ဂျပန် ရုပ်သံလွှင့် ကော်ပိုရေးရှင်း

ဂျပန် ရုပ်သံလွှင့် ကုမ္ပဏီ

ဂျပန် ရုပ်သံလွှင့် ကော်ပိုရေးရှင်း (ဂျပန်ဘာသာ : 日本放送協会 ၊ Hepburn: Nippon Hōsō Kyōkai ၊ တရားဝင် အင်္ဂလိပ်ဘာသာ : Japan Broadcasting Corporation ၊ အတိုကောက် : NHK ) သည် ဂျပန်နိုင်ငံအစိုးရ ၏ ရုပ်သံထုတ်လွှင့်ခြင်း ဥပဒေအောက်ရှိ ပြည်သူပိုင် အများပြည်သူ့ အကျိုးပြု ရုပ်သံလွှင့်လုပ်ငန်း တစ်ခုဖြစ်သည်။[၂] NHK ဟု သာ လူသိများပြီး အများပြည်သူ ထံမှ ကောက်ခံရရှိသော ရုပ်မြင်သံကြား လိုင်စင်ကြေးများ ဖြင့် လုပ်ငန်း လည်ပတ်နေသည်။ [၃]

ဂျပန် ရုပ်သံလွှင့် ကော်ပိုရေးရှင်း
Nippon Hōsō Kyōkai / Nihon Hōsō Kyōkai
日本放送協会
အမျိုးအစားရေဒီယို, မြေပြင်အခြေစိုက် ရုပ်သံထုတ်လွှင့်ခြင်း နှင့် ဂြိုဟ်တုရုပ်သံထုတ်လွှင့်ခြင်း
နိုင်ငံ ဂျပန်
ဖမ်းယူရရှိနိုင်မှုနိုင်ငံတစ်ဝန်း ၊ ကမ္ဘာတစ်ဝန်း
တည်ထောင်သည့်နှစ်၁၉၂၄ခုနှစ် နိုဝင်ဘာလ ၂၉ရက်
ကြော်ငြာまっすぐ、真剣。 ("Straightforward, earnest")[၁]
ထုတ်လွှင့်သည့် ဧရိယာ
 ဂျပန်
ဧရိယာရှီဘူရ ၊ တိုကျိုမြို့
ပိုင်ဆိုင်သူဂျပန်အစိုးရ ၏ ရုပ်သံထုတ်လွှင့်ခြင်း ဥပဒေအောက်ရှိ ပြည်သူပိုင်လုပ်ငန်း
အရေးပါ ပုဂ္ဂိုလ်
Ryoichi Ueda, ဥက္ကဋ္ဌ
Hikaru Doumoto, ဒု ဥက္ကဋ္ဌ
စတင်ထုတ်လွှင့်သည့်ရက်
မတ်လ ၁၉၂၅ (ရေဒီယို)
နိုဝင်ဘာလ ၁၉၅၀ (ဖေဖော်ဝါရီလ ၁၉၅၄) (ရုပ်မြင်သံကြား)
ယခင်အမည်များ
တိုကျို/အိုဆာကာ/နာဂိုရာ ရုပ်သံလွှင့်ဌာန (၁၉၂၅-၂၆)
Callsign meaning
Nippon Hōsō Kyōkai
တရားဝင် ဝက်ဘ်ဆိုဒ်
nhk.or.jp
ဖမ်းယူရရှိနိုင်မှု
မြေပြင်
NHK GeneralDigital–Ch 1 (တိုကျို, အိုဆာကာ)
Digital–Ch 3 (နာဂိုရာ)
NHK Educational TVDigital–Ch 2 (တိုကျို, အိုဆာကာ, နာဂိုရာ)
ဂြိုဟ်တု
NHK BS 1Digital-Ch 101
NHK BS PremiumDigital–Ch 103
NHK World-JapannhkTV, nhkRadio Japan
အွန်လိုင်းမီဒီယာ
NHK WorldNHK World English - www3.nhk.or.jp/nhkworld/en/live/
ရှိဘူရမြို့ ရှိ ရုပ်သံလွှင့်ဌာန
NHK ၏ ရုပ်သံလွှင့် ပြတိုက်
NHK အိုဆာကာ

ဂျပန် ရုပ်သံလွှင့် ကော်ပိုရေးရှင်း မှ မြေပြင်ရုပ်သံလိုင်း နှစ်လိုင်း ( NHK General TV နှင့် NHK Educational TV) ၊ ဂြိုဟ်တုရုပ်သံလိုင်း လေးလိုင်း  (NHK BS 1၊NHK BS Premium၊NHK BS 4K နှင့် NHK BS 8K) နှင့် ရေဒီယို သုံးလိုင်း (NHK Radio 1၊ NHK Radio 2 နှင့် NHK FM) တို့အား ထုတ်လွှင့်နေသည်။ မြေပြင်အ‌ခြေစိုက် ရုပ်သံလိုင်း နှင့် ဂြိုဟ်တုရုပ်သံလိုင်းများ မှာ အရည်အသွေးမြင့် ရုပ်သံလိုင်းများ ဖြစ်ကြသည်။

