ဖောက်စ်သတင်း

အမေရိကန်ရုပ်မြင်သံကြားသတင်းချန်နယ်

ဖောက်စ်သတင်း (အင်္ဂလိပ်: Fox News; အသံထွက် - /fɒks/ or /fɑks/; တရားဝင်အမည် "Fox News Channel") သည် အမေရိကန် ကွန်ဆာဗေးတစ်အမာခံ သတင်းရုပ်သံလိုင်းတစ်ခုဖြစ်သည်။[၁][၂][၃][၄] နယူးယောက်မြို့၌ အခြေစိုက်၍ ဖောက်စ်မီဒီယာအုပ်စုက ပိုင်ဆိုင်ပြီး၊ ထိုအုပ်စုကို ဖောက်စ်ကော်ပိုရေးရှင်းက ထပ်မံပိုင်ဆိုင်သည်။[၅] အဓိကရုပ်သံလွှင့်စတူဒီယိုများမှာ နယူးယောက်မြို့၊ မဟတ္တန်အရပ်၏အလယ်ရှိ 1211 Avenue of the Americas အဆောက်အအုံကြီးတွင် တည်ရှိကာ ဖောက်စ်သတင်းသည် နိုင်ငံ ၈၆ ခုခန့်ကို သတင်းဝန်ဆောင်မှုပေးသည်။[၆]

Fox News Channel
ပိုင်ဆိုင်သူဖောက်စ် ကော်ပိုရေးရှင်း
ဆောင်ပုဒ်Most Watched. Most Trusted.
Standing Up For What's Right
နိုင်ငံအမေရိကန်ပြည်ထောင်စု
ဘာသာစကားအင်္ဂလိပ်
ဌာနချုပ်များ
  • 1211 Avenue of the Americas
  • New York City, New York 10036
  • U.S.
ဝက်ဘ်ဆိုဒ်foxnews.com

ဤရုပ်သံလိုင်းကို ဩစတေးလျ-အမေရိကန်သား မီဒီယာလုပ်ငန်းရှင် ရူးပါ့တ် မားဒေါ့ခ် (Rupert Murdoch) က ကွန်ဆာဗေးတစ်ပရိသတ်ကို ဆွဲဆောင်နိုင်စေရန်တည်ထောင်ခဲ့၍ ယခင် ရစ်ပါဘလစ်ကန်ပါတီ မီဒီယာအတိုင်ပင်ခံနှင့် စီအန်ဘီစီရုပ်သံ အလုပ်အမှုဆောင် ရော်ဂျာ အေးလ်ဇ် (Roger Ailes) ကို စီအီးအိုအဖြစ် ငှားရမ်းခဲ့သည်။[၇][၈] ၁၉၉၆ အောက်တိုဘာ ၇ တွင် စတင်ထုတ်လွှင့်ခဲ့သည်။[၉] ဖောက်စ်သတင်းသည် ၁၉၉၀ ဆယ်စုနှစ်အကုန်နှင့် ၂၀၀၀ ပြည့်နှစ် ကာလများတွင် အမေရိက၌ အခပေးကြည့်ရှုရသောလိုင်းများတွင် အင်အားကြီးမားလာသည့် သတင်းကွန်ရက်တစ်ခုဖ့စ်လာခဲ့သည်။[၁၀] မားဒေါ့ခ်သည် လက်ရှိ စီမံအုပ်ချုပ်ရေးအကြီးအကဲဖြစ်၍ ဆူဇန် စကော့သည် စီအီးအိုအဖြစ် ထမ်းဆောင်လျက် ရှိသည်။[၁၁][၁၂]

ဖောက်စ်သတင်းသည် ရစ်ပါဘလစ်ကန်ပါတီနှင့် ထိုပါတီ၏ နိုင်ငံရေးသမားများကို ဘက်လိုက်၍ တင်ဆက်ဖော်ပြပြီး ဒီမိုကရက်တစ်ပါတီကိုမူ မကောင်းမြင်သဘောဖြင့် တင်ဆက်သည်ဟု ဖော်ပြခြင်းခံရသည်။[၁၈] ခြုံငုံသုံးသပ်လျှင် ဤရုပ်သံသည် သတင်း၏ တည်ကြည်ခိုင်မာမှုကို အန္တရာယ်ပေးသည်ဟု ဝေဖန်သူများက ပြောဆိုကြ၏ ။[၁၉][၂၀] သမ္မတ ဒေါ်နယ်လ် ထရမ့် သက်တမ်းအတွင်း ရုပ်သံသည် ထရမ့်အစိုးရ၏ အာဘော်ကို ပြန်လည်ဖောက်သည်ချခြင်းမှာ သိသာထင်ရှားသည်ဟု လေ့လာသူတို့က ဆိုကြလေသည်။ ပညာရှင်များကလည်း ဤရုပ်သံသည် နိုင်ငံပိုင်(အစိုးရပိုင်) ရုပ်မြင်သံကြားနှင့် နီးကပ်ဆင်တူသည်ဟု ညွှန်းဆိုမှုပြုကြသည်။[၂၁][၂၂]

ကိုးကား

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်မြန်မာနိုင်ငံနှစ်ဆန်းတစ်ရက်နေ့သင်္ကြန်မင်းအောင်လှိုင်လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)မေတ္တသုတ်ရှစ်ပါးသီလပရိတ်ကြီး ၁၁ သုတ်အောင်ဆန်းစုကြည်ကိုးပါးသီလအောင်ဆန်းအောင်လပဋ္ဌာန်းလွတ်လပ်ရေးကြေညာစာတမ်းမဟာသမယသုတ်ရတနသုတ်တပ်မတော် (ကြည်း)အော်ကာတပ်မတော်ဘုရားဂုဏ်တော်ဘာဂျာမှုတ်ခြင်းဂေါတမဗုဒ္ဓမြန်မာပိတောက်ငါးပါးသီလဥပုသ်ဒုတိယ ကမ္ဘာစစ်စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)ကျန်စစ်သားမိန်းမ မျိုးပွားအင်္ဂါဆယ်ပါးသီလမြန်မာနိုင်ငံရှိ မြို့များမင်္ဂလသုတ်သင်္ကြန်မိုးဂျပန်နိုင်ငံမထိုးသွင်းသော လိင်ဆက်ဆံခြင်းမြန်မာ သက္ကရာဇ်ပုဂံ