လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့

အမြောက်တပ်နှင့်ဆက်စပ်သည်

လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့သည် မြန်မာ့တပ်မတော်စစ်လက်ရုံးတပ်ဖွဲ့တစ်ခုဖြစ်သည်။ “လေကြောင်းရန်ကာကွယ်ရေး” ဟူသည့် တပ်ဖွဲ့၏ အမည်နာမ၌ပင် အဓိကထမ်းဆောင်ရသော တာဝန်မှာ ပေါ်လွင်နေလေသည်။ ဖွဲ့စည်းပုံအရ တပ်မတော်(ကြည်း)၌ ပါဝင်သော်လည်း လုပ်ငန်းတာဝန်ပိုင်း၌ သဘောသဘာဝအရ တပ်မတော်(ရေ)၊ အထူးသဖြင့် တပ်မတော်(လေ)နှင့် ပို၍ဆက်စပ်မှုရှိလေသည်။

လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့
လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့၏ လက်မောင်းတံဆိပ်
(အမြောက်တပ်ဖွဲ့တံဆိပ်နှင့်တူသည်။)
သစ္စာခံ မြန်မာ
တပ်မတော်
အမျိုးအစား
 တပ်မတော် (ကြည်း) တပ်မတော် (လေ)
တပ်
အမျိုးအစား
စစ်လက်ရုံးတပ်ဖွဲ့
အခန်းကဏ္ဍမြန်မာ့ဝေဟင်ပိုက်နက်ကာကွယ်ရေး
တပ်
အရွယ်အစား
၁၅၀၀၀-၁၇၀၀၀ (၂၀၁၆)
အစိတ်အပိုင်းကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)
အရာရှိချုပ်ရုံးလေကြောင်းရန်ကာကွယ်ရေးအရာရှိချုပ်ရုံး၊ စစ်ရုံး၊ နေပြည်တော်
အမည်ပြောင်လေကာ၊ အေဒီ
ဆောင်ပုဒ်
  • ကျွမ်းကျင်၊လျင်မြန်၊သေချာ၊အောင်မြင်
  • မြင်အောင်ရှာ ၊ဦးအောင်ပစ် ၊ထိရမည်။
အုပ်ချုပ်သူများ
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
ဒု-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်/ ကာကွယ်ရေးဦးစီးချုပ်(ကြည်း)ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း
အရာရှိချုပ်ဒုတိယဗိုလ်ချုပ်ကြီး မျိုးမိုးအောင်
ဒု-အရာရှိချုပ်ဗိုလ်ချုပ် နေမျိုးဦး
ထင်ရှားသော
အုပ်ချုပ်သူများ
  • ဒုတိယဗိုလ်ချုပ်ကြီး မြင့်လှိုင် (လယ်/ဆည်ပြည်ထောင်စုဝန်ကြီးဟောင်း)
  • ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း (ကာကွယ်ရေးပြည်ထောင်စုဝန်ကြီးဟောင်း)

လက်ရှိ လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့၏ အရာရှိချုပ် တာဝန်ထမ်းဆောင်နေသူမှာ ဒုတိယဗိုလ်ချုပ်ကြီး မျိုးမိုးအောင် ဖြစ်ပြီး ဒုတိယအရာရှိချုပ် တာဝန်ထမ်းဆောင်နေသူမှာ ဗိုလ်ချုပ် နေမျိုးဦး (စတသ-၃၄) ဖြစ်သည်။ ထို့နောက် လက်ထောက် အရာရှိချုပ် (၃)ဦးရှိပြီး၊ ကြည်း/ ရေ/ လေ တပ်ဖွဲ့ အသီးသီးမှ ဗိုလ်မှူးချုပ် အဆင့်ရှိသူ တစ်ဦးစီကို ခန့်အပ်ထားသည်။ ကာကွယ်ရေးဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ဖူးသူ ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းသည် ယခင်က လေကြောင်းရန်ကာကွယ်ရေး အရာရှိချုပ်အဖြစ် ဩဂုတ် ၂၀၁၅ ထိ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။

