ပေါင်လို ဂျင့်ထိလွန်းနီ
ပေါင်လို ဂျင့်ထိလွန်းနီ ဆီးလဗားရိ[၂] (အီတလီအသံထွက်: [ˈpaːolo dʒentiˈloːni]; ၂၂ နိုဝင်ဘာ ၁၉၅၄ မွေး) ၂၀၁၆ ဒီဇင်ဘာက ၁၂ ကတည်းက အီတလီဝန်ကြီးချုပ် ဖြစ်ခဲ့သော အီတလီနိုင်ငံရေးသမား ဖြစ်သည်။[၃]
The Honourable Paolo Gentiloni | |
---|---|
၅၇ ယောက်မြောက် အီတလီ ဝန်ကြီးချုပ် | |
တာဝန်ထမ်းဆောင်ဆဲ | |
တာဝန် စတင် 12 December 2016 | |
သမ္မတ | Sergio Mattarella |
ယခင်လူ | Matteo Renzi |
Minister of Foreign Affairs | |
တာဝန်သက်တမ်း 31 October 2014 – 12 December 2016 | |
ဝန်ကြီးချုပ် | Matteo Renzi |
ယခင်လူ | Federica Mogherini |
ဆက်ခံသူ | Angelino Alfano |
Minister of Communications | |
တာဝန်သက်တမ်း 17 May 2006 – 8 May 2008 | |
ဝန်ကြီးချုပ် | Romano Prodi |
ယခင်လူ | Mario Landolfi |
ဆက်ခံသူ | Claudio Scajola (Economic Development) |
Member of the Chamber of Deputies | |
တာဝန်ထမ်းဆောင်ဆဲ | |
တာဝန် စတင် 30 May 2001 | |
မဲဆန္ဒနယ် | Piedmont 2 (2001–2006) Lazio 1 (2006–present) |
ကိုယ်ရေး အချက်အလက်များ | |
မွေးဖွား | Paolo Gentiloni Silveri ၂၂ နိုဝင်ဘာ၊ ၁၉၅၄ ရောမမြို့, အီတလီနိုင်ငံ |
နိုင်ငံရေးပါတီ | Democratic Party (2007–present) |
အခြား နိုင်ငံရေးလွှမ်းမိုးမှု | The Daisy (2002–2007) |
ကြင်ဖော်(များ) | Emanuela Mauro[၁] |
နေထိုင်ရာ | Palazzo Chigi |
မိခင်ကျောင်း | Sapienza University |
ကျွမ်းကျင်မှု |
|
လက်မှတ် |
သမ္မတ ဆာဂျီယို မတ္တာရဲလာ က သူ့ကို အစိုးရသစ် ဖွဲ့ရန် ပြောဆိုသည့် အချိန်တွင်၊ ဂျင့်ထိလွန်းနီသည် ဒီမိုကရက်တစ်ပါတီဝင် တဦးအနေနှင့် ၃၁ အောက်တိုဘာ ၂၀၁၄ မှ ဒီဇင်ဘာ ၂၀၁၆ တိုင်အောင် နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေခဲ့သည်။[၄] ထိုမတိုင်ခင်က ရိုမန်နို ပရိုဒီ၏ ဒုတိယအစိုးရသက်တမ်းအတွင်း ၂၀၀၆ မှ ၂၀၀၈ အထိ ဆက်ဆံရေးဝန်ကြီး ဖြစ်ခဲ့သည်။
