လူဝီ ဗွီတွန်

ပြင်သစ် ဖက်ရှင်အသုံးအဆောင် နှင့် ဇိမ်ခံပစ္စည်းများ လက်လီရောင်းချသော ကုမ္ပဏီ

လူဝီ ဗွီတွန် (အင်္ဂလိပ်: Louis Vuitton, /lˈ vɪˈtɒn/ ( ); ပြင်သစ်: Louis Vuitton, [lwi vɥitɔ̃] ( )) သည် ပြင်သစ် ဇိမ်ခံ ဖက်ရှင်ပစ္စည်း ထုတ်လုပ်ရေးလုပ်ငန်းဖြစ်ပြီး ဒီဇိုင်နာ လူဝီ ဗွီတွန် မှ ၁၈၅၄ ခုနှစ်တွင် တည်ထောင်ခဲ့သော ကုမ္ပဏီဖြစ်သည်။[၁] တန်ဖိုးကြီး လက်ကိုင်အိတ်များနှင့် သားရေပစ္စည်းများမှသည် ရယ်ဒီမိတ် အဝတ်အထည်များ၊ ဖိနပ်များ၊ ရေမွှေးများ၊ နာရီများ၊ လက်ဝတ်ရတနာများ၊ အသုံးအဆောင်ပစ္စည်းများ၊ နေကာမျက်မှန်များနှင့် စာအုပ်များအထိ ထုတ်ကုန်အများစုတွင် LV monogram တံဆိပ်အား မြင်တွေ့ဖူးကြမည်ဖြစ်သည်။ လူဝီ ဗွီတွန်သည် ကမ္ဘာ့ထိပ်တန်း နိုင်ငံတကာ ဖက်ရှင်လုပ်ငန်းများထဲမှ တစ်ခုဖြစ်သည်။ ၎င်း၏ထုတ်ကုန်များကို သီးသန့်ဆိုင်များ၊ အဆင့်မြင့် ထုတ်ကုန်ပစ္စည်း ရောင်းချသည့် ဆိုင်များတွင် ရောင်းချသည့်အပြင် ၎င်း၏ ဝဘ်ဆိုဒ်မှတစ်ဆင့်လည်း ရောင်းချသည်။[၄][၅]

Louis Vuitton Malletier SAS
အမျိုးအစားလုပ်ငန်းခွဲ (SAS)[၁]
လုပ်ငန်းဖက်ရှင်လုပ်ငန်း
တည်ထောင်သည့်နှစ်၁၈၅၄; ၁၇၀ နှစ် အကြာက (၁၈၅၄)
တည်ထောင်သူများလူဝီ ဗွီတွန် (ဒီဇိုင်းနာ)
ဌာနချုပ်2 Rue du Pont Neuf
75001 ပဲရစ်မြို့
ပြင်သစ်နိုင်ငံ
48°51′33″N 2°20′38″E / 48.8593°N 2.3439°E / 48.8593; 2.3439 2°20′38″E / 48.8593°N 2.3439°E / 48.8593; 2.3439
အရေးပါ ပုဂ္ဂိုလ်များ
ထုတ်ကုန်ပစ္စည်း
  • လက်ကိုင်အိတ်
  • ဖက်ရှင်အသုံးအဆောင်များ
  • ရယ်ဒီမိတ် အဝတ်အထည်များ
  • ဖိနပ်များ
  • လက်ပတ်နာရီများ
  • လက်ဝတ်ရတနာများ
ဝင်ငွေIncrease ယူရို € ၁၄ ဘီလီယံ (၂၀၂၀)[၂]
အလုပ်သမားဦးရေ၁၉,၀၀၀ (၂၀၁၃)[၃]
မိခင်ကုမ္ပဏီLVMH
ဝက်ဘ်ဆိုက်louisvuitton.com

လူဝီ ဗွီတွန်သည် ၂၀၀၆ ခုနှစ်မှ ၂၀၁၂ ခုနှစ်အထိ ခြောက်နှစ်ဆက်တိုက် ကမ္ဘာ့တန်ဖိုးအကြီးဆုံး ဇိမ်ခံပစ္စည်း အမှတ်တံဆိပ်အဖြစ် သတ်မှတ်ခြင်းခံခဲ့ရသည်။ ၎င်းအမှတ်တံဆိပ်၏ ၂၀၁၂ ခုနှစ်အတွက် တန်ဖိုးသည် အမေရိကန်ဒေါ်လာ $ ၂၅.၉ ဘီလီယံဖြစ်သည်။[၆] ၂၀၁၃ ခုနှစ်တွင် အမှတ်တံဆိပ်၏တန်ဖိုးသည် အမေရိကန်ဒေါ်လာ ၂၈.၄ ဘီလီယံထိ ရောက်ရှိခဲ့ပြီး ၀င်ငွေမှာလည်း အမေရိကန်ဒေါ်လာ $ ၉.၄ ဘီလီယံ ရရှိခဲ့သည်။[၇] ကုမ္ပဏီသည် ကမ္ဘာတစ်ဝှမ်းရှိ စတိုးဆိုင်ပေါင်း ၄၆၀ ကျော်ဖြင့် နိုင်ငံပေါင်း ၅၀ တွင် လည်ပတ်လျက်ရှိသည်။[၈]

၁၈၉၈ ခုနှစ်မှ လူဝီ ဗွီတွန် ခရီးဆောင်အိတ်ကြော်ငြာ

ပြိုင်ဖက် လုပ်ငန်းများ

သမိုင်းဝင် ပြိုင်ဖက် လုပ်ငန်းများ

လက်ရှိ ပြိုင်ဖက် လုပ်ငန်းများ

နိုင်ငံအချို့ရှိ လူဝီ ဗွီတွန် ဆိုင်များ

ကိုးကား

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်မြန်မာနိုင်ငံနှစ်ဆန်းတစ်ရက်နေ့သင်္ကြန်မင်းအောင်လှိုင်လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)မေတ္တသုတ်ရှစ်ပါးသီလပရိတ်ကြီး ၁၁ သုတ်အောင်ဆန်းစုကြည်ကိုးပါးသီလအောင်ဆန်းအောင်လပဋ္ဌာန်းလွတ်လပ်ရေးကြေညာစာတမ်းမဟာသမယသုတ်ရတနသုတ်တပ်မတော် (ကြည်း)အော်ကာတပ်မတော်ဘုရားဂုဏ်တော်ဘာဂျာမှုတ်ခြင်းဂေါတမဗုဒ္ဓမြန်မာပိတောက်ငါးပါးသီလဥပုသ်ဒုတိယ ကမ္ဘာစစ်စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)ကျန်စစ်သားမိန်းမ မျိုးပွားအင်္ဂါဆယ်ပါးသီလမြန်မာနိုင်ငံရှိ မြို့များမင်္ဂလသုတ်သင်္ကြန်မိုးဂျပန်နိုင်ငံမထိုးသွင်းသော လိင်ဆက်ဆံခြင်းမြန်မာ သက္ကရာဇ်ပုဂံ