မြေဖြူ

မြေဖြူ (ထုံးကျောက်ဖြူ) သည် များသောအားဖြင့် အဖြူရောင်ရှိသော ထုံးကျောက်တစ်မျိုးဖြစ်၍၊ ဓာတုဗေဒ အလိုအရ ကယ်လဆီယမ် ကာဗွန်နိတ် ၉၄ ရာခိုင်နှုန်းခန့်အထိ ပါဝင်တတ်သည်။ မွဲပြာရောင် သန်းနေသော မြေဖြူများလည်းရှိ၏။ ထုံးကျောက်တစ်မမျိုး ဖြစ်သော်လည်း အပျော့စား ဖြစ်သဖြင့် ကျစ်လျစ်ခြင်း မရှိဘဲ ပွသော သဘောရှိ၍ ညက်ညောသည်။ ချေမွ ထားသော မြေဖြူကိုလက်ဖြင့် ကိုင််ကြည့်လျှင် လက်တွင်စွန်းထင်တတ်သည်။ ယခု ကျွနု်ပ်တို့ သုံးစွဲလျက်ရှိသော မြေဖြူများမှာ လွန်ခဲ့သည့် နှစ်သန်းပေါင်းများစွာက ပင်လယ် သမုဒ္ဒရာထဲတွင် ကျက်စားလာခဲ့ကြသော ဖော်ရာမင်နိဖာရာခေါ် ရေသတ္တဝါကလေးတို့၏ အခွံများမှ ဖြစ်လာသည့်ပစ္စည်းပင်ဖြစ်သည်။


အဆိုပါ သတ္တဝါကလေးများသည် အရွယ်အားဖြင့် အလွန်သေးငယ််သောကြောင့် မိုက္ကရိုစကုပ်ခေါ် အဏုကြည့်မှန်ပြောင်းဖြင့်ကြည့်မှသာ တစ်ကောင်ချင်း မြင်နိုင်သည်။ အသက်ရှင်လျက်ရှိစဉ်က ဤသတ္တဝါကလေးတို့သည် ပင်လယ်ရေမျက်နှာပြင်နားတွင်ကပ်၍အုပ်သင်းဖွဲ့ကာ နေထိုင်လေ့ရှိကြသည်။ သို့သော် သေဆုံးသွားသောအခါ ယင်းတို့၏ အခွံများသည် ရေအောက်သို့ အနည်ထိုင်ဆင်းသွားသည်။ ဤနည်းဖြင့် တဖြည်းဖြည်း များပြားစုပုံလာရာမှ ကာလကြာညောင်းသော် အထက်မှ ရေထု၏ ဖိအားအလေးကြောင့် ယင်းတို့၏အခွံများသည် ကြေမွပြီးလျှင် အစိုင်အခဲအဖြစ်သို့ ပြောင်းလဲသွားကာ မြေဖြူဖြစ်လာသည်။ ပထမတွင် မြေဖြူသည် ရေအောက်မှာပင်နစ်မြုပ်၍ တည်ရှိ၏။ နှစ်ပရိစ္ဆေဒများစွာ ကြာပြီးမှ၊ ရေခန်းခြောက်ခြင်း၊ ငလျင်လှုပ်ခြင်း၊ မီးတောက်ပေါက်ကွဲခြင်း စသော အကြောင်းများကြောင့် ရေပေါ်သို့ ကုန်းသစ်အဖြစ်ဖြင့် တဖြည်းဖြည်းပေါ်ထွန်းလာသည်။ ကမ္ဘာအရပ်ရပ်ရှိ မြေဖြူတောင် မြေဖြူကမ်းပါးများမှာ ဤနည်းအတိုင် ပေါ်ပေါက်လာကြခြင်းပင်ဖြစ်လေသည်။ ထိုသတ္တဝါကလေးများသည် ယခုတိုင်အောင် အထူးသဖြင့် အပူပိုင်းဇုန်ရှိ ပင်လယ်သမုဒ္ဒရာများ၌ မျိုးမသုန်းသေးဘဲ ပေါက်ပွားလျက်ရှိကြ၏။ ပင်လယ်သမုဒ္ဒရာ အောက်မ ရွှံ့နွံများကို တူးဖော်၍ စစ်ဆေးကြည့်လျှင်၊ယင်းတို့၏ အခွံများကို ကောင်းစွာတွေ့နိုင်သည်။ ထိုအခွံများသည် အချိန်တန်သော် အထက်ပါအတိုင်း မြေဖြူဖြစ်လာပြီးနောက်နှောင်းခေတ်လူများ တူးဖော်အသုံးချနိုင်အောင် ရေပေါ်သို့ ပေါ်ထက်လာဖွယ်ရ အကြောင်းရှိလေသည်။


