ဒိုမေနီကို စကာလာ့တီ

အီတလီလူမျိုးတေးရေးဆရာ (၁၆၈၅-၁၇၅၇)

ဂျူဆပ်ပဲ ဒိုမေနီကို စကာလာ့တီ (အီတလီ: Giuseppe Domenico ScarlattiDoménico သို့မဟုတ် Domingo Scarlatti) သည် အီတလီလူမျိုး တေးရေးဆရာနှင့် ဟာ့ပ်ဆီကော့ဒ်တီးခတ်သူဖြစ်သည်။ သူ့အား ဘားရော့ခေတ် ဂီတပညာရှင်ဟု သတ်မှတ်ကြသော်လည်း သူ၏သီချင်းများတွင် ကလက်ဆီကယ်‌ခေတ်ဂီတ၏ အသွင်အပြင်များကိုတွေ့မြင်ရသည်။ သူ၏သီချင်းများအနက် ဆိုနာတာ ၅၅၅ ပုဒ်မှာ ထင်ရှားသည်။[၁] သူသည် ဘဝတစ်လျှောက်လုံး ပေါ်တူဂီနှင့် စပိန်နိုင်ငံတို့၏ ဘုရင်မိသားစုများအထံ၌ ခစားလုပ်ကိုင်ခဲ့သည်။

ဂျူဆပ်ပဲ ဒိုမေနီကို စကာလာ့တီ
ဒိုမင်ဂို အန်တိုနီယို ဗလာ့စ်ကိုမှ ရေးဆွဲထားသော စကာလာ့တီ၏ပန်းချီ
မွေးဖွား၂၆ အောက်တိုဘာ ၁၆၈၅
နေပယ်မြို့၊ နေပယ်တိုင်းပြည်
ကွယ်လွန်၂၃ ဇူလိုင် ၁၇၅၇ (အသက် ၇၁ နှစ်)
မဒရစ်စပိန်
အိမ်ထောင်ဖက်(များ)မာရီယာ ကတာရီနာ ဂန်တီလီ (၁၇၃၉ တွင် ကွယ်လွန်)
အနာစတာစီယာ မဇာတီ ဇီမဲနဲ(စ်) (၁၇၄၂ တွင်လက်ထပ်)
မိဘ(များ)
  • အလက်ဆန်းဒရိုး စကာလာ့တီ (ဖခင်)

ကိုယ်ရေးအကျဉ်း

ဒိုမေနီကို စကာလာ့တီသည် ၁၆၈၅ ခုနှစ်တွင် စပိန်လက်အောက်ခံဖြစ်သော နေပယ်မြို့တွင် ဖွားမြင်ခဲ့သည်။ မွေးချင်း ၁၀ ယောက်အနက် ခြောက်ယောက်မြောက်သားဖြစ်သည်။ သူ၏ဖခင်ဖြစ်သူ အလက်ဆန်းဒရိုး စကာလာ့တီ (Alessandro Scarlatti) သည်လည်း တေးရေးဆရာတစ်ဦးပင် ဖြစ်သည်။ သူသည် ငယ်စဉ်ကပင် သူ၏ဖခင်ထံ၌ ဂီတပညာကို သင်ယူခဲ့သည်။[၂] ထို့အပြင် အခြားသော တေးရေးဆရာများထံမှလည်း သင်ယူခဲ့သည်။

၁၇၀၁ ခုနှစ်တွင် သူအား နေပယ်မြို့ဘုရားကျောင်းငယ်၌ အော်ဂန်ဆရာနှင့် တေးရေးဆရာအဖြစ် ခန့်အပ်ခဲ့သည်။ ၁၇၀၃ ခုနှစ်တွင် သူ၏ဖခင်သည် သူအားဗင်းနစ်မြို့သို့ သွားစေခဲ့သည်။ ၁၇၀၉ ခုနှစ်တွင် ရောမမြို့သို့ သွားရောက်ခဲ့ရာ နယ်နှင်ဒဏ်ခံခဲ့ရသည့် ပိုလန်ဘုရင်မ မာရီးအဲ ကက်စီမီရဲ (Marie Casimire) အားဖျော်ဖြေခဲ့သည်။

ထိုရောမမြို့၌ပင် ဘုရားကျောင်းဆရာတော် ပီအဲတရို အိုတိုဘိုနီ (Pietro Ottoboni) ၏ နန်းတော်၌ တေးရေးဆရာဖြစ်သူ ဂျော့ ဖရီးဒရစ် ဟန်းဒယ်နှင့် အပြိုင်အဆိုင် တီး‌ခတ်ယှဉ်ပြိုင်ခဲ့ကြသည် ဟုလည်းဆိုကြသည်။ ထိုသို့ယှဉ်ပြိုင်တီးခတ်ကြပြီးနောက် စကာလာ့တီသည် ဟာ့ပ်ဆီကော့ဒ်တီးခတ်ရာ၌ အသာလွန်ဆုံးဖြစ်သည်ဟု ကောက်ချက်ချခြင်း ခံခဲ့ရသည်။[၃]

