ကြိတ်သက္ကလတ်

ကြိတ်သက္ကလတ် သည် သိုးမွေး၊ သားမွေး၊ အမွေးအမှင် တို့ကို ရက်မယူဘဲ ရေနွေးငွေ့ပေး၍ ဒလိမ့်ဖြင့် ကြိတ်ဖိယူသည့် အထည်တစ်မျိုးဖြစ်သည်။ ဒလိမ့်ဖြင့် ကြိတ်ဖိပြီးသောအထည်သည် စိုနေသဖြင့် အခြောက်လှန်း၍ မီးပူထိုးပေးရသေးသည်။ အထည်ရက်လုပ်နိုင်သော အမှင်တိုင်းလိုလိုကို အသင့်အတင့် ကြိတ်သက္ကလတ် ပြုလုပ်နိုင်သော်ငြားလည်း အကောင်းဆုံး အမျှင်များမှာ သိုးမွေး၊ သားမွေးနှင့် အမွေးအမှင်ချင်း ချိတ် တွယ်နေနိုင်ကြသဖြင့် ကြိတ်သက္ကလတ် ပြုလုပ်ရန်အတွက် အထူးသင့်လျော်သည်။ ယခုအခါ ဦးထုပ်၊ မွေ့ယာ၊ ကော်ဇောကြမ်း၊ ဗိလယက်ခုံအခင်း၊ အနာစည်းပတ်တီး စသည်တို့ကို ကြိတ်သက္ကလတ် ဖြင့် ပြုလုပ်ယူကြသည်။ အာရှတိုက်နိုင်ငံများ၌ အလွန်ရှေးကျသော ခေတ်အခါမှစ၍၊ ကြိတ်သက္ကလတ် ကို ကော်ဇောကြမ်းအဖြစ် အသုံးပြုလာခဲ့ကြသည်။ ကြိတ်သက္ကလတ်ကို ပြုလုပ်သုံးစွဲခဲ့သည်မှာ အထည်အလိပ်ကို ရက်လုပ်သုံးစွဲခဲ့ သည်ထက်ပင် ရှေးကျသေးသည်ဟု ဆိုလေသည်။[၁]

ကြိတ်သက္ကလတ် အဝတ် ၄ မျိုး
ကာဇက်တို့၏ ကြိတ်သက္ကလတ်ဖြင့် ဆောက်ထားသော အိမ်
ကြိတ်သက္ကလတ် နမူနာ အမျိုးမျိုး

ကိုးကား

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်မြန်မာနိုင်ငံနှစ်ဆန်းတစ်ရက်နေ့သင်္ကြန်မင်းအောင်လှိုင်လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)မေတ္တသုတ်ရှစ်ပါးသီလပရိတ်ကြီး ၁၁ သုတ်အောင်ဆန်းစုကြည်ကိုးပါးသီလအောင်ဆန်းအောင်လပဋ္ဌာန်းလွတ်လပ်ရေးကြေညာစာတမ်းမဟာသမယသုတ်ရတနသုတ်တပ်မတော် (ကြည်း)အော်ကာတပ်မတော်ဘုရားဂုဏ်တော်ဘာဂျာမှုတ်ခြင်းဂေါတမဗုဒ္ဓမြန်မာပိတောက်ငါးပါးသီလဥပုသ်ဒုတိယ ကမ္ဘာစစ်စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)ကျန်စစ်သားမိန်းမ မျိုးပွားအင်္ဂါဆယ်ပါးသီလမြန်မာနိုင်ငံရှိ မြို့များမင်္ဂလသုတ်သင်္ကြန်မိုးဂျပန်နိုင်ငံမထိုးသွင်းသော လိင်ဆက်ဆံခြင်းမြန်မာ သက္ကရာဇ်ပုဂံ