ဉာဏ်ဝင်း (NLD)

မြန်မာနိုင်ငံရေးသမား
(ဉာဏ်ဝင်း၊ ဦး (NLD) မှ ပြန်ညွှန်းထားသည်)

ဦးဉာဏ်ဝင်း သည် မြန်မာနိုင်ငံသား နိုင်ငံရေးသမားနှင့် ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေဖြစ်သည်။[၁][၂] ဦးဉာဏ်ဝင်းသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဗဟိုအလုပ်အမှုဆောင် ကော်မတီအဖွဲ့ဝင်နှင့် ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးလည်း ဖြစ်သည်။[၃][၄] သူသည် ပါတီ၏ ဥပေဒေရေးရာ အကြံပေးအဖြစ် တာဝန်ယူခဲ့သည်။[၅]

ဉာဏ်ဝင်း
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်
ဆက်ခံသူခင်မောင်မြင့် (တစည)
မဲဆန္ဒနယ်ပေါင်မြို့နယ် မဲဆန္ဒနယ် ၁
အနိုင်ရမဲ အရေအတွက်၂၀,၀၃၂ (၅၅.၂%)
ကိုယ်ရေး အချက်အလက်များ
မွေးဖွား(1942-11-20)၂၀ နိုဝင်ဘာ၊ ၁၉၄၂
မြန်မာနိုင်ငံ
ကွယ်လွန်ဇူလိုင် ၂၀၊ ၂၀၂၁(2021-07-20) (အသက် ၇၈)
ရန်ကုန်မြို့
လူမျိုးမြန်မာ
နိုင်ငံရေးပါတီအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ကြင်ဖော်(များ)ဒေါ်လှလှဝင်း
မိဘဦးချင်းဖေ (ဖခင်)
ဒေါ်ရီ (မိခင်)
ပညာရေးLLB (၁၉၆၈)
မိခင်ကျောင်းရန်ကုန် ဝိဇ္ဇာနှင့် သိပ္ပံ တက္ကသိုလ်
အလုပ်အကိုင်ဗဟိုတရားရုံးချုပ် ရှေ့နေ (အငြိမ်းစား)

၁၉၉၀ အထွေထွေ ရွေးကောက်ပွဲတွင် မွန်ပြည်နယ် ပေါင်မြို့နယ် မဲဆန္ဒနယ် ၁ မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ မဲအရေအတွက် ၂၀,၀၃၂ ဖြင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် အနိုင်ရခဲ့သည်။[၆]

ဦးဉာဏ်ဝင်းကို ၁၉၄၂ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်နေ့တွင် ဦးချင်းဖေနှင့် ဒေါ်ရီတို့မှ မွန်ပြည်နယ်၊ ကျိုက္ခမီမြို့၌ မွေးဖွားခဲ့သည်။[၆] ရန်ကုန်တက္ကသိုလ်မှ ဥပဒေဘွဲ့ရရှိခဲ့ပြီးနောက် ၁၉၇၀ မှ ၁၉၇၃ အထိ ဗဟိုတရားရုံးချုပ် ရှေ့နေအဖြစ် လုပ်ကိုင်ခဲ့သည်။ ထို့နောက် အစိုးရရှေ့နေအဖြစ် အငြိမ်းစားယူချိန် ၁၉၈၈ ခုနှစ် နိုဝင်ဘာအထိ လုပ်ကိုင်ခဲ့သည်။[၆]

ဘဝနိဂုံး

၂၀၂၁ စစ်အာဏာသိမ်းမှုအတွင်း ဖမ်းဆီးထိန်းသိမ်းခံထားရသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဗဟိုအလုပ်အမှုဆောင် ဦးဉာဏ်ဝင်းသည် ဇူလိုင်လ ၂၀ရက်နေ့ နံနက် ၉ နာရီကျော်တွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ကိုဗစ်ရောဂါကူးစက်ခံရပြီး ကွယ်လွန်သည်။

ဦးဉာဏ်ဝင်းသည် ဆီးကြိတ်ရောဂါ အခံရှိပြီး ၊ ကိုဗစ်ရောဂါကူးစက်ခံရပြီး ဇူလိုင် ၁၁ ရက်နေ့မှစတင်ကာ အင်းစိန်ထောင်မှ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ လွှဲပြောင်းကုသပြီးနောက် ၉ ရက်အကြာတွင် ကွယ်လွန်သည်။

ကိုးကား

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်မြန်မာနိုင်ငံနှစ်ဆန်းတစ်ရက်နေ့သင်္ကြန်မင်းအောင်လှိုင်လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)မေတ္တသုတ်ရှစ်ပါးသီလပရိတ်ကြီး ၁၁ သုတ်အောင်ဆန်းစုကြည်ကိုးပါးသီလအောင်ဆန်းအောင်လပဋ္ဌာန်းလွတ်လပ်ရေးကြေညာစာတမ်းမဟာသမယသုတ်ရတနသုတ်တပ်မတော် (ကြည်း)အော်ကာတပ်မတော်ဘုရားဂုဏ်တော်ဘာဂျာမှုတ်ခြင်းဂေါတမဗုဒ္ဓမြန်မာပိတောက်ငါးပါးသီလဥပုသ်ဒုတိယ ကမ္ဘာစစ်စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)ကျန်စစ်သားမိန်းမ မျိုးပွားအင်္ဂါဆယ်ပါးသီလမြန်မာနိုင်ငံရှိ မြို့များမင်္ဂလသုတ်သင်္ကြန်မိုးဂျပန်နိုင်ငံမထိုးသွင်းသော လိင်ဆက်ဆံခြင်းမြန်မာ သက္ကရာဇ်ပုဂံ