ဂျွန် အက်ဖ် ကနေဒီ

(ဂျွန်အက်ဖ်ကနေဒီ မှ ပြန်ညွှန်းထားသည်)

ဂျွန် ဖဇ်ဂရက်ဒ်ကနေဒီ (မေ ၂၉၊ ၁၉၁၇ - နိုဝင်ဘာ ၂၂၊ ၁၉၆၃) ကို များသောအားဖြင့် သူ၏ နာမည် အတိုကောက် JFK ဖြင့် ရည်ညွှန်းလေ့ ရှိကြသည်။ သူသည် အမေရိကန်ပြည်ထောင်စု ၏ ၃၅ ယောက်မြောက် သမ္မတ ဖြစ်ပြီး ၁၉၆၁ ခုနှစ်မှ လုပ်ကြံခံရသည့် ၁၉၆၃ ခုနှစ် အထိ သမ္မတ အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

ဂျွန် အက်ဖ် ကနေဒီ
ဂျွန် အက်ဖ် ကနေဒီ
အမည်ရင်းဂျွန် ဖဇ်ဂရက်ဒ်ကနေဒီ
အမည်ကွဲဂျေအက်ဖ်ကေ
မွေးသက္ကရာဇ်၂၉ မေ ၁၉၁၇
ဘရွတ်ကလိုင်း၊ မက်ဆာချူးဆက်ပြည်နယ်၊  အမေရိကန်
ကွယ်လွန်၂၂ အောက်တိုဘာ ၁၉၆၃
နိုင်ငံသားအမေရိကန်
ပညာရေးဟားဗတ် ကောလိပ် (S.B)
အလုပ်အကိုင်နိုင်ငံရေးသမား
စာရေးဆရာ
မွေးရပ်ဇာတိဘရွတ်ကလိုင်း၊ မက်ဆာချူးဆက်ပြည်နယ်၊ အမေရိကန်
ကြင်ဖော်ဂျက်ကလင်း လီး ဘော်ဗီယာ
လက်မှတ်

ဒုတိယကမ္ဘာစစ်အတွင်း တောင်ပစိဖိတ် သမုဒ္ဒရာ ဒေသတွင် မော်တော် တော်ပီဒို သင်္ဘော ပီတီ-၁၀၉ နှင့် မော်တော် တော်ပီဒို သင်္ဘော ပီတီ-၅၉ တို့၏ ရေယာဉ်မှူးအဖြစ် ဆောင်ရွက်ခဲ့ပြီးသည့်နောက်တွင် မက်ဆာချူးဆက် ၁၁ ခုမြောက် ကွန်ဂရက် ဒိစတြိတ် အတွင်းတွင် ၁၉၄၇ မှ ၁၉၅၃ အထိ ဒီမိုကရက် လွှတ်တော်အမတ် အဖြစ် ဆောက်ရွက်ခဲ့သည်။ ထို့နောက်တွင် ဆီးနိတ်လွှတ်တော်တွင် ၁၉၅၃ မှ ၁၉၆၀ အထိ တာဝန်ထမ်းဆောင်ခဲ့သည်။ ကနေဒီသည် ဒုတိယ သမ္မတနှင့် ရီပတ်ဘလစ်ကင် သမ္မတလောင်းဖြစ်သော ရစ်ချက် နစ်ကဆင်ကို ၁၉၆၀ သမ္မတ ရွေ:ကောက်ပွဲတွင် ရှုံးနိမ့်ခဲ့သည်။ သူသည် သီအိုဒိုး ရုစဗဲ့မှ လွဲလျှင် ဒုတိယမြောက် အငယ်ဆုံး အမေရိကန် သမ္မတဖြစ်ပြီး ၂၀ ရာစု မွေးဖွားသည့် သမ္မတများတွင် ပထမဆုံး ဖြစ်သည်။ ကနေဒီသည် ရွေးကောက်တင်မြှောက်ခံရသည့် သမ္မတများတွင် အငယ်ဆုံး ဖြစ်ပြီး ၄၃ နှစ်တွင် ရွေးချယ်တင်မြှောက်ခံခဲ့ရသည်။ ကနေဒီသည် တစ်ဦးတည်းသော ကက်သလစ် ဘာသာဝင် သမ္မတနှင့် အိုင်းရစ်ရှ်အမေရိကန် သမ္မတဖြစ်ပြီး ပူလစ်ဇာဆု ချီးမြှင့်ခြင်းခံရသော တစ်ဦးတည်းသော သမ္မတဖြစ်သည်။


🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်မြန်မာနိုင်ငံနှစ်ဆန်းတစ်ရက်နေ့သင်္ကြန်မင်းအောင်လှိုင်လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)မေတ္တသုတ်ရှစ်ပါးသီလပရိတ်ကြီး ၁၁ သုတ်အောင်ဆန်းစုကြည်ကိုးပါးသီလအောင်ဆန်းအောင်လပဋ္ဌာန်းလွတ်လပ်ရေးကြေညာစာတမ်းမဟာသမယသုတ်ရတနသုတ်တပ်မတော် (ကြည်း)အော်ကာတပ်မတော်ဘုရားဂုဏ်တော်ဘာဂျာမှုတ်ခြင်းဂေါတမဗုဒ္ဓမြန်မာပိတောက်ငါးပါးသီလဥပုသ်ဒုတိယ ကမ္ဘာစစ်စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)ကျန်စစ်သားမိန်းမ မျိုးပွားအင်္ဂါဆယ်ပါးသီလမြန်မာနိုင်ငံရှိ မြို့များမင်္ဂလသုတ်သင်္ကြန်မိုးဂျပန်နိုင်ငံမထိုးသွင်းသော လိင်ဆက်ဆံခြင်းမြန်မာ သက္ကရာဇ်ပုဂံ