ဂျော့ မိုက်ကယ်

ဂျော့ မိုက်ကယ် (အင်္ဂလိပ်: George Michael) (မွေးဖွား : ၁၉၆၃-ဇွန်-၂၅ မှ ကွယ်လွန် : ၂၀၁၆-ဒီဇင်ဘာ-၂၅) သည် အင်္ဂလိပ်လူမျိုးအဆိုတော်၊ တေးရေးသူ၊ တေးသီချင်းထုတ်လုပ်သူ တစ်ဦးဖြစ်သည်။ Wham! အဖွဲ့၏ အဆိုတော် နှစ်ဦးအနက်တစ်ဦးဖြစ်ကာ ပရဟိတလုပ်ငန်းများကို လုပ်ကိုင်သူလည်းဖြစ်သည်။ နောက်ပိုင်း၌ တစ်ကိုယ်တော် သီဆိုသူအဖြစ်လှုပ်ရှားခဲ့သည်။ ၎င်း၏ တေးအယ်လ်ဘမ်ရောင်းအား သန်း(၈၀)ကျော်ရှိခဲ့သဖြင့် တေးသီချင်း/အခွေရောင်းအား အကောင်းဆုံးသောအနုပညာရှင်များထဲတွင် ပါဝင်ခဲ့သည်။ [၂] ယူကေသီချင်းအကဲဖြတ်ဇယားတွင် အဆင့်တစ်ရသောသီချင်း (၇)ပုဒ်၊ ယူအက်စ် ဘီလ်ဘော့ဒ်ဇယားတွင် အဆင့်တစ်ရသောသီချင်း (၈)ပုဒ် စသည့် အောင်မြင်မှုများရှိခဲ့သည်။ ၁၉၈၀-၉၀နှစ်များတွင် "မင်းထွက်...ထွက်ခွာမသွားခင် တို့ကိုနှိုးလှည့်ပါဦး (Wake Me Up Before You Go-Go)၊ နောက်ဆုံးခရစ်စမတ် (Last Christmas) စသည့် Wham! အဖွဲ့နှင့် သီချင်းများ၊ ပေါ့ဆတီးတိုးသံ (Careless Whisper)၊ ယုံကြည်မှု (Faith) စသော တစ်ကိုယ်တော်တေးသီချင်းများဖြင့် ကျယ်ကျယ်ပြန့်ပြန့် အောင်မြင်မှုရခဲ့သည်။

ဂျော့ မိုက်ကယ်
စင်မြင့်ထက်၌ ဖျော်ဖြေနေသော မိုက်ကယ်
Faith ကမ္ဘာလှည့် ဖျော်ဖြေရေးခရီးစဉ်၊ ၁၉၈၈
မွေးဖွားGeorgios Kyriacos Panayiotou
(1963-06-25)၂၅ ဇွန်၊ ၁၉၆၃
အင်္ဂလန်၊ မစ်ဒယ်လ်ဆက် ၊ အရှေ့ဖင့်ချ်လေး အရပ်
ကွယ်လွန်၂၅ ဒီဇင်ဘာ၊ ၂၀၁၆(2016-12-25) (အသက် ၅၃)
အင်္ဂလန်၊ အောက်စဖို့ဒ်ရှိုင်းယား၊ သိမ်းမြစ်ပေါ်ရှိ ဂိုးရင်းရွာ
အလုပ်အကိုင်
  • အဆိုတော်
  • သီချင်းရေးဆရာ
  • တေးထုတ်လုပ်သူ
တက်ကြွလှုပ်ရှားနှစ်များ၁၉၈၁ – ၂၀၁၆
ဂီတခရီးလမ်း
ဂီတဟန်
  • Pop
  • post-disco
  • R&B
  • dance-pop
  • blue-eyed soul
တူရိယာအသံ
တေးသံသွင်း ကုမ္ပဏီ
  • Innervision
  • Columbia
  • Epic
  • Virgin
  • DreamWorks
  • Polydor
  • Sony
  • Aegean
ပူးတွဲ ပါဝင်မှု
ဝက်ဘ်ဆိုက်georgemichael.com

