ဂျက္ကော့ ဇူးမား

တောင်အာဖရိကနိုင်ငံ၏ စတုတ္ထမြောက်သမ္မတ

ဂျက္ကော့ ဂါလီယေခီးဆာ ဇူးမား (၁၉၄၂ ဧပြီ ၁၂ ဖွား) သည် တောင်အာဖရိကနိုင်ငံသား နိုင်ငံရေးသမားဖြစ်ပြီး ဒီမိုကရေစီနည်းအရတင်မြှောက်သော တောင်အာဖရိက၏ စတုတ္ထမြောက် သမ္မတအဖြစ် ၂၀၀၉ ခုမှ ၂၀၁၈ အထိ တာဝန်ထမ်းဆောင်သည်။.[၃][၄][၅] ဇူးမားအား အမည်ရှေ့စကားလုံးများကို အဖျားဆွတ်ကာ ဂျေဇီး ဟု ခေါ်သည့်နည်းတူ မျိုးနွယ်စုအမည် သျှလိုဇီ ကိုလည်း ခေါ်တတ်ကြသေးသည်။[၆][၇][၈]

ဂျက္ကော့ ဇူးမား
President Zuma in 2017
စတုတ္ထမြောက် တောင်အာဖရိကနိုင်ငံ၏ သမ္မတ
တာဝန်သက်တမ်း
9 May 2009 – 14 February 2018
လက်ထောက်Kgalema Motlanthe
Cyril Ramaphosa
ယခင်လူKgalema Motlanthe
ဆက်ခံသူCyril Ramaphosa
13th President of the African National Congress
တာဝန်သက်တမ်း
18 December 2007 – 18 December 2017
လက်ထောက်Kgalema Motlanthe
Cyril Ramaphosa
ယခင်လူThabo Mbeki
ဆက်ခံသူCyril Ramaphosa
တတိယမြောက် တောင်အာဖရိကနိုင်ငံ၏ ဒုတိယသမ္မတ
တာဝန်သက်တမ်း
14 June 1999 – 14 June 2005
သမ္မတThabo Mbeki
ယခင်လူThabo Mbeki
ဆက်ခံသူPhumzile Mlambo-Ngcuka
ကိုယ်ရေး အချက်အလက်များ
မွေးဖွားJacob Gedleyihlekisa Zuma
(1942-04-12) ၁၂ ဧပြီ၊ ၁၉၄၂ (အသက် ၈၂)
Nkandla, Natal, Union of South Africa
နိုင်ငံရေးပါတီAfrican National Congress
ကြင်ဖော်(များ)en:Gertrude Sizakele Khumalo (လက်ထပ် 1973)
Kate Mantsho (လက်ထပ် 1976; d. 2000)[၁]
Nkosazana Dlamini (လက်ထပ် 1982; ကွာရှင်း 1998)
Nompumelelo Ntuli (လက်ထပ် 2008)
en:Thobeka Mabhija (လက်ထပ် 2010)[၂]
en:Gloria Bongekile Ngema (လက်ထပ် 2012)
သားသမီး20 (estimated), including Gugulethu, Thuthukile and Duduzane
အလုပ်အကိုင်
  • Politician
  • anti-apartheid activist

ဒုသမ္မတအဖြစ် ၁၉၉၉-၂၀၀၅ ကာလတွင် တာဝန်ထမ်းသည်။[၉][၁၀] ၂၀၀၅ အရောက်တွင် ဇူးမား၏ ဘဏ္ဍာရေးအကြံပေး ချဘာသျှိုတ်က လာဘ်ပေးလာဘ်ယူမှုနှင့် အဖမ်းခံရသည်နောက် သမ္မတ သာဘိုဘေကီက ဇူးမားကို ဒုသမ္မတအရာမှ ဖြုတ်သည်။ ပိုလော့ကွိန်၌ ကျင်းပသော အာဖရိကန်အမျိုးသားကွန်ဂရက် (အမက) ၌ ဘေကီအား ရှုံးသော်လည်း ၂၀၀၇ ခု၊ ဒီဇင်ဘာလ ၁၈ ရက်တွင် ၎င်းကွန်ဂရက်၏ဥက္ကဋ္ဌအဖြစ် အရွေးခံရသည်။ အမျိုးသားအမှုဆောင်ကော်မတီမှ ဆင့်ခေါ်ခံရသည်နောက် ဘေကီက ၂၀၀၈ ခု၊ စက်တင်ဘာလ ၂၀ ရက်တွင် ရာထူးမှ နုတ်ထွက်ကြောင်း ကြေညာသည်။ ဆင့်ခေါ်ခံရသည့်ကိစ္စမှာ ဇူးမား၏လာဘ်စားမှုကို စစ်နေသော တရားရုံးချုပ် (ဟိုက်ကုတ်) မှ တရားသူကြီး ခရစ်စတိုဖာ နီချိုလဆန်ဦးစီးသည့် အမျိုးသားအစိုးရရှေ့နေအာဏာပိုင်အဖွဲ့ (အစဏ) ၏ လုပ်ငန်းဆောင်တာများကို ဘေကီက နှောင့်ယှက်သောကြောင့်တည်း။ ဇူးမား ထောင်ကျရန် ဘေကီက ကြိုးပမ်းသောကြောင့်ဟု အတိုဆိုနိုင်သည်။