ငယ်ဘဝနှင့် မိသားစု
ကောင့်ဘွဲ့ရ ဂျင့်ထိလွန်းနီ ဆီးလဗားရိ၏ မျိုးဆက်တယောက် ဖြစ်သော သူသည် ကွန်ဆာဗေးတစ် ကက်သလစ် ရွေးကောက်သမဂ္ဂ၏ ခေါင်းဆောင်လည်း ဖြစ်၊ သက်တမ်းကြာဝန်ကြီးချုပ် ဂျီအိုဗန်းနိ ဂျီအိုလစ်ထ်၏ အရေးပါ အရာရောက်သူလည်း ဖြစ်သော အီတလီ နိုင်ငံရေးသမား ဗင်းဆင်ဇို အောတ္တာရိနို ဂျင့်ထိလွန်းနီနှင့် ဆက်စပ်နေသည်(ဆွေမျိုး နည်းနည်းတော်သည်)။ ဂျင့်ထိလွန်းနီတွင် ဖိုင်းလိုထြာနိုမျိုးမြင့်သူဘွဲ့၊ စင်ဂိုးလီမျိုးမြင့်ဘွဲ့၊ မာ့ဆာရားထာမျိုးရိုးဘွဲ့များ ရှိသည်။
ရောမမြို့၌ မွေးသော သူသည် မြို့ထဲက ဂန္ထဝင်ကျောင်း လိုင်ဆီယံ တောကွာတို တာ့ဆိုကို တက်ရောက်ပြီး၊ လာ ဆာပီယင်းဇာ တက္ကသိုလ်၌ နိုင်ငံရေးသိပ္ပံဘွဲ့ရသည်။ နိုင်ငံရေးမလုပ်မီက ဂျင့်ထိလွန်းနီသည် ပရို ဂျာနယ်လစ်တဦး ဖြစ်ခဲ့သည်။
အစောပိုင်း နိုင်ငံရေးဘဝ
မာရီယို ခပဲနာ ဦးဆောင်သည့် အစွန်းရောက် လက်ဝဲယိမ်း လူငယ်အဖွဲ့အစည်း ဖြစ်သော '''ကျောင်းသားလှုပ်ရှားမှု'''၏ အဖွဲ့ဝင် ဖြစ်ခဲ့ပြီး၊[၅] ခပဲနာက ပစ္စည်းမဲ့(လူတန်းစား)ဒီမိုကရက်တစ်ပါတီ(Proletarian Democracy Party)ကို တည်ထောင်လိုက်သည့်အခါ မလိုက်ပါတော့ဘဲ ဆိုရှယ်လစ်ဝါဒအတွက် အလုပ်သမားလှုပ်ရှားမှုတွင် ပါဝင်လေသည်။ ထိုနှစ်များအတွင်း ဂျင့်ထိလွန်းနီသည် လယ်ဂံဘီယင့်တီ၏ တရားဝင်သတင်းစာ ဖြစ်သော လာ နျိုဗာ အီကိုလိုဂျီယာ(''The New Ecology'')၏ ဒါရိုက်တာ ဖြစ်အောင် သူ့ကို ကူညီပေးသော ချစ်ကို တက်စတာ၏ ခင်မင်ရင်းနှီးသော သူငယ်ချင်း ဖြစ်လာသည်။ ဤသတင်းစာ၏ ဒါရိုက်တာ တယောက်အဖြစ်ဖြင့် သူသည် ဂရင်းဖယ်ဒရေးရှင်း၏လူငယ်ခေါင်းဆောင် ဖရန့်စဲစကို ရုထယ်လီနှင့် တွေ့ခဲ့သည်။
ရောမ မြို့ကောင်စီ
၁၉၉၃ ၌၊ ရောမမြို့တော်ဝန် ဖြစ်လာရန် စည်းရုံးရေးဝယ် သူသည် ရုထယ်လီ၏ ပြောရေးဆိုခွင့်ရှိသူ တဦး ဖြစ်လာသည်၊ ရွေးကောက်ပွဲ ပြီးသော်၊ ဂျီယံဖရန်ကိုဖိနီ ဦးဆောင်သော လက်ယာယိမ်း ယာယီညွန့်ပေါင်းအဖွဲ့ကို ရုထယ်လီတို့က အကြီးအကျယ် အောင်ပွဲဆင်နိုင်ခဲ့ပြီး၊ ဂျင့်ထိလွန်းနီသည် ရောမမြို့ကောင်စီတွင် ဂျူဘလီနှင့် တိုးရစ်ဇင် ကောင်စီဝင် ခန့်အပ်ခံရသည်။