၁၉၈၁တွင် မိုက်ကယ်သည် နှစ်ယောက်တွဲ Wham! အဖွဲ့ကို အန်ဒရူး ရစ်ဂျ်လေနှင့် တည်ထောင်ခဲ့သည်။ ယင်းအဖွဲ့၏ ပထမဆုံး နှစ်ခွေဖြစ်သော ၁၉၈၃၌ ကောင်းလွန်းပါသော (Fantastic)၊ ၁၉၈၄၌ အောင်မြင်စေမယ် (Make It Big) စသည်တို့သည် ယူကေအခွေဇယားနှင့် ယူအက်စ် ဘီလ်ဘော့ဒ်သီချင်း (၂၀၀)တွင် အဆင့်(၁)ဖြင့်ရပ်တည်ခဲ့သည်။ မိုက်ကယ်၏ ပထမတစ်ကိုယ်တော်တေးဖြစ်သည့် "Careless Whisper" သည် ယူကေ၊ ယူအက်စ်အပါအဝင် နိုင်ငံ(၂၀)ကျော်၌ နံပါတ်တစ်ဖြစ်ခဲ့သည်။[၃][၄] မိုက်ကယ်၏ ပထမဆုံးတေးအယ်လ်ဘမ် Faith ကို ၁၉၈၇တွင် ဖြန့်ချိ၍ ဘီလ်ဘော့ဒ်သီချင်း (၂၀၀)တွင် (၁၂)ပတ်ကျော် အဆင့်(၁)အနေအထားဖြင့်ရပ်တည်နိုင်ကာ ယူကေသီချင်းအကဲဖြတ်ဇယားတွင်လည်း ထိပ်ဆုံး၌တည်ရှိခဲ့သည်။ ထိုအခွေမှ သီချင်းလေးပုဒ်ဖြစ်သော ယုံကြည်မှုဖခင်လိုပုဂ္ဂိုလ်(Father Figure)၊ နောက်တစ်ခေါက်လောက် ကြိုးစားပါဦး (One More Try)၊ မျောက် (Monkey) တို့သည်လည်း ဘီလ်ဘော့ဒ် ရေပန်းစားသီချင်း (၁၀၀)တွင် အဆင့်တစ်ရခဲ့၏။ (၃၁)ကြိမ်မြောက် ဂရမ်မီဆုပေးပွဲတွင် Faith ကို တစ်နှစ်တာ အကောင်းဆုံးတေးအခွေ ဂရမ်မီဆု ရွေးချယ်ခဲ့သည်။ သုံးနှစ်အကြာ၌ အစွဲမရှိဘဲ နားထောင်ပါ အတွဲ(၁) (Listen Without Prejudice Vol. 1) ကို ထုတ်ဝေခဲ့သည်။ ထိုအခွေမှ အချိန်အတွက်ဆုတောင်းပါ (Praying for Time) သည် ဘီလ်ဘော့ဒ် ရေပန်းစားသီချင်း (၁၀၀)တွင် နံပါတ်တစ်ရခဲ့ပြန်သည်။ [၅] တို့အပေါ်မှာ နေမဝင်ပါစေနဲ့ (Don't Let the Sun Go Down on Me) သီချင်းကို အယ်လ်တန် ဂျွန် နှင့် တွဲဖက်၍ ၁၉၉၁တွင် သီဆိုခဲ့သည်။ အမေရိက၊ ဥရောပတွင် အဆင့်တစ်ရသော သီချင်းတစ်ပုဒ် ဖြစ်လာခဲ့သည်။

၁၉၉၈တွင် ဂေးတစ်ယောက်ဟု ပြောဆိုကြေညာခဲ့၍ LGBT အခွင့်အရေး တက်ကြွဆောင်ရွက်သူ၊ အေ့ဒ်စ်ရောဂါ ရန်ပုံငွေထောက်ပံ့သူတစ်ဦးလည်းဖြစ်သည်။ ၁၉၉၀-၂၀၀၀နှစ်များအတွင်း မိုက်ကယ်၏ ပုဂ္ဂိုလ်ရေးဘဝနှင့် ဥပဒေဆိုင်ရာပြဿနာများသည် ခေါင်းကြီးသတင်းများဖြစ်လာ၍ ၁၉၉၈၌ အများပြည်သူရှေ့ ညစ်ညမ်းရိုင်းပြမှုဖြင့် အဖမ်းခံခဲ့ရသည်။ ယင်းနောက်တွင်လည်း ဆေးဝါးနှင့်ပတ်သက်သော ပြစ်မှုဖြင့် အကြိမ်များစွာ အဖမ်းခံခဲ့ရသည်။ ၂၀၀၅-ဂျော့မိုက်ကယ်၏ မတူကွဲပြားပုံပြင်တစ်ပုဒ် (A Different Story) သတင်းရုပ်ရှင်သည် ပုဂ္ဂိုလ်ရေးဘဝ၊ လုပ်ငန်းဘဝ များကို ခြုံငုံဖော်ပြသော ရုပ်သံတစ်ခုဖြစ်သည်။ ၁၉၉၁မှစ၍ ၎င်း၏ ပထမဖျော်ဖြေရေးခရီးစဉ် 25 Live သည် ၂၀၀၆-၀၇-၀၈ သုံးနှစ်ကြာ ခရီးစဉ်သုံးခုဖြစ်၏။ လေးနှစ်အကြာ ၂၀၁၂ တွင် ၎င်း၏ နောက်ဆုံးဖျော်ဖြေတင်ဆက်မှုကို လန်ဒန်မြို့ Earls Court ၌ ကျင်းပပြုလုပ်ခဲ့သည်။ ၂၀၁၆ ဒီဇင်ဘာ ၂၅ ရက် ခပ်စောစောတွင် ၎င်း၏နေအိမ် အောက်စဖို့ဒ်ရှီးယား (Oxfordshire)၊ သိမ်းမြစ်နံဘေးရှိ Goring ရွာ၌ သေဆုံးနေသည်ကို တွေ့ရှိခဲ့ကြသည်။ အသက် (၅၃)နှစ်ဖြစ်ကာ သေမှုစုံစမ်းရေးသတင်းထုတ်ပြန်မှုတွင် သမားရိုးကျ သေဆုံးခဲ့သည်ဟုဖော်ပြသည်။