မြေဖြူသည် လူတို့အဖို့ အမျိုးမျိုး အသုံးဝင်သည်။ မြေဖြူကို ခဲအောင် ပြုလုပ်ခြင်းဖြင့် ကျောင်းများတွင် အသုံးပြုသည့် မြေဖြူတောင့်များနှင့် အရုပ်ရေးရန် ဆေးတောင့်များကိုရသည်။ မဖောက်ထုံး၊ အင်္ဂတေ၊ ဘိလပ်မြေ၊ သွားတိုက်ဆေး၊ ခြယ်ဆေး၊ ပလာစတာ၊ မြေဩဇာ၊ ပတ္တီး(ထေးစေး)နှင့် အရောင်တင်ဆေးမှုန့်များကို မြေဖြူမှပြုလုပ်ကြရသည်။ မြေဖြူကို ရာဗာကြက်ပေါင်းစေးဖြင့်ပြုလုပ်သော အထည်ပစ္စည်းများတွင်လည်း အသုံးပြုရ၍၊ သန့်စင်သောမြေဖြူကိုမူ ဆေးဖက်တွင် အသုံးချရလေသည်။ မြေဖြူကို အဂ၅လန်နှင့် ပြင်သစ််နိုင်ငံများတွင် အမြောက်အမြားတွေ့ရ၍ အမေရိကန်ပြည်ထောင်စု၌ အတော်အသင့်များပြားစွာ တွေ့ရသည်။ တစ်နှစ်လျှင် အဂ‡လန် တစ်နိုင်ငံတည်းမှ မြေဖြူတန်ချိန် ၅ သန်းနီးပါး ထွက်၏။ ထိုအနက် အထူးသဖြင့် ကင့်နယ်မှ ထွက်သည့် မြေဖြူမှာအကျော်ကြားဆုံး ဖြစ်လေသည်။[၁]


ကိုးကား

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်မြန်မာနိုင်ငံနှစ်ဆန်းတစ်ရက်နေ့သင်္ကြန်မင်းအောင်လှိုင်လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)မေတ္တသုတ်ရှစ်ပါးသီလပရိတ်ကြီး ၁၁ သုတ်အောင်ဆန်းစုကြည်ကိုးပါးသီလအောင်ဆန်းအောင်လပဋ္ဌာန်းလွတ်လပ်ရေးကြေညာစာတမ်းမဟာသမယသုတ်ရတနသုတ်တပ်မတော် (ကြည်း)အော်ကာတပ်မတော်ဘုရားဂုဏ်တော်ဘာဂျာမှုတ်ခြင်းဂေါတမဗုဒ္ဓမြန်မာပိတောက်ငါးပါးသီလဥပုသ်ဒုတိယ ကမ္ဘာစစ်စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)ကျန်စစ်သားမိန်းမ မျိုးပွားအင်္ဂါဆယ်ပါးသီလမြန်မာနိုင်ငံရှိ မြို့များမင်္ဂလသုတ်သင်္ကြန်မိုးဂျပန်နိုင်ငံမထိုးသွင်းသော လိင်ဆက်ဆံခြင်းမြန်မာ သက္ကရာဇ်ပုဂံ