ပါလီမန်ဝင်နှင့် ဝန်ကြီး
၂၀၀၁ အထွေထွေရွေးကောက်ပွဲတွင်၊ ဂျင့်ထိလွန်းနီသည် ပါလီမန်ဝင်အဖြစ် ရွေးကောက်ခံရကာ၊ နိုင်ငံရေးသမားဘဝ စတင်သည်။ ၂၀၀၂ တွင် ဒေစီပါတီ ထူထောင်သူဝင် တဦး ဖြစ်ခဲ့ပြီး၊ ပါတီ၏ လူမှုဆက်ဆံရေး ပြောရေးဆိုခွင့်အဖြစ် ငါးနှစ်ကြာ လုပ်ခဲ့သည်။[၆]
၂၀၀၅ မှ ၂၀၀၆ ထိ၊ ရုပ်သံလွှင့်ဌာန စောင့်ကြည့်ရေးကော်မတီ ချယ်ယာမင်ဥက္ကဋ္ဌ ဖြစ်၊ ပြည်သူပိုင် နိုင်ငံ့အသံလွှင့်ဌာန အာအေအိုင်(RAI)၏ လှုပ်ရှားမှုကို ကော်မတီက ကွပ်ကဲသည်။[၇]
ဘိုလော့ညာလူမျိုး စီးပွားရေးပညာရှင် ရိုမန်နို ပရိုဒီ ဦးဆောင်သော နိုင်ငံရေးညွန့်ပေါင်းအဖွဲ့ ဖြစ်သည့် သံလွင်ပင်အဖွဲ့၏ အဖွဲ့ဝင်အဖြစ် ၂၀၀၆ ရွေးကောက်ပွဲ၌ ပြန်အရွေးခံရသည်။ လက်ဝဲမယိမ်းတယိမ်းတို့ အောင်မြင်ပြီးနောက်၊ ၂၀၀၆ မှ ၂၀၀၈ အထိ ဂျင့်ထိလွန်းနီသည် ပရိုဒီ၏ ဒုတိယအစိုးသက်တမ်းတွင် ဆက်ဆံရေးဝန်ကြီးအဖြစ် အမှုထမ်းသည်။[၈]
၂၀၀၇ တွင် ဒီမိုကရက်တစ်ဆိုရှယ်လစ်သမဂ္ဂ (လက်ဝဲဒီမိုကရက်တစ်များ)နှင့် ခရစ်ယာန်လက်ဝဲဝါဒီ (ဒေစီ)တို့ တည်ထောင်သော ဒီမိုကရက်တစ်ပါတီကို ထူထောင်သူ ကော်မတီဝင် ၄၅ ဦးထဲမှ တဦး ဖြစ်သည်။
၂၀၀၈ အထွေထွေရွေးကောက်ပွဲ၌ ပြန်အရွေးခံရသည်။ ဆယ်လ်ဗီယို ဘာလူစကိုနီ ဦးဆောင်သော ကွန်ဆာဗေးတစ်ညွန့်ပေါင်း၏ အောင်မြင်မှု ဖြစ်သည်။
၆ ဧပြီ ၂၀၁၃ ၌ ရောမမြို့တော်ဝန် ဖြစ်ရန်အတွက် လက်ဝဲမယိမ်းတယိမ်းကို ရွေးချယ်ရန် ဝင်ပြိုင်ရာ၊ မြို့တော်ဝန် ဖြစ်လာခဲ့သူ အဂ္ဂနာဇီယို မာရီနိုနှင့် ဂျာနယ်လစ် ဒေးဗစ် ဆက်ဆိုလီတို့နောက် တတိယ လိုက်ခဲ့သည်။[၉]
အမြဲတမ်းကော်မတီအတွင်းရေးမှူးချုပ် ပီးယာ လူးဝီဂီ ဘာဆနီ ဦးဆောင်သော လက်ဝဲမယိမ်းတယိမ်း(Centre-left) အီတလီညွန့်ပေါင်းအဖွဲ့(coalition Italy. Common Good)၏ တစိတ်တဒေသအဖြစ်၊ ၂၀၁၃ အထွေထွေရွေးကောက်ပွဲ၌ ဝန်ကြီးအဖွဲ့(The Chamber of Deputies)၌ ပါဝင်ရန် ထပ်အရွေးခံရသည်။
