ဖရန့်ဖွတ်မြို့

ဖရန့်ဖွတ် အင်န် မိုင်း (Frankfurt am Main) သို့မဟုတ် ဖရန့်ဖွတ်မြို့သည် ဂျာမနီနိုင်ငံ၏ ပြည်နယ်တစ်ခုဖြစ်သော ဟပ်ဆယ်လ်ပြည်နယ်၏ မြို့တော် ဖြစ်ပြီး ဂျာမနီနိုင်ငံတွင် ပဉ္စမမြောက် အကြီးဆုံးမြို့ ဖြစ်သည်။ ၂၀၀၉ ခုနှစ် တွင် လူဦးရေ ၆၇၂,၀၀၀ မျှ ရှိပြီး ၂၀၁၀ ခုနှစ်တွင် မြို့ပြဒေသတွင် နေထိုင်သူ ၂,၂၉၅,၀၀၀ မျှ ရှိသည်။ ဖရန့်ဖွတ်မြို့သည် ဖရန့်ဖွတ် ရိုင်း-မိန်း မက်ထရိုပိုလစ်တန် ဒေသ၏ အချက်အချာမြို့ဖြစ်ပြီး ထိုဒေသတွင် လူဦးရေ ၅ သန်း ၆ သိန်းမျှ ရှိကာ ဂျာမနီနိုင်ငံတွင် ဒုတိယမြောက် အကြီးဆုံးသော မက်ထရိုပိုလစ်တန် ဒေသဖြစ်သည်။

ဖရန့်ဖွတ် အင်န် မိုင်း၏ မြင်ကွင်း

ဖရန့်ဖွတ်မြို့သည် အင်္ဂလိပ် ဘာသာဖြင့် မိုင်းမြစ်ပေါ်မှ ဖရန့်ဖွတ် ဟု အဓိပ္ပာယ်ရပြီး မိုင်းမြစ်ပေါ်ရှိ ရှေးခေတ်က ဖြတ်ကူးရာနေရာပေါ်တွင် တည်ရှိသည်။

ဖရန့်ဖွတ်မြို့၏ မြင်ကွင်းကျယ်
🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်မြန်မာနိုင်ငံနှစ်ဆန်းတစ်ရက်နေ့သင်္ကြန်မင်းအောင်လှိုင်လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)မေတ္တသုတ်ရှစ်ပါးသီလပရိတ်ကြီး ၁၁ သုတ်အောင်ဆန်းစုကြည်ကိုးပါးသီလအောင်ဆန်းအောင်လပဋ္ဌာန်းလွတ်လပ်ရေးကြေညာစာတမ်းမဟာသမယသုတ်ရတနသုတ်တပ်မတော် (ကြည်း)အော်ကာတပ်မတော်ဘုရားဂုဏ်တော်ဘာဂျာမှုတ်ခြင်းဂေါတမဗုဒ္ဓမြန်မာပိတောက်ငါးပါးသီလဥပုသ်ဒုတိယ ကမ္ဘာစစ်စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)ကျန်စစ်သားမိန်းမ မျိုးပွားအင်္ဂါဆယ်ပါးသီလမြန်မာနိုင်ငံရှိ မြို့များမင်္ဂလသုတ်သင်္ကြန်မိုးဂျပန်နိုင်ငံမထိုးသွင်းသော လိင်ဆက်ဆံခြင်းမြန်မာ သက္ကရာဇ်ပုဂံ