိုဒါ၊ လင်မနစ်စသော ဘိလတ်ရည်များ ပြုလုပ်ရာ၌ များစွာ အသုံးပြုကြသည်။ ကာဗွန်ဒိုင်အောက်ဆိုက် (ဓာတ်ငွေ့)ကို ထုံးရည်ကြည်ထဲသို့ ထည့်၍လှုပ်လိုက်လျှင် နို့ရည်ကဲ့သို့ ဖြူသွား၏။ ထိုဓာတ်ငွေ့သည် ရေမှာထက် အယ်လကိုဟောတွင် ပို၍ ပျော်ဝင်လွယ်သည်။ ကာဗွန်ဒိုင်အောက်ဆိုက်(ဓာတ်ငွေ့)သည် အောက်ဆီဂျင်(ဓာတ်ငွေ့)နှင့် အနည်းငယ်မျှ မတူချေ။ မီးလောင် ကျွမ်းခြင်းကို အားမပေးသည့်ပြင် မီးကို ငြိမ်းစေသည်။

ကာဗွန်ဒိုင်အောက်ဆိုက်(ဓာတ်ငွေ့)ရှိသော အဝကျယ်ကျယ် ပုလင်းထဲသို့ မီးထွန်းထားသော ဖယောင်းတိုင်ကို ထည့်လိုက်လျှင် မီးငြိမ်းသွားသည်ကို တွေ့နိုင်သည်။ ထို့ကြောင့် အချို့ သော မီးသတ်ဆေးဗူးများတွင် ရုတ်တရက်မီးဘေးကိစ္စ ပေါ်ပေါက်၍ အသုံးပြုသောအခါ ကာဗွန်ဒိုင်အောက်ဆိုက်(ဓာတ်ငွေ့) များကို ထုတ်ပေးနိုင်စေရန် ဓာတ်ဆေးရည်တစ်မျိုးကို ထည့်ထားတတ်၏။ တိုက်ရိုက်အားဖြင့်အဆိပ်ရှိသည်ဟု မဆိုသာသော်လည်း ကာဗွန်ဒိုင် အောက်ဆိုက် (ဓာတ်ငွေ့)စစ်စစ် ကိုဖြစ်စေ၊ ကာဗွန်ဒိုင်အောက်ဆိုက်(ဓာတ်ငွေ့)-အမြောက်အမြား ပါရှိသောလေကိုဖြစ်စေ၊ ရှူမိလျှင်အောက်ဆီဂျင် လုံလောက်အောင် မရနိုင်သောကြောင့် မွန်း၍ သေဆုံးတတ်သည်။ကာဗွန်ဒိုင်အောက်ဆိုက်(ဓာတ်ငွေ့)ကို ဖော်ယူသောနည်းမှာ ကယ်လဆီယမ် ကာဗွန်နိတ်ဖြစ်သော စကျင်ကျောက် သို့မဟုတ် ထုံးကျောက်ထဲသို့ ဟိုက်ဒရိုကလောရစ်အက်ဆစ် အပေါ့ရည် လောင်းထည့်သောနည်း ဖြစ်၏။ ဥဒါဟရုဏ်

CaCo3+2HCL=CACL2+H2O+CO2
စကျင်ကျောက်+အက်စစ်=ဓာတ်ဆား+ရေ+ကာဗွန်ဒိုင်အောက်ဆိုက် (ဓာတ်ငွေ့)

ရောင်းဝယ်ဖောက်ကားရန် အတွက်မူ မက်ကနီဇီယမ်ကာဗွန် နိတ်နှင့် ဆိုဒီယမ်ကာဗွန်နိတ်တို့တွင် ဆာလဖျူရစ် အက်ဆစ်ထည့်၍ ကာဗွန်ဒိုင်အောက်ဆိုက်ကို အကြီးအကျယ် ဖော်ယူ ထုတ်လုပ်ကြသည်။[၁၀]

ကိုးကား

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်မြန်မာနိုင်ငံနှစ်ဆန်းတစ်ရက်နေ့သင်္ကြန်မင်းအောင်လှိုင်လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)မေတ္တသုတ်ရှစ်ပါးသီလပရိတ်ကြီး ၁၁ သုတ်အောင်ဆန်းစုကြည်ကိုးပါးသီလအောင်ဆန်းအောင်လပဋ္ဌာန်းလွတ်လပ်ရေးကြေညာစာတမ်းမဟာသမယသုတ်ရတနသုတ်တပ်မတော် (ကြည်း)အော်ကာတပ်မတော်ဘုရားဂုဏ်တော်ဘာဂျာမှုတ်ခြင်းဂေါတမဗုဒ္ဓမြန်မာပိတောက်ငါးပါးသီလဥပုသ်ဒုတိယ ကမ္ဘာစစ်စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)ကျန်စစ်သားမိန်းမ မျိုးပွားအင်္ဂါဆယ်ပါးသီလမြန်မာနိုင်ငံရှိ မြို့များမင်္ဂလသုတ်သင်္ကြန်မိုးဂျပန်နိုင်ငံမထိုးသွင်းသော လိင်ဆက်ဆံခြင်းမြန်မာ သက္ကရာဇ်ပုဂံ