ဂေး

လိင်တူချင်း စိတ်ဝင်စားသူ

ဂေး ဆိုသည်မှာ လိင်တူစုံမက်သူများ၊ လိင်တူဆက်ဆံသူများအဖြစ် ခံယူထားသူများကို ခေါ်ဆိုခြင်းဖြစ်သည်။ ထိုစကားလုံး၏ အင်္ဂလိပ်အနက်အဓိပ္ပာယ်မှာ ပျော်ရွှင်ခြင်း၊ လွတ်လပ်ခြင်း သို့ ထိန်လင်းခြင်း နှင့် ဖော်ကြွားခြင်းဟု ဆိုလို၍ရသည်။ ထိုစကားလုံးကို လိင်တူဆက်ဆံသူများသို့ ခေါ်ဆိုလာခဲ့ခြင်းမှာ ၁၉ရာစုမှ စတင်ခဲ့သော်လည်း၊ ၂၀ရာစု တွင် ပို၍ များပြားလာခဲ့သည်။ [၁] ခေတ်သစ် အင်္ဂလိပ်ဘာသာစကားတွင် ထိုစကားလုံးကို နာမဝိသေသနအဖြစ်လည်းကောင်း၊ နာမ်အဖြစ်လည်းကောင်း အသုံးပြုပြီး၊ အဓိကအားဖြင့် ဂေးအသိုင်းအဝိုင်းများ၊ အထူးသဖြင့် ဂေးယောက်ျားများ၊ လူတို့၏ လိင်ဆက်ဆံမှုများ၊ လိင်တူဆက်ဆံသူတို့၏ အယ်လ်ဂျီဘီတီ ယဉ်ကျေးမှုတို့နှင့်လည်း ဆက်နွယ်နေသည်။

အာဂျင်တီးနားတွင်လိင်တူချင်းအသိုင်းအဝိုင်း

၂၀ရာစု အကုန်ပိုင်းတွင် အယ်လ်ဂျီဘီတီ အသင်းကြီးများနှင့် ဒီဇီုင်းညွှန်းစာပေများမှ လိင်တူဆက်ဆံသူများကိုဂေးဆိုသည့် အသုံးအနှုံးဖြင့်ကိုယ်စားပြု ခေါ်ဆိုလာကြခြင်းဖြစ်သည်။[၂][၃] ထိုအချိန်မှစ၍လည်း ကမ္ဘာ့နိုင်ငံတချို့၌ မကောင်းသောအရာများကို ကိုယ်စားပြုစကားလုံးအဖြစ်လည်း အသုံးပြုလာခဲ့ကြသည်။ အင်္ဂလိပ်စာအသုံးပြုသည့် နိုင်ငံများ၌ ဂေးဆိုသည့်စကားလုံးကို အမှိုက်၊ ညံ့ဖြဉ်းခြင်း (ဥပမာ"ဒါ အရမ်းဂေးတာပဲ") စသဖြင့် ငယ်ရွယ်သူတို့မှ စတင်အသုံးပြုလာခဲ့ကြသည်။ ထိုအသုံးပြုပုံသည် လိင်တူဆက်ဆံသူများဟုတိုက်ရိုက် မဆိုလိုသော်လည်း၊ သက်မဲ့ပစ္စည်း သို့ မိမိမကြိုက်ရှိသည့် အရာတစ်ခုကို တင်စားအသုံးပြုခေါ်ဝေါ်ခြင်းဖြစ်သည်။ ထိုစကားလုံးကိုပင် ယောကျားမဆန်ခြင်း အင်အားမရှိခြင်း ဟုလည်း အသုံးပြုကြသည်။ ထိုသို့အသုံးပြုလာခြင်းအပေါ် လိင်တူဆက်ဆံသူများဘက်မှလည်း မကြိုက်နှစ်သက်၍ အပြန်အလှန် ထောက်ပြပြောဆိုမှုများ ဆက်လက်ရှိဆဲဖြစ်သည်။ [၄][၅]

သမိုင်း

အပေါ်လွှာကြည့်ခြင်း

Punch မဂ္ဂဇင်း၏ Volume 33, 1857, page 390. ကာတွန်းသီးသန့် ဖော်ပြမှု၊ အခြားစာသားများမပါရှိ၊ ၁၈၅၇ခုနှစ်တွင် ဂေးဆိုသည့် စကားလုံးအား ပြည့်တန်စာများအဖြစ် အသုံးပြုခေါ်ဆိုထားပုံ [၆]အမျိုးသမီးတဦးမှ အခြားတစ်ယောက်ကို မင်းဂေးနေတာ ဘယ်လောက်ကြာပြီလဲ ဟူ၍ မေးမြန်းနေစဉ်၊ La Traviataကြော်ငြာ ပိုစတာတစ်ခုဖြစ်ပြီး၊ ချမ်းသာသူများသို့ လိင်ဖျော်ဖြေသူများရုပ်လုံးပြ ပြဇာတ်ဖြစ်သည်။

ကိုးကား

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်မြန်မာနိုင်ငံနှစ်ဆန်းတစ်ရက်နေ့သင်္ကြန်မင်းအောင်လှိုင်လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)မေတ္တသုတ်ရှစ်ပါးသီလပရိတ်ကြီး ၁၁ သုတ်အောင်ဆန်းစုကြည်ကိုးပါးသီလအောင်ဆန်းအောင်လပဋ္ဌာန်းလွတ်လပ်ရေးကြေညာစာတမ်းမဟာသမယသုတ်ရတနသုတ်တပ်မတော် (ကြည်း)အော်ကာတပ်မတော်ဘုရားဂုဏ်တော်ဘာဂျာမှုတ်ခြင်းဂေါတမဗုဒ္ဓမြန်မာပိတောက်ငါးပါးသီလဥပုသ်ဒုတိယ ကမ္ဘာစစ်စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)ကျန်စစ်သားမိန်းမ မျိုးပွားအင်္ဂါဆယ်ပါးသီလမြန်မာနိုင်ငံရှိ မြို့များမင်္ဂလသုတ်သင်္ကြန်မိုးဂျပန်နိုင်ငံမထိုးသွင်းသော လိင်ဆက်ဆံခြင်းမြန်မာ သက္ကရာဇ်ပုဂံ