လေကြောင်းရန်ကာကွယ်ရေးလက်နက်များ

ပုံများအမည်ထုတ်လုပ်သည့်နိုင်ငံအမျိုးအစားအရေအတွက်အချက်အလက်
တာဝေးပစ်လေကြောင်းရန်ကာကွယ်ရေးဒုံးကျည်များ
FK-3 Chinaတာဝေးပစ်လေကြောင်းရန်ကာကွယ်ရေးမသိရှိKS-1Mပရောဂျက်နှင့်ဆက်စပ်သည်။
S-200 Dubna(SA-5 Gammon) Soviet Unionဒုံးပစ်စနစ်၂၀ခုမြောက်ကိုရီးယား သည်S-200 ဒုံးပစ်စနစ် အစင်း ၂၀ ခန့်ကို မြန်မာ ကို တင်ပို့ခဲ့ပါသည်။ အလုံးရေ မည်မျှ တာဝန်ထမ်းဆောင် နေသည်ကိုမသိရှိရသေးပါ။
တာလတ်ပစ်လေကြောင်းရန်ကာကွယ်ရေးဒုံးကျည်များ
Pechora-2M (SA-3 Goa) Soviet Unionတာလတ်ပစ်လေ‌ကြောင်းရန်ကာကွယ်ရေးတပ်ရင်း ၈ရင်းစာ [၁][၂][၃]ဒုံးပစ်ယာဉ် ၃၀စင်းခန့် ၂၀၁၇ [၄][၅]
Kub 2K12M2 (SA-6 "Gainful") Soviet Union၂၄စင်း [၄]ဘီလာရုဇ်နိုင်ငံထံမှရရှိသည်။
Kub/Buk Kavadrat-M (SA-6 "Gainful") Soviet Unionတပ်ရင်း ၂ရင်းစာ [၆]ဘီလာရုဇ်နိုင်ငံထံမှ ၂၀၁၆တွင်လက်ခံရရှိသည် ။[၆]
KS-1A Chinaတပ်ရင်း ၇ရင်းခန့် [၆] (KS-1Aသည်တပ်ရင်း ၄ရင်းခန့်နှင့်ကျန်တပ်ရင်းများသည်KS-1Mဖြစ်သည်)-
KS-1M Myanmarပြည်တွင်းတွင်လိုင်စင်ယူထုတ်လုပ်လျက်ရှိပြီး ၂၀၂၀ခုနစ်စစ်တမ်းအရ ဒုံးပစ်စနစ်၂၀ ခန့်အထက်ပိုင်ဆိုင်နေပြီဟုသိရသည်။
S-75M3 Volga-2 (SA-2 Guideline) Soviet Union၄၈ခုခန့်[၄]ရုရှားနိုင်ငံထံမှ ၂၀၀၈ခုနစ်တွင် ဒုံးပစ်စနစ် ၄၈ခုနှင့် ဒုံးကျည် ၂၅၀ခန့်ရရှိထားသည်။
BAE Dynamics Bloodhound Mk.II[၇][၈][၉] United Kingdomဒုံးပစ်စနစ် ၆၀ခုအထက် [၈][၉]စင်္ကာပူနိုင်ငံထံမှရရှိသည်။
တာတိုပစ်လေကြောင်းရန်ကာကွယ်ရေးဒုံးကျည်များ
Pantsir-S1 (SA-22 Greyhound) Russiaတာတိုပစ်လေကြောင်းရန်ကာကွယ်ရေးမသိရှိ[၁][၂][၃][၁၀]ရုရှားနိုင်ငံထံမှ၂၀၁၆ခုနစ်တွင်စတင်မှာယူခဲ့သည်။
TOR-M1 (SA-15 Gauntlet) Russiaတပ်ရင်း ၃ရင်းစာ [၁၁]မြန်မာနိုင်ငံသည် Tor ဒုံးခွင်းဒုံးစနစ် TOR-M1 ၏ အော်ပရေတာများထဲမှ တစ်ခုဖြစ်သည်။[၁၂] တာတိုလေကြောင်းရန်ကာကွယ်ရေးနည်းဗျူဟာစစ်ဆင်ရေးကွပ်ကဲမှုတွင် Tor M-1 ဒုံးခွင်းဒုံးစနစ် တပ်ရင်း ၃ရင်းရှိ၍ အရေးပါသောနေရာများအတွက် Point Defense အခန်းကဏ္ဍတွင် တပ်စွဲထားသည်။[၁၁]
