ရှေးဟောင်းဂရိ

ရှေးဟောင်း ဂရိဘာသာစကား (အင်္ဂလိပ်: Ancient Greek) တွင် ဘီစီ ၉ ရာစုမှ အေဒီ ၆ရာစုအထိ ရှေးခေတ်ဂရိနှင့် ရှေးဟောင်းကမ္ဘာတွင် အသုံးပြုသော ဂရိဘာသာစကား ပုံစံများဖြစ်သည်။ ထိုခေတ်ကို အကြမ်းအားဖြင့် ခေတ်သုံးခေတ်ဖြင့် ပိုင်းခြားထားရာ :

  • ရှေးဟောင်းခေတ် (Archaic Greece) - ဘီစီ (၉-၆ ရာစုများ)
  • ဂန္ထဝင်ခေတ် (Classical Greece) - ဘီစီ (၅-၄ ရာစုနှစ်များ)
  • ဟဲလင်နစ်စတစ်ခေတ် သို့ ကွိုင်းနီးဘာသာစကားသုံးကာလ (Hellenistic period or Koine Greek) - ဘီစီ (၃ ရာစုမှ အေဒီ ၄ ရာစု) တို့ဖြစ်ကြသည်။
ရှေးဟောင်း ဂရိ
တမ်းပလိတ်:Br-separated entries
အသီးနာ ပါးသနွန်ဘုရားကျောင်းရှိ ရုပ်တုတည်ဆောက်ခြင်းအကြောင်းပါသော ကျောက်စာ (ဘီစီ ၄၄၀/၄၃၉)
ဒေသမြေထဲပင်လယ် အရှေ့ဘက်ဒေသ
အင်ဒို-ယူရိုပီယမ်
  • ဟဲလန်နစ် ဘာသာစကား
    • ရှေးဟောင်း ဂရိ
စာအရေးအသားစနစ်
ဂရိ အက္ခရာ
ဘာသာစကားကုဒ်များ
ISO 639-2grc
ISO 639-3grc (includes all pre-modern stages)
Glottologanci1242[၁]
ရှေးဟောင်း (ဟိုးမားခေတ်) ဂရိမြေပုံ
ဟိုးမား၏ "အောဒဆီ"ကဗျာ အစ

ဤခေတ်မတိုင်ခင်က မိုက်ဆီးနီယန် ဂရိခေတ် (Mycenaean Greek) တည်ရှိခဲ့၍ ဤခေတ်နောက်တွင် ဂရိ အလယ်ခေတ် (Medieval Greek) ဆက်လက်တည်ရှိခဲ့သည်။ ကွိုင်းနီးဘာသာစကား၏ အစောဆုံးပုံစံများသည် အဲတစ်ဂရိ ဘာသာစကားနှင့် နီးကပ်စွာ ဆင်တူသော်လည်း နောက်အကျဆုံးပုံစံသည်ကား အလယ်ခေတ် ဂရိဘာသာစကားဆီသို့ ဦးတည်ချဉ်ကပ်သွားသော်လည်း ကွိုင်းနီးကို သမိုင်း၌ သီးသန့်အဆင့်တစ်ခုအနေဖြင့် သတ်မှတ်ကြသည်။ ရှေးဟောင်းခေတ်ဂရိ၏ ဒေသယိဘာသာစကားအချို့ ရှိခဲ့ပြီး အဲတစ်ဘာသာစကားသည် ကွိုင်းနီးဘာသာစကားအဖြစ်သို့ ဖြစ်ထွန်းတိုးတက်သွားခဲ့သည်။

ရှေးဟောင်ခေတ် ဂရိဘာသာစကားသည် ဟိုးမားဘာသာစကားဖြစ်သည့်အပြင် ဘီစီငါးရာစုခန့်က သမိုင်းဆရာ၊ ပြဇာတ်ဆရာ၊ ဒဿနဆရာများ၏ ဘာသာစကားလည်း ဖြစ်ပေသည်။ အင်္ဂလိပ်ဝေါဟာရထဲသို့ များစွာသော စကားလုံးများကို အကျိုးပြုခဲ့သည့် ဘာသာစကားတစ်ခုလည်းဖြစ်သည်။ ထို့ပြင် ရီနေဆွန်းခေတ် (ခေတ်ဆန်းချိန်) မှစ၍ အနောက်ကမ္ဘာ၏ ပညာရေးဆိုင်ရာ တက္ကသိုလ်၊ ကျောင်းများတွင် လေ့လာကြသော ဘာသာရပ်တစ်ခုလည်း ဖြစ်၏ ။ [၂][၃]

ကိုးကား

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်မြန်မာနိုင်ငံနှစ်ဆန်းတစ်ရက်နေ့သင်္ကြန်မင်းအောင်လှိုင်လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)မေတ္တသုတ်ရှစ်ပါးသီလပရိတ်ကြီး ၁၁ သုတ်အောင်ဆန်းစုကြည်ကိုးပါးသီလအောင်ဆန်းအောင်လပဋ္ဌာန်းလွတ်လပ်ရေးကြေညာစာတမ်းမဟာသမယသုတ်ရတနသုတ်တပ်မတော် (ကြည်း)အော်ကာတပ်မတော်ဘုရားဂုဏ်တော်ဘာဂျာမှုတ်ခြင်းဂေါတမဗုဒ္ဓမြန်မာပိတောက်ငါးပါးသီလဥပုသ်ဒုတိယ ကမ္ဘာစစ်စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)ကျန်စစ်သားမိန်းမ မျိုးပွားအင်္ဂါဆယ်ပါးသီလမြန်မာနိုင်ငံရှိ မြို့များမင်္ဂလသုတ်သင်္ကြန်မိုးဂျပန်နိုင်ငံမထိုးသွင်းသော လိင်ဆက်ဆံခြင်းမြန်မာ သက္ကရာဇ်ပုဂံ