၂၀၁၃ ၌၊ အတွင်းရေးမှူအဖြစ်မှ ဘာဆနီ နုတ်ထွက်သွားပြီးနောက်၊ ဖလော့ရင်မြို့တော်ဝန် ဖြစ်သူ မတ္တီယို ရင်ဇီကို ဒီမိုကရက်တစ်ပါတီ ခေါင်းဆောင်ရွေးပွဲ၌ ထောက်ခံပေးခဲ့သည်။
နိုင်ငံခြားရေးဝန်ကြီး
၃၁ အောက်တိုဘာ ၂၀၁၄ တွင် ဂျင်းထိလွန်းနီသည် ဝန်ကြီးချုပ် မတ္တီယို ရင်ဇီက နိုင်ငံခြားရေးဝန်ကြီးအဖြစ် ခန့်အပ်ခြင်း ခံရကာ၊ နိုင်ငံခြားရေးသမဂ္ဂနှင့် လုံခြုံရေးပေါ်လစီ၏ အထက်လွှတ်တော်အမတ် ဖြစ်သွားသူ ဖယ်ဒရီးကာ မိုဂါးရိနီ နေရာ၌ ဆက်ခံရသည်။[၁၀] အီတလီတာဝန်ယူထားသော ဥရောပသမဂ္ဂ၏ အလှည့်ကျ ကောင်စီဥက္ကဋ္ဌသက်တမ်း ဒီဇင်ဘာ ၂၀၁၄ တွင် မကုန်ဆုံးမီ နှစ်လကြာ ရုံးတာဝန် ယူခဲ့သည်။
ရာထူး ခန့်အပ်ချိန်တွင်၊ ဂျင့်ထိလွန်းနီသည် ရွေးကောက်ခံသူအဖြစ် နိုင်ငံရေးလောက၌ ဖော်ပြမခံခဲ့ရ။ ၁၆ ဦးပါ ဝန်ကြီးအဖွဲ့အတွင်း ကျားမအချိုးအစား ညီညွတ်ရေးအတွက် မိုဂါးရိနီနေရာ၌ အခြား အမျိုးသမီးကို အစားထိုးလိုသည်ဟု ရင်ဇီက ကြေညာခဲ့သည်။ အလားတူပင် ဂျင့်ထိလွန်းနီသည် နိုင်ငံတကာ သံတမန်ရေး၌ ကျွမ်းကျင်သူဟုလည်း မထင်ရှားခဲ့ပေ။(ကျွမ်းကျင်သူ မဟုတ်ဟု ဆိုလို)
၁၃ ဖေဖော်ဝါရီ ၂၀၁၅ စကိုင်း တီဂျီ၂၄ လိုင်း၏ အင်တာဗျူးဝယ်၊ ဂျင်းထိလွန်းနီက ပြောသည်မှာ "လိုအပ်ရင် အီတလီက အိုင်အက်စ်ဆိုတာကို ဆန့်ကျင်ပြီး လစ်ဗျားကို တိုက်ဖို့ အဆင်သင့်ပဲ၊ ဘာကြောင့်လဲဆိုတော့ အီတလီကနေ နာရီအနည်းငယ်အတွင်းမှာ လှေနဲ့ အချိန်မရွေး အကြမ်းဖက်ခြိမ်းခြောက်မှုတွေ ရှိတယ်ဆိုတဲ့ စိတ်ကူးကို အီတလီအစိုးရကနေ လက်မခံနိုင်လို့ပဲ"ဟူ၍ ဖြစ်သည်။[၁၁] နောက်တနေ့တွင် ဂျင့်ထိလွန်းနီသည် အိုင်အက်စ်တို့ ခြိမ်းခြောက်ခြင်းကို ခံရပြီး၊ ရန်သူနိုင်ငံ၏ လမ်းပြဝန်ကြီး ဖြစ်နေပြီဟု စွပ်စွဲလိုက်သည်။[၁၂]
မတ် ၂၀၁၅ တွင် မက္ကဆီကိုနှင့် ကျူးဘားသို့ လည်ပတ်ကာ၊ ကျူးဘားသမ္မတ ရော် ကက်စထြိုနှင့် တွေ့ဆုံပြီး ကျူးဘားနှင့် အမေရိကန်ကြား ဆက်ဆံရေး ပြေလည်အောင် အီတလီမှ အကူအညီ ပေးမည် ဖြစ်ကြောင်း ဆွေးနွေးခဲ့သည်။[၁၃]