မိုက်ကယ်သည် ဂရမ်မီဆု နှစ်ကြိမ်၊ ဘရစ်ဆု သုံးကြိမ်၊ အမေရိကန်ဂီတဆု သုံးကြိမ်၊ MTV ရုပ်သံဂီတဆု (MTV Video Music Award) လေးကြိမ် နှင့် Ivor Novello ဆု ခြောက်ကြိမ်ရရှိခဲ့၏။ ၂၀၀၄ ရေဒီယိုအကယ်ဒမီက မိုက်ကယ်ကို ၁၉၈၄-၂၀၀၄ အတွင်းဗြိတိသျှရေဒီယို၌ အသံလွှင့်ရမှုအများဆုံး အဆိုတော်အဖြစ် ကြေညာခဲ့သည်။[၆] ဘီလ်ဘော့ဒ် (မဂ္ဂဇင်း)၏ သမိုင်းတစ်လျှောက် အကြီးကျယ်ဆုံး အဆိုတော် (၁၀၀)စာရင်း၌ အဆင့်(၄၀) ဟု မိုက်ကယ်ကို ၂၀၀၈၌ သတ်မှတ်ဖော်ပြခဲ့သည်။

ထွက်ရှိခဲ့သော တေးအယ်လ်ဘမ်များ

စတူဒီယိုအခွေများမှာ
  • Faith (1987)
  • Listen Without Prejudice Vol. 1 (1990)
  • Listen Without Prejudice Vol. 2 (1991, unreleased)
  • The Trojan Souls (1993, unreleased)
  • Older (1996)
  • Songs from the Last Century (1999)
  • Patience (2004)
တိုက်ရိုက် ရိုက်ကူးထုတ်ဝေသော အခွေ
  • Symphonica (2014)
စိတ်ကြိုက်တေးများစုစည်းမှု အခွေ
  • Ladies and Gentlemen’s (1997)
  • TWENTY FIVE (2006)
ကွယ်လွန်ပြီးမှ ထုတ်ဝေသောအခွေ
  • Listen Without Prejudice/MTV Unplugged (2017)

ကိုးကား

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်မြန်မာနိုင်ငံနှစ်ဆန်းတစ်ရက်နေ့သင်္ကြန်မင်းအောင်လှိုင်လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)မေတ္တသုတ်ရှစ်ပါးသီလပရိတ်ကြီး ၁၁ သုတ်အောင်ဆန်းစုကြည်ကိုးပါးသီလအောင်ဆန်းအောင်လပဋ္ဌာန်းလွတ်လပ်ရေးကြေညာစာတမ်းမဟာသမယသုတ်ရတနသုတ်တပ်မတော် (ကြည်း)အော်ကာတပ်မတော်ဘုရားဂုဏ်တော်ဘာဂျာမှုတ်ခြင်းဂေါတမဗုဒ္ဓမြန်မာပိတောက်ငါးပါးသီလဥပုသ်ဒုတိယ ကမ္ဘာစစ်စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)ကျန်စစ်သားမိန်းမ မျိုးပွားအင်္ဂါဆယ်ပါးသီလမြန်မာနိုင်ငံရှိ မြို့များမင်္ဂလသုတ်သင်္ကြန်မိုးဂျပန်နိုင်ငံမထိုးသွင်းသော လိင်ဆက်ဆံခြင်းမြန်မာ သက္ကရာဇ်ပုဂံ