ဖက်ဒရယ်ပြည်နယ်

ဖက်ဒရယ်စနစ်ကျင့်သုံးသောနိုင်ငံများ၏ အုပ်ချုပ်ရေးဒေသ

ဖက်ဒရယ်ပြည်နယ် (အင်္ဂလိပ်: Federated State၊ ရည်ညွှန်းသည့်အခေါ်အဝေါ်များ: state၊ province၊ region၊ canton၊ land၊ governorate၊ oblast၊ emirate သို့မဟုတ် country) ဆိုသည်မှာ ဖက်ဒရယ်စနစ်ကို ကျင့်သုံးသော နိုင်ငံများ (ဖက်ဒရေးရှင်းများ) ကို နယ်မြေအရသော်လည်းကောင်း၊ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရသော်လည်းကောင်း ဖွဲ့စည်းထားသည့် ပြည်နယ်မျိုးဖြစ်သည်။[၁] ဖက်ဒရယ်ပြည်နယ်များသည် ကိုယ်ပိုင်အုပ်ချုပ်ရေးရှိသော်လည်း အချုပ်အခြာအာဏာပိုင်အဖြစ် သတ်မှတ်၍မရနိုင်ပေ။ ဖက်ဒရယ်ပြည်နယ်များဖြင့် ဖွဲ့စည်းထားသော ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံကိုသာ အချုပ်အခြာအာဏာပိုင်နိုင်ငံအဖြစ် သတ်မှတ်နိုင်သည်။[၂] ဖက်ဒရယ်ပြည်နယ်များတွင် ကိုယ်ပိုင်ဥပဒေပြုရေး၊ ကိုယ်ပိုင်တရားစီရင်ရေး စသည်တို့ရှိသည်။

အစိမ်းရောင်ခြယ်နိုင်ငံများသည် ဖက်ဒရယ်ပြည်နယ်များပါဝင်သည့် ဖက်ဒရယ်နိုင်ငံများဖြစ်သည်။

ဖက်ဒရယ်နိုင်ငံများသည် လွတ်လပ်သည့်နယ်မြေများ သို့မဟုတ် ကိုလိုနီကဲ့သို့ "Dependent territory" ခေါ် မှီခိုနယ်မြေများ (သာဓက– အမေရိကန်နိုင်ငံနှင့် ဩစတြေးလျနိုင်ငံ) မှဖွဲ့စည်းခြင်းဖြင့် ဖြစ်ပေါ်လာသည်။ သို့တည်းမဟုတ်လျှင် ပြည်ထောင်စုနိုင်ငံများ၏ အုပ်ချုပ်ရေးဒေသများကို ပြန်လည်ဖွဲ့စည်းခြင်းမှ ဖြစ်ပေါ်လာသည်။

ဖက်ဒရယ်နိုင်ငံတွင် ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံတော်အာဏာကို ဗဟိုဖက်ဒရယ်အစိုးရနှင့် ပြည်နယ်များအကြားခွဲဝေရသည်။ သို့ဖြစ်ရာ ဖက်ဒရယ်ပြည်နယ်များသည် ကိုယ်ပိုင်အုပ်ချုပ်ရေးကို အတိုင်းအတာတစ်ခုအထိရရှိသည်။ ဖက်ဒရယ်ပြည်နယ်များသည် ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြဋ္ဌာန်းနိုင်သည်။ ပြည်နယ်၏ဥပဒေပြုရေးကို ဗဟိုအစိုးရမှဗီတိုအာဏာဖြင့် ကန့်ကွက်ခြင်းမျိုးလည်းမရှိပေ။ ပြည်နယ်အစိုးရနှင့် ဗဟိုအစိုးရအကြား ဆက်ဆံရေးဆိုင်ရာ ဥပဒေများကို နှစ်ဖက်လုံးမှ ဆွေးနွှေးတိုင်ပင်ပြီး ပြောင်းလဲပြင်ဆင်နိုင်သည်။

အခေါ်အဝေါ်ကွဲပြားပုံ

အင်္ဂလိပ်ဘာသာစကားတွင် အစိုးရအဖွဲ့ဝင်များကို ခေါ်ဆိုရာတွင် ပြည်နယ်နှင့်နိုင်ငံတော်အဆင့်အလိုက် ကွဲပြားနိုင်သည်။ ဤဇယားသည် ယေဘုယျအားဖြင့် ခေါ်ဆို‌လေ့ရှိသော အခေါ်အဝေါ်များဖြစ်သည်။

အခေါ်အဝေါ်နိုင်ငံတော်အဆင့်ပြည်နယ်အဆင့်
နိုင်ငံခေါင်းဆောင် (Head of State)
သမ္မတနိုင်ငံခေါင်းဆောင်PresidentGovernor
သမ္မတနိုင်ငံခေါင်းဆောင် (ဒုတိယ‌)Vice PresidentLieutenant Governor
ဘုရင်Queen / KingQueen / King
ဘုရင် (ကိုယ်စား)Governor GeneralGovernor / Lieutenant Governor
အစိုးရအဖွဲ့ (Executive branch)
အစိုးရခေါင်းဆောင်Prime Minister / ChancellorPremier
Chief Minister
Minister President
ဝန်ကြီးဌာနခေါင်းဆောင်Minister / SecretaryMinister / Secretary
Commissioner
Superintendent
အစိုးရအဖွဲ့CabinetCabinet
Privy CouncilExecutive Council
Federal Government / Union GovernmentState Government
Council of MinistersBoard of Ministers / Council of Ministers
ဥပဒေပြုရေး (Legislative branch)
ဥပဒေပြုယန္တရားParliamentLegislature
CongressState Council
National AssemblyGeneral Assembly
အထက်လွှတ်တော်Council of States/ SenateLegislative Council
အောက်လွှတ်တော်House of RepresentativesLegislative Assembly
Chamber of DeputiesLandtag
National AssemblyHouse of Assembly
တရားစီရင်ရေး (Judicial branch)
အမြင့်ဆုံးတရားရုံးSupreme CourtHigh Court
Court of Final Appeal

ပြည်နယ်အလိုက်ဖက်ဒရယ်နိုင်ငံများစာရင်း

ကိုးကား

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်မြန်မာနိုင်ငံနှစ်ဆန်းတစ်ရက်နေ့သင်္ကြန်မင်းအောင်လှိုင်လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)မေတ္တသုတ်ရှစ်ပါးသီလပရိတ်ကြီး ၁၁ သုတ်အောင်ဆန်းစုကြည်ကိုးပါးသီလအောင်ဆန်းအောင်လပဋ္ဌာန်းလွတ်လပ်ရေးကြေညာစာတမ်းမဟာသမယသုတ်ရတနသုတ်တပ်မတော် (ကြည်း)အော်ကာတပ်မတော်ဘုရားဂုဏ်တော်ဘာဂျာမှုတ်ခြင်းဂေါတမဗုဒ္ဓမြန်မာပိတောက်ငါးပါးသီလဥပုသ်ဒုတိယ ကမ္ဘာစစ်စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)ကျန်စစ်သားမိန်းမ မျိုးပွားအင်္ဂါဆယ်ပါးသီလမြန်မာနိုင်ငံရှိ မြို့များမင်္ဂလသုတ်သင်္ကြန်မိုးဂျပန်နိုင်ငံမထိုးသွင်းသော လိင်ဆက်ဆံခြင်းမြန်မာ သက္ကရာဇ်ပုဂံ