၁၁ ဇူလိုင် ၂၀၁၅ ဝယ်၊ အီဂျစ်နိုင်ငံ၊ မြို့တော် ကိုင်ရိုရှိ အီတလီကောင်စစ်ဝန်ရုံးအပြင်ဘက်တွင် ကားဗုံးပေါက်ကွဲရာ၊ အနည်းဆုံ း တဦးသေဆုံး၊ လေးဦး ဒဏ်ရာရရာ၊ အိုင်အက်စ်မှ မိမိတို့ လက်ချက်ဟု ကြေညာသည်။[၁၄][၁၅][၁၆] နေ့ချင်းပင်၊ ဂျင့်ထိလွန်းနီက အီတလီက ကြောက်သေးပါမည် မဟုတ်၊ အကြမ်းဖက်ဝါဒကို ဆက်လက် တိုက်ဖျက်သွားမည်ဟု ဆိုလိုက်သည်။[၁၇]
ဒီဇင်ဘာ ၂၀၁၅ တွင်၊ ပြည်တွင်းစစ်ဆင်နွဲနေသော လစ်ဗျား၏ နှစ်ဘက် အစိုးရမှ ကိုယ်စားလှယ်များကို ဖိတ်ခေါ်ပြီး ရောမ၌ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ကျင်းပပေးခဲ့ကာ၊ ကုလသမဂ္ဂ၊ အမေရိကန်နှင့် ရုရှားမှ ကိုယ်စားလှယ်များကိုပါ ဖိတ်ခေါ်ခဲ့သည်။[၁၈]
နိုင်ငံခြားရေးဝန်ကြီးတယောက်အဖြစ် ဂျင့်ထိလွန်းနီသည် အီတလီနိုင်ငံသားများ၏ လုပ်ရပ်အမျိုးမျိုးကို ကြုံတွေ့ရသည်။ ဇန်နဝါရီ ၂၀၁၅ တွင် ဆီးရီးယားအကြမ်းဖက်များက ၁၆၈ ရက်ကြာ ဓားစာခံအဖြစ် ဖမ်းဆီးခြင်း ခံရသည့် ဗာနစ္ဆာ မာဇူးလိုနှင့် ဂရီတာ ရာမဲလီ ကို လွှတ်ပေးရန် စေ့စပ်ဆွေးနွေးသည်။[၁၉] နောက်ထပ် အရေးကြီး ဖြစ်ရပ်မှာ ကိန်းဘရစ်ချ်တက္ကသိုလ် ဘွဲ့ရကျောင်းသား ဂယိုလီယို ရဲဂီနီ အသတ်ခံရမှု ဖြစ်ပြီး၊ ၂၀၁၆ ဇန်နဝါရီ ၂၅ ရက်နေ့ သူ၏ လုပ်ဆောင်မှု အပြီး ကိုင်ရို၌ အသတ်ခံရခြင်း ဖြစ်သည်၊[၂၀] ရဲဂီနီမှာ ပီအိတ်ချ်ဒီကျောင်းသား တယောက် ဖြစ်ခဲ့ကာ၊[၂၁] အီဂျစ် လွတ်လပ်စွာ ကုန်သွယ်ရေးသမဂ္ဂကို သုတေသနလုပ်နေသူ ဖြစ်သည်။[၂၂]
၂၀၁၆ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကိန်းဘရစ်ချ် တက္ကသိုလ်ရွေးကောက်ပွဲ၌၊ နောက်ဆုံးလက်ကျန် ၂၀၁၇-၁၈ နှစ်နှစ်အတွက် နေရာကို မဲငါးချီ ပေးကြပြီးနောက်၊ အီတလီနှင့် နယ်သာလန် မည်သူ့ကို ရွေးရမည်ဟု အကြပ်ဆိုက်နေစဉ် ဂျင့်ထိလွန်းနီနှင့် သူ့ပြိုင်ဘက် ဒတ်ချ်လူမျိုး ဘာ့ ကိုအင်ဒါးတို့က ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် နှစ်နှစ်သက်တမ်းကို ခွဲထိုင်မည်ဟု သဘောတူခဲ့ကြသည်။ ယင်းသို့ နှစ်နှစ်သက်တမ်းကို တနိုင်ငံလျှင် တနှစ်စီ တာဝန်ယူပါမည်ဟု သဘောတူကြခြင်းမှာ ရှားရှားပါးပါး ဖြစ်ပြီး၊ နှစ်ပေါင်း ၅၀ အတွင်း ပထမဆုံး ဖြစ်ရပ်ပင်။ [၂၃]