၂၀၀၉ အထွေထွေရွေးကောက်ပွဲတွင် ဇူးမားက အမကကို ခေါင်းဆောင်ကာ တောင်အာဖရိက၏ ရွေးကောက်ခံသမ္မတဖြစ်လာသည်။ ၂၀၁၂ ခု၊ ဒီဇင်ဘာလ ၁၈ ရက်တွင် မန်ဂေါင်၌လုပ်သော အမကကွန်ဂရက်၌ စိန်ခေါ်လာသူ ခလီမာ မော့တလန်သေကို မဲအနည်းအများဖြင့်နိုင်ကာ ၂၀၁၄ အထွေထွေရွေးကောက်ပွဲ၌လည်း သမ္မတအဖြစ် ဆက်လုပ်ရသည်။ သို့သော် ဇူးမား သမ္မတဆက်ဖြစ်သည်နောက် ပါတီအားထောက်ခံမှုမှာ အတော်ပင် လျော့ကျသွားသည်။ ၂၀၁၇ ခု၊ ဒီဇင်ဘာလ ၁၈ ရက်တွင် ဂျိုဟန္နက်စဘာ့ရှိ နက်စရက်၌လုပ်သည့် အမကကွန်ဂရက်တွင် ဇူးမားအားဆက်ခံရန် ဆိုင်ရေး ရာမာဖိုဆာကို ရွေးကြသည်။ ၎င်းနောက်တွင် ဇူးမားအား ရာထူးမှထွက်ရန် ဖိအားပေးလာသည်။ ပါလီမန်၌လည်း အယုံအကြည်မရှိအဆိုတင်မည့်အခြေအနေကြောင့် ၂၀၁၈ ခု၊ ဖေဖော်ဝါရီလ ၁၄ ရက်တွင် ရာထူးမှထွက်ကြောင်း ကြေညာရသည်။ နောက်ရက်တွင် ရာမာဖိုဆာက ရာထူးယူသည်။

ဇူးမားသည် သမ္မတမဖြစ်မီ၊ သမ္မတဖြစ်ခိုက်၊ သမ္မတဖြစ်ပြီးနောက် ကာလသုံးပါးလုံးတွင် အမှုအမျိုးမျိုးနှင့် ရင်ဆိုင်ရသည်။ ၂၀၀၅ ခုတွင် အဓမ္မမှုနှင့် အမှုဆိုင်ရသည်။ နောက် တရားသေလွတ်သည်။ သူ၏ဘဏ္ဍာရေးအကြံပေး အဖမ်းခံရပြီးနောက် ဆက်ကြေးကောက်ခြင်းနှင့် ချစားခြင်းတို့အတွက် ကာလရှည် တရားရင်ဆိုင်ရသည်။ ၂၀၀၉ ခု၊ ဧပြီလ ၆ ရက်တွင် နိုင်ငံရေးအသုံးချမှုရှိနိုင်ကြောင်း မှတ်ချက်ပြုကာ အစဏက စွဲချက်များကို ပယ်လိုက်သည်။ သို့သော် ၎င်းဆုံးဖြတ်ချက်ကို ကန့်ကွက်သော အတိုက်အခံပါတီများ ရှိခဲ့သည်။