ဂျပန် ရုပ်သံလွှင့် ကော်ပိုရေးရှင်း သည် နိုင်ငံတကာ ရုပ်သံလွှင့် ဝန်ဆောင်မှုများ အဖြစ် NHK WORLD TVNHK WORLD Premium နှင့် ရေဒီယို ဂျပန် တို့ဖြစ်ပြီး အွန်လိုင်းစာမျက်နှာမှ လည်းကြည့်ရှနိုင်သည်။

သမိုင်းကြောင်း

NHK ၏ ရှေးဦးပိုင်း ရှေ့ပြေး အသံလွှင့်ဌာန အဖြစ် တိုကျိုအသံလွှင့်ဌာန  (東京放送局) ကို ၁၉၂၄ခုနှစ် တွင် တည်ထောင်ခဲ့သည်။ ၁၉၂၅ခုနှစ် ရေဒီယိုအသံ စတင်ထုတ်လွှင့်ချိန် တွင် တိုကျို အသံလွှင့်ဌာန အပြင် အိုဆာကာ အသံလွှင့်ဌာန နှင့် တိုရှိဘူအသံလွှင့်ဌာန တို့အား တည်ထောင်ခဲ့သည်။ အဆိုပါ အသံလွှင့်ဌာန သုံးခု သည် NHK ၏ ပြယုဂ်တစ်ခုတည်း အဖြစ် ၁၉၂၆ခုနှစ် ဩဂုတ်လ တွင် ပေါင်းစည်း ခဲ့သည်။[၄] NHK၏ ဒုတိယမြောက် အသံလွှင့် အဖွဲ့အစည်း ကို ၁၉၃၁ခုနုစ် တွင် စတင်ဖွဲ့စည်း ခဲ့ပြီး တတိယမြောက် အသံလွှင့် အဖွဲ့အစည်း ကို ၁၉၃၇ခုနှစ် တွင် စတင်ခဲ့သည်။

ရေဒီယို ထုတ်လွှင့်မှု

NHK သည် လိုင်းတို ရေဒီယို အသံလွှင့်မှု အဖြစ် ၁၉၃၀ခုနှစ် တွင် စမ်းသပ်ထုတ်လွှင့်ခဲ့ပြီး အင်္ဂလိပ်ဘာသာ နှင့် ဂျပန်ဘာသာ တို့ဖြင့် ပုံမှန် အသံလွှင့်မှု အား ၁၉၃၅ခုနှစ်တွင် ရေဒီယို ဂျပန်(RJ) ဟူသောအမည်ဖြင့် ဟာဝါရီ ရှိ ဂျပန်လူမျိုး သောတရှင်များ နှင့် မြောက်အမေရိက အနောက်ဘက် ကမ်းခြေတစ်လျှောက်အား ထုတ်လွှင့်ခဲ့သည်။၁၉၃၀ခုနှစ် နောက်ပိုင်းကာလ တွင် NHK ၏ ပင်လယ်ရပ်ခြား အသံလွှင့်လုပ်ငန်း မှာ ရေဒီယို တိုကျို (Radio Tokyo) ဟူ လူသိများလာပြီး ၁၉၄၁ခုနစ်တွင် တရားဝင် နာမည် ဖြစ်လာခဲ့သည်။

ဂြိုဟ်တုရုပ်သံထုတ်လွှင့်မှု

NHK ၏ ဂြိုဟ်တုရုပ်သံထုတ်လွှင့်မှု အဖြစ် NHK BS 1  ရုပ်သံလိုင်းဖြင့် ၁၉၈၄ခုနှစ် တွင်စတင်ထုတ်လွှင့်ခဲ့ပြီးနောက် ၁၉၈၅ခုနှစ်တွင် NHK BS 2 အားတိုးချဲ့ ထုတ်လွှင့်ခဲ့သည်။[၅] အဆိုပါ ရုပ်သံလိုင်း နှစ်ခု သည် ပုံမှန် ရုပ်သံထုတ်လွှင့်မှု အဖြစ် ၁၉၈၉ခုနှစ် မှသာ ထုတ်လွှင့်နိုင်ခဲ့သည်။

ဥရောပတိုက် နှင့် မြောက်အမေရိကတိုက် တို့အား နိုင်ငံတကာ ရုပ်သံထုတ်လွှင့်မှု အဖြစ် ၁၉၉၅ခုနှစ် တွင်စတင်ခဲ့ပြီး NHK WORLD TV ထုတ်လွှင့်မှုအား ၁၉၉၈ခုနစ်တွင် စတင်ခဲ့သည်။ အဆိုပါ ရုပ်သံလိုင်းအား ဥရောပတိုက်၌ Astra 19.2°E(Astra 1L) နှင့် Eurobird  ဂြိုဟ်တု စလောင်း များမှ ၂၀၀၈ခုနှစ်မှ စတင်ပြီး အခမဲ့ ထုတ်လွှင့်ပေးနေသည်။[၆]

