ဘီယထွင့် (နယ်သာလန်ဘုရင်မ)

နယ်သာလန်နိုင်ငံ၏ ဘုရင်မ (၁၉၈၀-၂၀၁၃)


ဘီယထွင့်ဘုရင်မကြီးသည် နယ်သာလန်နိုင်ငံ၏ ဘုရင်မတစ်ဦးဖြစ်သည်။ သူမအား ဇန္နဝါရီလ ၃၁ရက်၊ ၁၉၃၈ ခုနှစ်တွင်မွေးဖွားခဲ့ပြီး ၁၉၈၀ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့တွင် ဘုရင်မအဖြစ် ဘိသိက်ခံခဲ့သည်။ သူမ၏ အမည်အပြည့်အစုံမှာ Beatrix Wilhelmina Armgard, Princess van Oranje-Nassau, Princess van Lippe-Biesterfeld ဖြစ်ပြီး Claus von Amsberg ဆိုသူနှင့် စုလျားရစ်ပတ်ခဲ့သည်။ မယ်တော်မှာ ဂျူလီယန ဘုရင်မကြီးဖြစ်၍ ခမည်းတော်မှာ မင်းသားကြီး ဘာဟတ် ဖြစ်သည်။ ဘီယထွင့် ဘုရင်မကြီးတွင် မင်းသား ဝီလီယမ် အလက်ဇန္ဒား၊ မင်းသား ယောဟန် ဖရင့်ဆိုနှင့် မင်းသား ကော့စ်တင်တိုင် အမည်ရှိ သားတော်သုံးပါရှိသည်။

ဘီယထွင့်
'
နန်းသက်၃၀၊ ဧပြီလ၊ ၁၉၈၀ ခုနှစ်
အမည်အပြည့်အစုံBeatrix Wilhelmina Armgard
ငယ်မည်
ဘွဲ့အမည်ဘီယထွင့်
အမည်ကွဲBeatrix Wilhelmina Armgard, Princess van Oranje-Nassau, Princess van Lippe-Biesterfeld
နံတော်
မွေးဖွားသည့်နေ့၃၁၊ ဇန္နဝါရီ၊ ၁၉၃၈ ခုနှစ်
မွေးရာဇာတိဘန်းမြို့
ဖခမည်းတော်မင်းသားကြီး ဘာဟတ်
မယ်တော်ဂျူလီယန ဘုရင်မ
ကိုးကွယ်သည့်ဘာသာခရစ်ယာန်ဘာသာ
ကြင်ရာတော်Claus von Amsberg
နန်းစံရာ နေပြည်တော်အမ်စတာဒမ်မြို့
နတ်ရွာစံသည့်နေ့
နတ်ရွာစံသည့်နေရာ
မြှုပ်နှံရာနေရာ
ဆက်ခံခဲ့သောမင်းဂျူလီယန (Juliana)
ဆက်ခံမည့်မင်းဝီလီယမ် အလက်ဇန္ဒား
မင်းဆက်အောရိန်း-နာဆော

သူ့အား နယ်သာလန်နိုင်ငံ၊ ဘန်းမြို့တွင် မွေးဖွားခဲ့သည်။ ဂျူလီယနဘုရင်မကြီး၏ အကြီးဆုံးသမီးဖြစ်သည်။ ၁၉၄၈ ခုနှစ်တွင် သူသည် နယ်သာလန်နိုင်ငံ၏ ရာဇပလ္လင်အား အမွေးဆက်ခံရန်ဖြစ်လာသည်။ ၁၉၈၀ ခုနှစ်၊ ဧပြီ ၃၀ တွင် ဘုရင်မကြီး ဂျူလီယန နန်းစွန့်ပြီးနောက် ဘီယထွင့်သည် နယ်သာလန်နိုင်ငံ၏ ဘုရင်မဖြစ်သို့ ရောက်ရှိခဲ့သည်။

ဒုတိယကမ္ဘာစစ်အတွင်း၌ ဘီယထွင့်သည် မူလတန်းကျောင်းနှင့် အလယ်ကျောင်းကို ကနေဒါနိုင်ငံ၊ နယ်သာလန်နိုင်ငံတို့တွင် တက်ရောက်ခဲ့သည်။ ၁၉၆၁ ခုနှစ်တွင် နယ်သာလန်နိုင်ငံ၊ လိုင်ဒန်တက္ကသိုလ်(Leiden University) မှ ဥပဒေဘွဲ့ကို လက်ခံရရှိသည်။ ဘီယထွင့်သည် ကယ့် ဗန် အမ်စ်ဘက် နှင့် ၁၉၆၆ ခုနှစ်တွက် လက်ထက်ပြီးနောက် မင်းသား ဝီလီယမ် အလက်ဇန္ဒား၊ မင်းသား ယောဟန် ဖရင့်ဆိုနှင့် မင်းသား ကော့စ်တင်တိုင် အမည်ရှိ သားတော်သုံးဖွားမြင်ခဲ့သည်။ သူ၏ ကြင်ယာတော် မင်းသားကြီး ကယ့် ဗန် အမ်စ်ဘက် သည် ၂၀၀၂ ခုနှစ်တွင် နတ်ရွာစံခဲ့သည်။ ဘီယထွင့် ဘုရင်မကြီးသည် နယ်သာလန်နိုင်ငံ မင်းဆက်များထဲတွင် နန်းသက်အရှည်ဆုံး ဘုရင်မကြီးတစ်ပါးဖြစ်သည်။[၁]

ကိုးကား

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်မြန်မာနိုင်ငံနှစ်ဆန်းတစ်ရက်နေ့သင်္ကြန်မင်းအောင်လှိုင်လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)မေတ္တသုတ်ရှစ်ပါးသီလပရိတ်ကြီး ၁၁ သုတ်အောင်ဆန်းစုကြည်ကိုးပါးသီလအောင်ဆန်းအောင်လပဋ္ဌာန်းလွတ်လပ်ရေးကြေညာစာတမ်းမဟာသမယသုတ်ရတနသုတ်တပ်မတော် (ကြည်း)အော်ကာတပ်မတော်ဘုရားဂုဏ်တော်ဘာဂျာမှုတ်ခြင်းဂေါတမဗုဒ္ဓမြန်မာပိတောက်ငါးပါးသီလဥပုသ်ဒုတိယ ကမ္ဘာစစ်စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)ကျန်စစ်သားမိန်းမ မျိုးပွားအင်္ဂါဆယ်ပါးသီလမြန်မာနိုင်ငံရှိ မြို့များမင်္ဂလသုတ်သင်္ကြန်မိုးဂျပန်နိုင်ငံမထိုးသွင်းသော လိင်ဆက်ဆံခြင်းမြန်မာ သက္ကရာဇ်ပုဂံ