အီတလီဝန်ကြီးချုပ်
၇ ဒီဇင်ဘာ ၂၀၁၆ ဝယ်၊ ဝန်ကြီးချုပ် မတ္တီယို ရင်ဇီက နုတ်ထွက်ကြောင်း ကြေညာသည့်အကြောင်းရင်းမှာ ၂၀၁၆ အီတလီဖွဲ့စည်းပုံဆွေးနွေးပွဲတွင် အီတလီဆီးနိတ်လွှတ်တော်ကို ပြုပြင်ပြောင်းလဲရန် ရင်ဇီ၏ အဆို ပယ်ချခံရသောကြောင့် ဖြစ်သည်။ ရက်အနည်းကြာသော ၁၁ ဒီဇင်ဘာ ၂၀၁၆ တွင်၊ သမ္မတ မတ္တာရဲလာက ဂျင့်ထိလွန်းနီကို အစိုးရသစ် ဖွဲ့ခိုင်းလေသည်။[၂၄] နောက်တရက်၌၊ ဂျင့်ထိလွန်းနီသည် အစိုးရအဖွဲ့၏ ခေါင်းဆောင်သစ်အဖြစ် တရားဝင် ကျမ်းကျိန်ရသည်။[၂၅]
အီတလီအလယ်ထိုင်ဝါဒီများနှင့် လက်ယာမယိမ်းတယိမ်းအသစ်တို့က ဖွဲ့စည်းသော ခရစ်ယာန် ဒီမိုကရက်တစ် ပေါ်ပြူလာ ဧရိယာနှင့် သူပိုင် ဒီမိုကရက်တစ်ပါတီတို့ အထောက်ပံ့သော ညွန့်ပေါင်းအစိုးရကို သူ ဦးဆောင်ရသည်။(ညွန့်ပေါင်းအစိုးရ ဆိုသည်မှာ နိုင်ငံပါတီ နှစ်ခုမှ ကိုယ်စားလှယ်များကို ပေါင်းထားခြင်း ဖြစ်သည်) ရင်ဇီအစိုးရကို သုံးနှစ်နီးပါးမျှ ထောက်ခံခဲ့သည့် ထိုလူအများစုပင် ဖြစ်သည်။[၂၆] တချိန်တည်းတွင်၊ ဒဲနစ် ဗာဒိနီ ဦးဆောင်သော အလယ်ထိုင်ဖြစ်သည့် "လစ်ဘရယ် ပေါ်ပြူလာ မဟာမိတ်(ALA)က၊ မိမိတို့ အေအယ်အေအဖွဲ့ဝင် တယောက်မှပင် ဝန်ကြီးအဖြစ် မခန့်အပ်ခံရသည့်အတွက် ဝန်ကြီးအဖွဲ့သစ်ကို မထောက်ခံခဲ့ပေ။ (စိတ်ဆိုးတာပေါ့)[၂၇]
၁၃ ဒီဇင်ဘာတွင် ဝန်ကြီးများအစည်းအဝေးပွဲ၌၊ လီဂါ နော့အပြင် ကြယ်ငါးလုံးလှုပ်ရှားမှု၏ ဝန်ကြီးများ အဖွဲ့မှ ထွက်သွားပြီး၊ ကန့်ကွက်မဲ ၁၀၅၊ ထောက်ခံ ၃၆၈ မဲဖြင့် သူ့ ဝန်ကြီးအဖွဲ့က အနိုင်ရသည်။[၂၈] နောက်တနေ့တွင် ရီပတ်ဘလစ်ဆီးနိတ်လွှတ်တော်၌ ကန့်ကွက် ၉၉ မဲ၊ ထောက်ခံ ၁၆၉ မဲဖြင့် အစိုးရ နိုင်ပြန်သည်။[၂၉]
၂၉ ဒီဇင်ဘာ၌ အီတလီဆိုရှယ်လစ်ပါတီနှင့် ဒီမိုကရေစီညီညွတ်ရေးအလားတူပင်၊ လက်ယာမယိမ်းတယိမ်းသစ်၊ ဒီမိုကရက်တစ်ပါတီတို့၏လက်ထောက်ဝန်ကြီးများအဖြစ် ခန့်အပ်ခံရသည်။ ဒီမိုကရက်တစ်ပါတီသည် ဒီမိုကရက်များနှင့် ရှေ့ဆက်ရေးဟု နှစ်ပိုင်း ကွဲသွားပြီးနောက်၊ ထိုပါတီကို အစိုးရထဲမှ လက်ထောက်ဝန်ကြီးတယောက်က တင်ပြခဲ့သည်။