ရုပ်သံလိုင်းများ နှင့် ရေဒီယိုများ

မြေပြင်အခြေစိုက်ရုပ်သံလိုင်း

NHK General TV

NHK General TV (NHK総合テレビジョン NHK Sōgō Terebijon) ရုပ်သံလိုင်းသည် ဂျပန် ရုပ်သံထုတ်လွှင့်မှု ကော်ပိုရေးရှင်း (NHK) ၏ ရုပ်သံဝန်ဆောင်များ မှ အဓိကရုပ်သံလိုင်းတစ်ခု ဖြစ်သည်။ အဆိုပါ ရုပ်သံလိုင်းမှ သတင်းအစီအစဉ် ၊ ရသစုံအစီအစဉ်များ ၊ တေးဂီတအစီအစဉ်များ ၊ အားကစားအစီအစဉ်များ ၊ အင်နီမေရှင်း နှင့် ရုပ်သံဇာတ်လမ်းတွဲများ ကို ပြသနေသည်။

NHK Educational TV

NHK Educational TV (NHK教育テレビジョン NHK Kyōiku terebijon) သည် ဂျပန် ရုပ်သံလွှင့် ကော်ပိုရေးရှင်း ၏ ဒုတိယမြောက် ရုပ်သံလိုင်း ဖြစ်သကဲ့သို့ NHK General TV ရုပ်သံလိုင်း၏ ညီအစ်မ ရုပ်သံလိုင်း လည်းဖြစ်သည်။ အဆိုပါ ရုပ်သံလိုင်းမှ ပညာရေး အထောက်အကူပြု ရုပ်သံအစီအစဉ် များ နှင့် အင်နီမေးရှင်း များအားပြသပေးနေသည်။

ရေဒီယို

NHK Radio 1 

NHK Radio 1 (NHKラジオ第1放送 NHK Rajio Dai-ichi Hōsō) သည် ဂျပန် ရုပ်သံလွှင့် ကော်ပိုရေးရှင်း (NHK) ၏ သက်တမ်းအကြာဆုံး အသံလွှင့် ရေဒီယိုတစ်ခုဖြစ်သည်။ ၁၉၂၅ခုနှစ် မတ်လ ၂၂ရက်နေ့တွင် စတင်အသံလွှင့်ခဲ့ပြီး ဒုတိယကမ္ဘာစစ်ကြီး အတွင်း စစ်သတင်းများ ကြေညာပေးသော ရေဒီယို တစ်ခု ဖြစ်ခဲ့သည်။ အဆိုပါ ရေဒီယိုသည် အများအားဖြင့် နေ့ အချိန်၌ သာထုတ်လွှင့်သည်။[၇]

NHK Radio 2

NHK Radio 2 (NHKラジオ第2放送 NHK Rajio Dai-ni Hōsō) သည် ဂျပန် ရုပ်သံလွှင့် ကော်ပိုရေးရှင်း အောက်ရှိ အသံလွှင့် ရေဒီယို တစ်ခုဖြစ်သည်။ အဆိုပါ ရေဒီယိုသည် NHK Education TV ကဲ့သို့ ပညာရေးဆိုင်ရာ အစီအစဉ်များ ကို ထုတ်လွှင့်ပေးနေသည်။ [၈]

NHK FM

NHK FM  (NHK-FM放送 NHK Efu Emu Hoso) သည် ဂျပန် ရုပ်သံလွှင့် ကော်ပိုရေးရှင်း (NHK) ၏လက်အောက်ရှိ ရေဒီယို တစ်ခုဖြစ်သည်။ အဆိုပါ ရေဒီယို မှာ တေးဂီတ အစီအစဉ်များနှင့် သတင်းအစီအစဉ်များကို ထုတ်လွှင့်ပေးနေသည်။

ကိုးကား

ပြင်ပလင့်

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်မြန်မာနိုင်ငံနှစ်ဆန်းတစ်ရက်နေ့သင်္ကြန်မင်းအောင်လှိုင်လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)မေတ္တသုတ်ရှစ်ပါးသီလပရိတ်ကြီး ၁၁ သုတ်အောင်ဆန်းစုကြည်ကိုးပါးသီလအောင်ဆန်းအောင်လပဋ္ဌာန်းလွတ်လပ်ရေးကြေညာစာတမ်းမဟာသမယသုတ်ရတနသုတ်တပ်မတော် (ကြည်း)အော်ကာတပ်မတော်ဘုရားဂုဏ်တော်ဘာဂျာမှုတ်ခြင်းဂေါတမဗုဒ္ဓမြန်မာပိတောက်ငါးပါးသီလဥပုသ်ဒုတိယ ကမ္ဘာစစ်စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)ကျန်စစ်သားမိန်းမ မျိုးပွားအင်္ဂါဆယ်ပါးသီလမြန်မာနိုင်ငံရှိ မြို့များမင်္ဂလသုတ်သင်္ကြန်မိုးဂျပန်နိုင်ငံမထိုးသွင်းသော လိင်ဆက်ဆံခြင်းမြန်မာ သက္ကရာဇ်ပုဂံ