စကာလာ့တီသည် စပိန်ဘုရင်မ ဘာဘရာအား သင်ကြားပေးနေစဉ်

၁၇၁၉ ခုနှစ်တွင် လစ်စဘွန်းမြို့သို့ ရောက်ရှိခဲ့၍ ပေါ်တူဂီ မင်းသမီးဖြစ်သူ မာရီယာ မဂ်ဒယ်လီနာ ဘာဘရာ (Maria Magdalena Babara) အား ဂီတပညာကိုသင်ကြားပေးခဲ့သည်။ ၁၇၂၇ တွင် ရောမမြို့သို့ သွားရောက်ခဲ့ရာ ၁၇၂၈ ခုနှစ်တွင် မာရီယာ ကတာရီနာ ဂန်တီလီ (Maria Caterina Gentili)နှင့် လက်ထပ်ခဲ့သည်။ ၁၇၃၃ တွင် မဒရစ် မြို့သို့ မင်းသမီး ဘာဘရာ အားဆက်လက်သင်ကြားရန် သွားရောက်ခဲ့သည်။ ထိုအချိန်တွင် မင်းသမီးဘာဘရာသည် စပိန်ဘုရင်နှင့်လက်ထပ်ခဲ့ရာ စပိန်မိဖုရားဖြစ်ခဲ့လေသည်။

သူသည် ဘဝနှောင်းပိုင်းတွင် မဒရစ်မြို့၌သာနေထိုင်ခဲ့သည်။ သူ၏ ပထမမယားသည် ၁၇၃၉ ခုနှစ်၌ ကွယ်လွန်ခဲ့ရာ ၁၇၄၂ တွင် စပိန်အမျိုးသမီးဖြစ်သူ အနာစတာစီယာ မဇာတီ ဇီမဲနဲ(စ်) (Anastasia Maxarti Ximenes) နှင့် လက်ထပ်ခဲ့ပြန်သည်။[၄] သူ၏ဆိုနာတာ အများစုသည် မဒရစ်မြို့မှာပင် ရေးသားခဲ့သည်။

ဒိုမေနီကို စကာလာ့တီသည် ၁၇၅၇ ခုနှစ်၊ အသက် ၇၁ နှစ်တွင် ကွယ်လွန်ခဲ့ရာ မဒရစ်မြို့၌ပင် မြှုပ်နှံထားသော်လည်း သူ၏အုတ်ဂူမှာ ယခုအခါတွင်မရှိတော့ပေ။ သူ၏မျိုးဆက်များသည် ယခုတိုင် မဒရစ်မြို့၌နေထိုင်လျက်ရှိသည်ဟု ဆိုကြသည်။[၅]

သီချင်းများ

ဒိုမေနီကို စကာလာ့တီသည် သီချင်းများစွာရေးသားခဲ့သော်လည်း ထုတ်ဝေခဲ့မှုမှာနည်းပါးသည်။ ၁၇၃၈ ခုနှစ်တွင် ထုတ်ဝေခဲ့သော "လေ့ကျင်ခန်း အပုဒ် ၃၀" (30 Essercizi) မှာ ဥရောပတစ်ခွင်ထင်ရှားသည်။ သူ၏ဆိုနာတာအများစုကို ကိုယ်တိုင်ထုတ်ဝေထားမှုမရှိပေ။

သူ၏ဆိုနာတာများသည် မုဗ်မန့်တစ်ခုသာပါဝင်ပြီး ကလက်ဆီကယ်ဂီတ၏ လက္ခဏာရပ်များသာမက စပိန်ဂစ်တာတီးဟန်၏ လွှမ်မိုးမှုများလည်း တွေ့ရှိရသည်။ ဟာ့ပ်ဆီကော့ဒ်တီးခတ်သူ စကော့ ရော့စ် (Scott Ross) သည် သူ၏ဆိုနာတာ ၅၅၅ ပုဒ်လုံးကို ပထမဆုံးဖျော်ဖြေတီးခတ်နိုင်ခဲ့သူ ဖြစ်ခဲ့သည်။

Sonata in D minor K. 9, Allegretto

performed on a harpsichord by Martha Goldstein

Sonata in E major K. 20, Presto

performed on a harpsichord by Martha Goldstein

Sonata in B minor K. 27, Allegro

performed on a piano by Raymond Smullyan

Sonata in F Minor K. 69

performed on a spinet by Ulrich Metzner

Sonata in B Minor K. 87

performed on a digital harpsichord by Membeth

Sonata in C major K. 159, Allegro

performed on a piano by Veronica van der Knaap

Sonata in B minor K. 377

MIDI rendition

Sonata in E major K. 380, Andante comodo

performed on a piano by Raymond Smullyan

Sonata in F Minor K. 466

performed on a digital harpsichord by Membeth

Sonata in E major K. 531, Allegro

performed on a piano by Raymond Smullyan

ကျမ်းကိုး

ပြင်ပလင့်ခ်များ

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်မြန်မာနိုင်ငံနှစ်ဆန်းတစ်ရက်နေ့သင်္ကြန်မင်းအောင်လှိုင်လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)မေတ္တသုတ်ရှစ်ပါးသီလပရိတ်ကြီး ၁၁ သုတ်အောင်ဆန်းစုကြည်ကိုးပါးသီလအောင်ဆန်းအောင်လပဋ္ဌာန်းလွတ်လပ်ရေးကြေညာစာတမ်းမဟာသမယသုတ်ရတနသုတ်တပ်မတော် (ကြည်း)အော်ကာတပ်မတော်ဘုရားဂုဏ်တော်ဘာဂျာမှုတ်ခြင်းဂေါတမဗုဒ္ဓမြန်မာပိတောက်ငါးပါးသီလဥပုသ်ဒုတိယ ကမ္ဘာစစ်စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)ကျန်စစ်သားမိန်းမ မျိုးပွားအင်္ဂါဆယ်ပါးသီလမြန်မာနိုင်ငံရှိ မြို့များမင်္ဂလသုတ်သင်္ကြန်မိုးဂျပန်နိုင်ငံမထိုးသွင်းသော လိင်ဆက်ဆံခြင်းမြန်မာ သက္ကရာဇ်ပုဂံ