ကူပန်မြို့

ကူပန်မြို့ (အင်ဒိုနီးရှား: Kota Kupang, [ˈkupaŋ])၊ (ယခင်က- ကိုးပံ)သည် အင်ဒိုနီးရှားနိုင်ငံ၊ အရှေ့နုဆာတင်ဂါရာပြည်နယ်၏ မြို့တော်ဖြစ်သည်။ ၂၀၂၀တွင် လူဦးရေ ၄၄၂၇၅၈ရှိသည်။ [၄] ၎င်းသည် တီမောကျွန်းပေါ်တွင် အကြီးဆုံးမြို့နှင့် ဆိပ်ကမ်းမြို့ဖြစ်ပြီး တီမောလက်စ်တေ-အင်ဒိုနီးရှား-ဩစတြေးလျ ကြီးထွားမှုတြိဂံ လွတ်လပ်သောကုန်သွယ်မှုဇုန် ၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်။

ကူပန်မြို့
မြို့
Clockwise, from above; Sasando Building, Kupang seen from above, and Kupang lighthouse
ကူပန်မြို့၏ အလံတော်
အလံတော်
ကူပန်မြို့၏ တံဆိပ်အမှတ်အသား
တံဆိပ်အမှတ်အသား
ဆောင်ပုဒ်: Kupang Kota Kasih
Location within East Nusa Tenggara
Location within East Nusa Tenggara
နိုင်ငံ အင်ဒိုနီးရှား
Provinceအရှေ့နုဆာတင်ဂါရာပြည်နယ်
တည်ထောင်၁၈၈၆
အစိုးရ
 • Mayorဂျဲဖ်ရီ ရီဝူ ကိုရဲ
 • Vice MayorHermanus Man
ဧရိယာ
 • စုစုပေါင်း၁၈၀.၂၇ စတုရန်းကီလိုမီတာ (၆၉.၆၀ စတုရန်းမိုင်)
ပင်လယ်ရေ မျက်နှာပြင်အမြင့်[၁]၆၂ မီတာ (၂၀၃ ပေ)
လူဦးရေ (2020 Census)
 • စုစုပေါင်း၄၄၂,၇၅၈
 • သိပ်သည်းမှု၂၅၀၀/km (၆၄၀၀/sq mi)
 [၂]
Area code(+62) 380
ယာဉ်မှတ်ပုံတင်DH
HDI (2018)Increase 0.788 (High)[၃]
ဝက်ဘ်ဆိုဒ်kupangkota.go.id

သမိုင်း

၂၀ရာစုအစောပိုင်း၌ ကူပန် ဆိပ်ကမ်း
၂၀ရာစုအစောပိုင်းတွင် တီမောနေထိုင်သူ၏အိမ်

အစောပိုင်းသမိုင်းနှင့် ပေါ်တူဂီတို့၏ လွှမ်းမိုးမှု

ကူပန်သည် ပေါ်တူဂီ နှင့် ဒတ်ခ်ျ ကိုလိုနီခေတ်များအတွင်း အရေးကြီးသော ဆိပ်ကမ်းနှင့် ကုန်သွယ်ရေးစခန်းဖြစ်သည်။ ထိုမြို့၌ ကိုလိုနီခေတ်၏ အပျက်အစီးများနှင့် အကြွင်းအကျန်များ ရှိသေးသည်။

ဒတ်ခ်ျအရှေ့အိန္ဒိယကုမ္ပဏီ (VOC) မှ ကိုယ်စားလှယ်များသည် ဆိုလော်ကျွန်းပေါ်ရှိ ပေါ်တူဂီခံတပ်ကို သိမ်းပိုက်ပြီးနောက် ၁၆၁၃ခုနှစ်တွင် ကူပန်ကို ပထမဆုံး သိမ်းပိုက်ခဲ့သည်။ ဤအချိန်တွင် မြို့တော်ဧရိယာအား မာလူကူကျွန်းစုရှိ ဆဲရမ်ကျွန်းမှဆင်းသက်လာသူ ဟဲလုံမျိုးနွယ် မှ ရာဇက အုပ်ချုပ်ခဲ့သည်။ ကူပံမြို့သည် တည်နေရာမှနေ၍ ကျွန်း၏တောင်ဘက်ကမ်းရိုးတန်းတစ်လျှောက် သင်္ဘောသွားလာလှုပ်ရှားမှုများကို စောင့်ကြည့်နိုင်သောကြောင့် တီမော၏ အစိတ်အပိုင်းများကို ထိန်းချုပ်ရန်အတွက် စံပြမဟာဗျူဟာမြောက် အနေအထားကို သိမ်းပိုက်ခဲ့သည်။ ထို့အပြင် ကွီနီနိုမြစ် သည် မြို့အတွက် ရေချိုကို ထောက်ပံ့ပေးသည်။[၅] [၆]

ကိုးကား

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်မြန်မာနိုင်ငံနှစ်ဆန်းတစ်ရက်နေ့သင်္ကြန်မင်းအောင်လှိုင်လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)မေတ္တသုတ်ရှစ်ပါးသီလပရိတ်ကြီး ၁၁ သုတ်အောင်ဆန်းစုကြည်ကိုးပါးသီလအောင်ဆန်းအောင်လပဋ္ဌာန်းလွတ်လပ်ရေးကြေညာစာတမ်းမဟာသမယသုတ်ရတနသုတ်တပ်မတော် (ကြည်း)အော်ကာတပ်မတော်ဘုရားဂုဏ်တော်ဘာဂျာမှုတ်ခြင်းဂေါတမဗုဒ္ဓမြန်မာပိတောက်ငါးပါးသီလဥပုသ်ဒုတိယ ကမ္ဘာစစ်စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)ကျန်စစ်သားမိန်းမ မျိုးပွားအင်္ဂါဆယ်ပါးသီလမြန်မာနိုင်ငံရှိ မြို့များမင်္ဂလသုတ်သင်္ကြန်မိုးဂျပန်နိုင်ငံမထိုးသွင်းသော လိင်ဆက်ဆံခြင်းမြန်မာ သက္ကရာဇ်ပုဂံ