စက်ဘီးစီးခြင်း

စက်ဘီးစီးခြင်း (cycling or bicycling or biking)သည်သယ်ယူပို့ဆောင်ရေးအတွက်ဖြစ်စေ၊ အားလပ်ချိန်အပန်းဖြေမှု(recreation)အတွက်ဖြစ်စေ၊ အားကစားအနေဖြင့်ဖြစ်စေ စက်ဘီးကိုအသုံးပြုခြင်းကိုဆိုလိုသည်။[၁]ဤသို့အသုံးပြုသူများကို မြန်မာဘာသာတွင် ရိုးရိုးသာမန်အပျော်စီးခြင်းဖြစ်စေ၊ သယ်ယူပို့ဆောင်ရေးအတွက်ဖြစ်စေ စီးသူများကိုစက်ဘီးစီးသူများဟု ခေါ်ကြပြီး၊ အားကစားပြိုင်ပွဲဝင်စီးသူများကိုမူစက်ဘီးအားကစားသမားများဟု ခေါ်ကြသည်။ အင်္ဂလိပ်ဘာသာတွင်မူ ဆိုက်ကလစ်(cyclists)[၂]၊ ဘိုင်ဆိုက်ကလစ် (bicyclists)[၃] သို့မဟုတ်ဘိုက်ကာ(bikers)[၄]ဟုခေါ်ကြသည်။ ဘီးနှစ်လုံးတပ် စက်ဘီးများသာမက၊ ဘီးတစ်လုံးတပ်စက်ဘီးများ (unicycles)၊ ဘီးသုံးလုံးတပ်စက်ဘီးများ(tricycles)၊ ဘီးလေးလုံးတပ်စက်ဘီးများ (quadracycles)၊ အိပ်နင်းစက်ဘီးများ(recumbent) အစရှိသည့် လူအားဖြင့် မောင်းနှင်သော ဘီးတပ်ယာဉ်များအားစီးနင်းခြင်းအားလုံးကိုလည်း စက်ဘီးစီးခြင်းဟုပင် ခေါ်ကြသည်။

2021 Giro d'Italia ပြိုင်ပွဲတွင်တွေ့ရသော စက်ဘီးအားကစားသမားများ
လန်ဒန်မြို့တွင် ကင်းလှည့်နေသော စက်ဘီးစီး ပုလိပ်များ
သီရိလင်္ကာနိုင်ငံမှ စက်ဘီးစီးနေသော အမျိုးသမီးတစ်ဦး
အမ်စတာဒမ်မြို့ရှိ စက်ဘီးလမ်း(bike lane) တစ်ခု။ စက်ဘီးလမ်းဆိုသည်မှာ အမြန်ယာဉ်များဝင်ရောက်သွားလာခွင့်မပေးသည့် စက်ဘီးစီးသူများအတွက်သာ သီးသန့်ဖောက်ထားသောလမ်းကြောင်းများကို ဆိုလိုသည်။

စက်ဘီးများကို ၁၉ ရာစုတွင် စတင်အသုံးပြုလာကြပြီး၊ ယခုအခါကမ္ဘာတစ်ဝန်းလုံးတွင် ခန့်မှန်းခြေ တစ်ဘီလီယံ (သန်းတစ်ထောင်)ခန့် အရေအတွက်ရှိသည်။[၅]စက်ဘီးစီးခြင်းသည် ကမ္ဘာ့နေရာအများအပြားနှင့် အထူးသဖြင့် လူနေထူထပ်သော ဥရောပမြို့ကြီးများတွင်တစ်နေရာမှတစ်နေရာသို့ သွားလာခြင်းအတွက် အဓိကသယ်ပို့နည်းလမ်းများ ဖြစ်နေသည်။[၆]

စက်ဘီးစီးခြင်းကို တာတို သို့မဟုတ် တာလတ်ခရီးအကွာအဝေးများအတွက်ထိထိရောက်ရောက်နှင့် အကျိုးများသော သယ်ယူပို့ဆောင်မှုနည်းလမ်းတစ်ခု[၇][၈]အဖြစ်အများစုက မှတ်ယူကြသည်။

ကိုးကား

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်မြန်မာနိုင်ငံနှစ်ဆန်းတစ်ရက်နေ့သင်္ကြန်မင်းအောင်လှိုင်လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)မေတ္တသုတ်ရှစ်ပါးသီလပရိတ်ကြီး ၁၁ သုတ်အောင်ဆန်းစုကြည်ကိုးပါးသီလအောင်ဆန်းအောင်လပဋ္ဌာန်းလွတ်လပ်ရေးကြေညာစာတမ်းမဟာသမယသုတ်ရတနသုတ်တပ်မတော် (ကြည်း)အော်ကာတပ်မတော်ဘုရားဂုဏ်တော်ဘာဂျာမှုတ်ခြင်းဂေါတမဗုဒ္ဓမြန်မာပိတောက်ငါးပါးသီလဥပုသ်ဒုတိယ ကမ္ဘာစစ်စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)ကျန်စစ်သားမိန်းမ မျိုးပွားအင်္ဂါဆယ်ပါးသီလမြန်မာနိုင်ငံရှိ မြို့များမင်္ဂလသုတ်သင်္ကြန်မိုးဂျပန်နိုင်ငံမထိုးသွင်းသော လိင်ဆက်ဆံခြင်းမြန်မာ သက္ကရာဇ်ပုဂံ