မဟာ ဘယ်ရီယာ သန္တာကျောက်တန်းကြီး

ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဩစတေးလျနိုင်ငံ အရှေ့ဘက်ကမ်းရိုးတန်းရှိ သန္တာကျောက်တန်းစနစ်

မဟာ ဘယ်ရီယာ သန္တာကျောက်တန်းကြီး (Great Barrier Reef) သည် ကမ္ဘာပေါ်တွင် အကြီးဆုံးသော သန္တာကျောက်တန်းကြီးဖြစ်သည်။[၁][၂] သန္တာကျောက်တန်းပေါင်း ၂၉၀၀ ကျော်နှင့် မိုင်ပေါင်း ၁၆၀၀ (ကီလိုမီတာ ၁၆၀၀) မျှ ရှည်လျားသော ဒေသတွင် ဖြန့်ကျက်တည်ရှိနေသော သန္တာကျွန်းပေါင်း ၉၀၀ ကျော် ပါဝင်ပြီး ဧရိယာ စတုရန်းမိုင်ပေါင်း ၁၃၃,၀၀၀ မိုင် (၃၄၄,၀၀၀ စတုရန်း ကီလိုမီတာ) မျှ ကျယ်ဝန်းသည်။[၃][၄] သန္တာကျောက်တန်းကြီးသည် ဩစတေးလျနိုင်ငံ အရှေ့မြောက်ပိုင်း ကွင်းစလန်ပြည်နယ်၏ ကမ်းလွန် သန္တာပင်လယ်တွင် တည်ရှိသည်။

မဟာ ဘယ်ရီယာ သန္တာကျောက်တန်းကြီး
ယူနက်စကို ကမ္ဘာ့အမွေအနှစ်နေရာ
တည်နေရာကွင်းစလန်ပြည်နယ်၊ ဩစတြေးလျနိုင်ငံ
ရွေးချယ်သည့် စံနှုန်းသဘာဝ၊ vii, viii, ix, x
ရည်ညွှန်း154
စတင်သတ်မှတ်ခြင်း၁၉၈၁ (ပဉ္စမအကြိမ် အစည်းအဝေး)
ဧရိယာ၃၄,၈၇၀,၀၀၀ ဟက်တာ
ဝဘ်ဆိုဒ်gbrmpa.gov.au
ကိုဩဒိနိတ်18°17′S 147°42′E / 18.283°S 147.700°E / -18.283; 147.700 147°42′E / 18.283°S 147.700°E / -18.283; 147.700
မဟာ ဘယ်ရီယာ သန္တာကျောက်တန်းကြီး သည် ကွင်းစလန်ပြည်နယ် တွင် တည်ရှိသည်
မဟာ ဘယ်ရီယာ သန္တာကျောက်တန်းကြီး
မဟာ ဘယ်ရီယာ သန္တာကျောက်တန်းကြီး၏ အလယ်ပိုင်းနေရာ
မဟာ ဘယ်ရီယာ သန္တာကျောက်တန်းကြီး သည် ဩစတေးလျနိုင်ငံ တွင် တည်ရှိသည်
မဟာ ဘယ်ရီယာ သန္တာကျောက်တန်းကြီး
မဟာ ဘယ်ရီယာ သန္တာကျောက်တန်းကြီး (ဩစတေးလျနိုင်ငံ)

မဟာ ဘယ်ရီယာ သန္တာကျောက်တန်းကြီးကို အာကာသမှပင် တွေ့မြင်နိုင်ပြီး ကမ္ဘာပေါ်တွင် သက်ရှိတို့ ဆောက်လုပ်သော အကြီးဆုံးသော တည်ဆောက်မှု ဖြစ်သည်။[၅] ထိုသန္တာကျောက်တန်းကြီးကို ဘီလီယံပေါင်း မြောက်မြားစွာသော ကိုရယ်လ် ပေါ်လစ်ပ် (coral polyps) ခေါ် သန္တာကောင် ကလေးများက တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။[၆] ထိုနေရာတွင် သက်ရှိပေါင်း မြောက်မြားစွာတို့ နေထိုင်ရန် အထောက်အကူဖြစ်ပြီး ၁၉၈၁ ခုနှစ်တွင် ယူနက်စကိုမှ ကမ္ဘာ့အမွေအနှစ်နေရာ အဖြစ် ရွေးချယ်ခဲ့သည်။[၁][၂] စီအင်န်အင်န် သတင်းဌာနမှ ထိုနေရာကို ကမ္ဘာ့ သဘာဝ အံ့ဖွယ် ခုနစ်ပါး စာရင်းတွင် ထည့်သွင်းခဲ့သည်။ ကွင်းစလန်း အမျိုးသား ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့မှ ကွင်းစလန်းပြည်နယ်၏ သင်္ကေတအဖြစ် သတ်မှတ်ခဲ့သည်။

ဓာတ်ပုံများ

ကိုးကား

ပြင်ပလင့်ခ်များ

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်မြန်မာနိုင်ငံနှစ်ဆန်းတစ်ရက်နေ့သင်္ကြန်မင်းအောင်လှိုင်လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)မေတ္တသုတ်ရှစ်ပါးသီလပရိတ်ကြီး ၁၁ သုတ်အောင်ဆန်းစုကြည်ကိုးပါးသီလအောင်ဆန်းအောင်လပဋ္ဌာန်းလွတ်လပ်ရေးကြေညာစာတမ်းမဟာသမယသုတ်ရတနသုတ်တပ်မတော် (ကြည်း)အော်ကာတပ်မတော်ဘုရားဂုဏ်တော်ဘာဂျာမှုတ်ခြင်းဂေါတမဗုဒ္ဓမြန်မာပိတောက်ငါးပါးသီလဥပုသ်ဒုတိယ ကမ္ဘာစစ်စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)ကျန်စစ်သားမိန်းမ မျိုးပွားအင်္ဂါဆယ်ပါးသီလမြန်မာနိုင်ငံရှိ မြို့များမင်္ဂလသုတ်သင်္ကြန်မိုးဂျပန်နိုင်ငံမထိုးသွင်းသော လိင်ဆက်ဆံခြင်းမြန်မာ သက္ကရာဇ်ပုဂံ