လူဝင်မှု
၂၀၁၆ ဝန်ကြီးချုပ် ဖြစ်လာသော် ဂျင့်ထိလွန်းနီ ရင်ဆိုင်ရသည့် အဓိကပြဿနာမှာ အလွန်အရေးကြီးသော အီတလီသို့ ရွှေ့ပြောင်း တရားမဝင် ခိုးဝင်မှု ဖြစ်သည်။
၂ ဖေဖော်ဝါရီ ၂၀၁၇ ၌၊ ရွှေ့ပြောင်းများကို ဟန့်တားရန်အတွက် လစ်ဗျားသမ္မတကောင်စီဥက္ကဋ္ဌ ဖရေးဇ်အားဆရေ့နှင့် ရောမ၌ စာချုပ်ချုပ်သည်။ လစ်ဗျားက မြေထဲပင်လယ်ကို ဖြတ်ကာ ထွက်လာသည့် ခိုးဝင်များကို ရပ်တန့်ရန် ကြိုးစားမည်ဟု သဘောတူသည်။[၃၀]
၉ ဖေဖော်ဝါရီ၊ မြေထဲပင်လယ်ကို ဖြတ်သော ခိုးဝင်များကို တားဆီးရန် ဂျင့်ထိလွန်းနီသည် တူနီးရှားသမ္မတ ဘဲ့ဂျီး ကေ့ အဆက်ဘဆီး နှင့် အလားတူ စာချုပ်ကို လက်မှတ်ထိုးသည်။[၃၁]
အလုပ်သမားမူဝါဒ
၂၀၁၇ မတ်၊ တခုသော အကြောင်းပြချက်၊ တခုသော ကုန်စည်အမျိုးအစား၊ အများအားဖြင့် တကြိမ်တည်းဖြင့် လုံလောက် လုပ်အားဝန်ဆောင်မှုအတွက်သက်သက် ထုတ်ဝေထားသော၊ တခုသော ငွေတန်ဖိုး ရှိသည့် ပြန်အမ်နိုင်သည့် ငွေလဲစာချုပ်များ၊ အလုပ်သမားဘောက်ချာ/ကူပွန်များ အသုံးပြုခြင်းကို အစိုးရက ဖျက်သိမ်းလိုက်သည်။[၃၂] အီတလီအထင်ကရ ကုန်သွယ်ကြီးများသမဂ္ဂ (CGIL)က ကျင်းပသော အစည်းအဝေးအပြီးတွင် ဤဥပဒေကို မွမ်းမံရန် အစိုးရက ဆုံးဖြတ်သည်။[၃၃] ဒီဇင်ဘာ ၂၀၁၆ အခြေခံဥပဒေ တစ် ပြီးနောက် နောက်ထပ်အစည်းအဝေးပွဲတွင် တိုင်းပြည်မပြိုကွဲစေလိုသောကြောင့်၊ ယင်းတို့ကို ဖျက်သိမ်းရန် ဆုံးဖြတ်လိုက်ကြောင်း ဂျင့်ထိလွန်းနီက ကြေညာသည်။[၃၄]
လူ့အဖွဲ့အစည်းမူဝါဒများ
၁၉ မေ ၂၀၁၇ တွင်၊ ဝန်ကြီးချုပ် ဂျင့်ထိလွန်းနီနှင့် ကျန်းမာရေးဝန်ကြီး ဘိထရိ လော်ရင်းဇင်တို့ အဆိုပြုချက်အရ၊ ဝန်ကြီးများကောင်စီသည်၊ အရေးပေါ်ကာကွယ်ဆေးထိုးတားဆီးခြင်းစီမံချက်(urgent vaccine prevention measures)ပါဝင်သော အမိန့်ဥပဒေကို အတည်ပြုလိုက်ကာ၊ ယင်း၌ အသက်လေးနှစ်မှ ဆယ့်နှစ်နှစ်အတွင်း မဖြစ်မနေ ကာကွယ်ဆေးထိုးရမည့် အရေအတွက်ကို ပြုစုရန်နှင့် ကာကွယ်ဆေး မထိုးသေးသူများကို ကျောင်းတက်ခွင့် မပြုရန်တို့ ပါဝင်သည်။[၃၅][၃၆]
