ဆောင်ခရမ် အားလပ်ရက်

ဆောင်ခရမ် (ထိုင်း: เทศกาลสงกรานต์) သည် ထိုင်းနိုင်ငံ၏ နှစ်သစ်ကူးရေကစားပွဲတော်အတွက် အားလပ်ရက်ဖြစ်သည်။ နှစ်စဉ် ဧပြီလ ၁၃ရက်နေ့ဖြစ်သော်လည်း ၁၄ရက်နှင့် ၁၅ရက်နေ့ပါ အားလပ်ရက် ပါဝင်သည်။ ၂၀၁၈ တွင် ထိုင်းအစိုးရမှ ၁၂ မှ ၁၆ ရက်နေ့အထိ တိုးမြှင့်ခဲ့သည်။ ဆောင်ခရမ်ဟူသော စကားသည် သင်္သကရိုက်မှလာသည်။ ပြောင်းလဲခြင်း ဖြစ်သည်။ အိန္ဒိယတွင် နွေဦးပွဲတော်အဖြစ် ကျင်းပသည့် ဟိန္ဒူကောက်ရိတ်သိမ်းပွဲဖြစ်သည့် မကာဆောင်ခရမ် မှ စကားလုံးယူထားခြင်း ဖြစ်သည်။ တောင်နှင့် အရှေ့တောင်အာရှနိုင်ငံများ၏ ဗုဒ္ဓနှင့်ဟိန္ဒူဝါဒ ပြက္ခဒိန်များအရ ကျင်းပခြင်း ဖြစ်သည်။

ဆောင်ခရမ်
တရားဝင်နာမည်ဆောင်ခရမ်ပွဲတော်
ကျင်းပသည့်နိုင်ငံထိုင်းနှင့် မလေး-ဆိုင်ရမ်
အမျိုးအစားအာရှပွဲတော်
သိသာထင်ရှားမှုထိုင်းနှစ်သစ်ကူး
စတင်ဧပြီ ၁၃
ပြီးဆုံးဧပြီ ၁၅
နေ့ရက်ဧပြီ ၁၃
ဆက်နွယ်မှုတောင်နှင့် အရှေ့တောင်အာရှနိုင်ငံများ
ချင်းမိုင်ဆောင်ခရမ်

ထိုင်းနိုင်ငံတွင် နှစ်သစ်ကူးရက်ကို ဇန်နဝါရီ ၁ ရက်နေ့သို့ ပြောင်းလဲလိုက်ပြီး ဆောင်ခရမ်မှာ အားလပ်ရက်အဖြစ် ပြောင်းလဲလိုက်သည်။

တွက်ချက်မှု

၁၉၈၉ တွင် ထိုင်းအစိုးရမှ ဆောင်ခရမ်ရက်ကို ၁၂-၁၄ ဧပြီသို့ ပြောင်းလဲလိုက်သည်။ အမှန်တကယ် စတင်ချိန်မှာ ဧပြီ ၁၃ ရက်နေ့ ည ၈:၅၇ ဖြစ်သည်။ သို့သော် ဆောင်ခရမ်ကို ရိုးရာပြက္ခဒိန်အရသာ တွက်ချက်သည်။ အေးရိရာသီခွင်သို့ နေရောက်ရှိချိန်တွင် ပွဲတော်စတင်သည်။ ဤနေ့ကို မဟာဆောင်ခရမ်နေ့ဟု ခေါ်သည်။ နောက်ဆုံးနေ့ကို နှစ်သစ်၏ ပထမဆုံးနေ့ဟု သတ်မှတ်ပြီး ဝက်သလိုနမ်ဆောက်(วันเถลิงศก) ဟုခေါ်သည်။

နှစ်သစ်ကူးရိုးရာ

ဆောင်ခရမ်ပွဲတော်သည် ရိုးရာယဉ်ကျေးမှုများစွာ ပြည့်ဝနေသည်။ မနက်ပိုင်းကို ကောင်းမှုကုသိုလ်ပြုသည်။ ဤအခါသမယတွင် ဗုဒ္ဓရုပ်ပွားတော်များကို ရေသပ္ပါယ်ကြသည်။

အားလပ်ရက်သည် ရေကစားခြင်းကြောင့် နာမည်ကြီးသည်။ တစ်ယောက်နှင့်တစ်ယောက် ရေပက်ကြသည်။ အချို့နေရာများတွင် ဆောင်ခရမ်အလှမယ် ရွေးကြသည်။

ထိုင်းနိုင်ငံ

အလယ်ပိုင်းဒေသ

ဤဒေသရှိ လူများသည် ဆောင်ခရမ်မစခင်တွင် အိမ်သန့်ရှင်းကြသည်။ ဘုန်းကြီးများကို လှူကြသည်။

တောင်ပိုင်းတောင်ပိုင်းတွင် အလုပ်ကို အနည်းငယ်သာလုပ်ပြီး ငွေကို အနည်းငယ်သာသုံးခြင်း၊ မည်သူ့ကိုမျှ မနာကြင်စေရ၊ လိမ်မပြောရသည့် စည်းမျဉ်း ၃ ခုဖြင့် ကျင်းပသည်။

မြောက်ပိုင်း၁၃ ရက်နေ့တွင် ရေပြွတ်များဖြင့် ရေကစားကြသည်။ နောက်နေ့တွင် ဘုန်းကြီးကျောင်းများသို့ လှူဒါန်းကြသည်။

အရှေ့အခြားအပိုင်းများသို့ပင် ဖြစ်သည်။

အခြားနေရာများရှိ ဆောင်ခရမ်

ဆောင်ခရမ်ကို မလေးရှား-ဆိုင်ရမ်များမှ မလေးရှား၏ ပြည်နယ်အချို့တွင် ကျင်းပကြသည်။

အိန္ဒိယအရှေ့မြောက်ပိုင်းတွင် ဆန်ခမ်း ဟူသောအမည်၊ ဘီဇူ၊ ဘွိုင်ဆောက်၊ ရှန်ဂရီ၊ ဘွိုင်ဆာဘီ အမည်များဖြင့် ဘင်္ဂလားပြည် စစ်တကောင်းတောင်တန်း များတွင် ကျင်းပသည်။

ကိုးကား

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်မြန်မာနိုင်ငံနှစ်ဆန်းတစ်ရက်နေ့သင်္ကြန်မင်းအောင်လှိုင်လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)မေတ္တသုတ်ရှစ်ပါးသီလပရိတ်ကြီး ၁၁ သုတ်အောင်ဆန်းစုကြည်ကိုးပါးသီလအောင်ဆန်းအောင်လပဋ္ဌာန်းလွတ်လပ်ရေးကြေညာစာတမ်းမဟာသမယသုတ်ရတနသုတ်တပ်မတော် (ကြည်း)အော်ကာတပ်မတော်ဘုရားဂုဏ်တော်ဘာဂျာမှုတ်ခြင်းဂေါတမဗုဒ္ဓမြန်မာပိတောက်ငါးပါးသီလဥပုသ်ဒုတိယ ကမ္ဘာစစ်စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)ကျန်စစ်သားမိန်းမ မျိုးပွားအင်္ဂါဆယ်ပါးသီလမြန်မာနိုင်ငံရှိ မြို့များမင်္ဂလသုတ်သင်္ကြန်မိုးဂျပန်နိုင်ငံမထိုးသွင်းသော လိင်ဆက်ဆံခြင်းမြန်မာ သက္ကရာဇ်ပုဂံ