၂၀၁၈ ခုတွင် တောင်အာဖရိကတရားရုံးချုပ်က ၂၀၀၉ ခုက ပယ်ထားသော ဇူးမား၏ လာဘ်စားမှုကို ပြန်စစ်ရန် အမိန့်ချသည်။ ၁၉၉၀ ကာလများက ဒေါ်လာ ၅ ဘီလီယံတန်ကြေးရှိ လက်နက်အရောင်းအဝယ်ကိစ္စများနှင့် စပ်လျဉ်း၍ဖြစ်သည်။ ချစားမှု၊ ဆက်ကြေးကောက်မှု၊ လိမ်လည်မှု၊ ငွေခဝါချမှု၊ တရားမဝင်ငွေလက်ခံမှု ၇၈၃ ခုတို့အတွက် ၁၆ ကြိမ် တရားရင်ဆိုင်ရသည်။ သို့သော် ၂၀၂၁ ခု၊ မေလတွင် အပြစ်မရှိ လွတ်သည်။

၂၀၁၈ မှစ၍ ဇွန်ဒိုကော်မရှင်ဖွဲ့ကာ ဇူးမားအား လိမ်လည်ချစားမှုတို့အတွက် စစစ်သည်။ ဇူးမားကမူ ၎င်းမတိုင်ခင်ကပင် အစစ်ခံနိုင်ကြောင်း ဆိုလေ့ရှိသည်။ သို့ရာတွင် ၂၀၁၉ ခု၊ ဇူလိုင်လ၌လုပ်သော ရုံးချိန်း စတုတ္ထမြောက်ရက်မှစ၍ ပေါ်မလာတော့။ အခြေခံဥပဒေခုံရုံးက ဇွန်ဒိုကော်မရှင်အရပြုလုပ်သည့် ရုံးချိန်းသို့ မလာခြင်းကြောင့် ရုံးတော်အားမထီမဲ့မြင်ပြုမှုဖြင့် ထောင်ဒဏ် ၁၅ လ ချမှတ်ထားသည်။ ၂၀၂၁ ခု၊ ဇွန်လ ၂၉ ရက်တွင် လူဖြူတို့အုပ်ချုပ်သော ၁၉၉၄ မှနောက်ပိုင်း ထောင်ဒဏ်ကျသည့် ပထမဆုံး တောင်အာဖရိကသမ္မတ ဖြစ်လာသည်။

၂၀၂၁ ဇွန် ၂၉ တွင် တရားရုံးအား မထီမဲ့မြင်ပြုခြင်းအတွက် ဇူးမားအားထောင်ဒဏ် ၁၅ လချမှတ်ခဲ့သည်။[၁၁]

မိသားစုဘဝ

၆ ကြိမ်လက်ထပ်ပြီး ၂၃ ယောက်သော သားသမီးများ ရှိသည်။ ၂၀၁၂ ခုတွင် ဒေးလီးတယ်လီဂရပ်က ၂၀ သာရှိမည်ဟု ခန့်မှန်းပြီး ၂၀၁၄ ထုတ် ဂါးဒီးယန်းကမူ ၂၁ ယောက်ဖြစ်ကြောင်း ဆိုသည်။

ကိုးကား

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်မြန်မာနိုင်ငံနှစ်ဆန်းတစ်ရက်နေ့သင်္ကြန်မင်းအောင်လှိုင်လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)မေတ္တသုတ်ရှစ်ပါးသီလပရိတ်ကြီး ၁၁ သုတ်အောင်ဆန်းစုကြည်ကိုးပါးသီလအောင်ဆန်းအောင်လပဋ္ဌာန်းလွတ်လပ်ရေးကြေညာစာတမ်းမဟာသမယသုတ်ရတနသုတ်တပ်မတော် (ကြည်း)အော်ကာတပ်မတော်ဘုရားဂုဏ်တော်ဘာဂျာမှုတ်ခြင်းဂေါတမဗုဒ္ဓမြန်မာပိတောက်ငါးပါးသီလဥပုသ်ဒုတိယ ကမ္ဘာစစ်စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)ကျန်စစ်သားမိန်းမ မျိုးပွားအင်္ဂါဆယ်ပါးသီလမြန်မာနိုင်ငံရှိ မြို့များမင်္ဂလသုတ်သင်္ကြန်မိုးဂျပန်နိုင်ငံမထိုးသွင်းသော လိင်ဆက်ဆံခြင်းမြန်မာ သက္ကရာဇ်ပုဂံ