နိုင်ငံခြားရေးမူဝါဒ
ဂျင့်ထိလွန်းနီသည် ဥရောဘက်စုံပေါင်းစည်းရေး(European integration)နှင့် စုံညီ(multispeed)ဥရောပတိုက် ဖြစ်လာရေးအတွက် ထောက်ခံသည်။[၃၇]
ဝန်ကြီးချုပ် ဖြစ်လာသည့် ခဏ၊ သူသည် နိုင်ငံခြားရေးမူဝါဒကို စိန်ခေါ်သည် အခြေအနေမြောက်မြားစွာ ရင်ဆိုင်ရသည်၊ ဥပမာ ဥရောပကြွေးမြီအန္တရာယ်၊ လစ်ဗျားပြည်တွင်းစစ်၊ အရှေ့အလယ်ပိုင်း အိုင်အက်စ်ထကြွခြင်း။
ကနေဒါဝန်ကြီးချုပ် ဂျပ်စတင် ထရုဒေါ်၊ ယူကေဝန်ကြီးချုပ် သီရဆာ မေး၊ ဂျာမန်ဝန်ကြီးချုပ် အိန်ဂျလာ မားကယ်နှင့် ဂျပန်ဝန်ကြီး ရှင်ဇို အာ့ဘဲ့တို့နှင့် ဆက်ဆံရေးကောင်း ထူထောင်နိုင်ခဲ့သည်။[၃၈]
ဝန်ကြီးချုပ်အဖြစ်နှင့်၊ ဆီစလီကျွန်း၊ တောမိနာမြို့ဝယ် ၄၃ ကြိမ်မြောက် ဂျီ၇ ထိပ်သီးကို ၂၀၁၇ မေလ ၂၆-၂၇ နှစ်ရက်လက်ခံကျင်းပသည်။ ၎င်းအစည်းအဝေးသည် သူ့အတွက် ပထမဦးဆုံး ဖြစ်သလို၊ ဗြိတိန်က သီရဆာ မေး၊ ကန်သမ္မတ ဒေါ်နယ်လ် ထရန့်နှင့် ပြင်သစ်သမ္မတ အမ္မာနျူဝဲ မာခရာန်တို့အတွက်လည်း ပထဦးဆုံး ဖြစ်လေသည်။
ကျန်းမာရေး
၁၀ ဇန်နဝါရီ ၂၀၁၇ တွင်၊ သမ္မတ ဖရန်ဆွာ ဟော်လန်ကို တွေ့ဆုံရန် ပါရီသို့ တရားဝင်ခရီးသွား အပြီး၊ ဂျင့်ထိလွန်းနီသည် နှလုံးပတ်သွေးကြော ပိတ်ခြင်း ခံစားရပြီး၊ အရေးပေါ် သွေးကြောခွဲစိတ်ပြုပြင်ခြင်းကို ခံယူခဲ့သည်။[၃၉] နောက်တနေ့ဝယ် တွစ်တာ၌ သူပြန်ကောင်းလာပြီ၊ မကြာခင် အလုပ်ပြန်လုပ်နိုင်လိမ့်မည်ဟု တွစ်လိုက်သည်။[၄၀] နေ့ပင်မကူး၊ သမ္မတ ဆာဂျီယို မတ္တာရဲလာ၊ ဝန်ကြီးချုပ်ဟောင်း မတ္တီယို ရင်ဇီ၊ ဆယ်လ်ဗီယို ဘာလူစကိုနီတို့အပြင် ကနေဒါဝန်ကြီးချုပ် ဂျပ်စတင် ထရုဒေါ်ထံမှလည်း ဆုတောင်းပေးခြင်းကို ရရှိသည်။[၄၁]
ကိုးကား
ပြင်ပလင့်
- (အီတလီ) (အင်္ဂလိပ်) Presidente del Consiglio dei Ministri Archived 22 May 2017 at the Wayback Machine.
- (အီတလီ) Official page at the Italian Chamber of Deputies