2K22M Tunguska (SA-19 "Grison") Russia၄၁စင်း [၆]၂၀၀၄ မှ ၂၀၀၇ ခုနှစ်အတွင်း ရုရှားထံမှ ၃၈ စီးနှင့် [၆] ၂၀၁၉ ခုနှစ်တွင် ယူကရိန်းမှ ၃ စီး[၁၃]
MADV Myanmar၂၅၀အထက် (၂၀၁၆ခုနစ်စစ်တမ်း)MADV ( Myanmar Air Defense Vehicle )ခေါ် နောင်ရိုးဂျစ်အခြေခံသော Igla-S ဒုံးတင်ယာဉ်များဖြစ်သည်။[၁၁] နောင်ရိုးဂျစ်များကို တပ်မတော်က ဒီဇိုင်းထုတ်ခဲ့တာဖြစ်ပြီး သံချပ်ကာ အပေါ့စားယာဉ်အဖြစ်လည်းကောင်း၊ အမိန့်ပေးယာဉ်အဖြစ် လည်းကောင်း စစ်ဆင်ရေးလိုအပ်ချက်အပေါ်မူတည်ကာ ထုတ်လုပ်ခဲ့ခြင်း ဖြစ်သည်။ ယာဉ်၏ ပေါ့ပါးသော ဝန်နှင့် ထိရောက်သော လေကာစနစ်တပ်ဆင်ထားသောကြောင့် လေကြောင်းရန် ကာကွယ်ရေးတပ်ဖွဲ့များအတွက် အားကိုးရသော Mobile လေကာစနစ်တစ်မျိုးဖြစ်သည်။ တပ်ဆင်ထားတဲ့ လေကာစနစ်သည်လည်း ပြည်တွင်းထုတ် တာတိုပစ် ဒုံးစနစ်ဖြစ်ပြီးတပ်မတော်လေ‌ကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့များကို အလုံအလောက် တပ်ဆင်ပေးထားနိုင်ပြီးလည်း ဖြစ်သည်။[၆]
MADV -2 Myanmar၁၈၀အထက်
လူသယ်ယူနိုင်သော လေကြောင်းရန်ကာကွယ်ရေးစနစ်
Igla-1E (SA-16 Gimlet) Bulgaria
 Myanmar
လူထမ်းတာတိုပစ် လေကြောင်းရန်ကာကွယ်ရေး လောင်ချာ၂၁၀၀အထက်[၆]အနိမ့်ပျံယာဉ်များသာထိရောက်နိုင်သော မြေပြင်မှ ဝေဟင်ပစ်ဒုံးကျည်။ SA-16 အစီးရေ 100 ကို Bulgaria မှ 1999 ခုနှစ်တွင် ရရှိခဲ့ပါသည်။ 2000 ခုနှစ်မှ 2004 ခုနှစ်အတွင်း TOT ဖြင့် ပြည်တွင်းတွင် ထုတ်လုပ်သော SA-16 အစီးရေ 2000ခန့်[၆]
Igla (SA-18 Grouse) Russia၅၀၀အထက်[၄][၁၄]ပြည်တွင်းလိုင်စင်ယူထုတ်လုပ်လျက်
Igla-S (SA-24 Grinch) Russia၄၀၀[၄]ခြေလျင်တပ်များအတွက် အသုံးပြု
HN-5A China၂၀၀[၁၅][၄]၁၉၉၂နှင့်၁၉၉၀ဝန်းကျင်ကာလများတွင် လက်ခံရရှိ


လေယာဉ်ပစ်သေနတ်များနှင့် ဒရုန်းကာကွယ်ရေးလက်နက်များ

ပုံများအမည်ထုတ်လုပ်သည့်နိုင်ငံအမျိုးအစားအရေအတွက်အချက်အလက်
Type-87 Chinaလေယာဉ်နှင့်ဒရုန်းပစ်စက်သေနတ်၃၈၀[၁၆]ဆိုဗီယက်၏ တရုတ်ဗားရှင်း ZU-23-2 25x183mmB calibre။
Type-74 China၂၄[၁၄]၃၇မီလီမီတာကျည်သုံး
Type 59[၁၄] Chinaမသိရှိ၅၇မီလီမီတာကျည်သုံး
MR-4 Romania၂၀၀[၄]ZPU-4၏ ရိုမေးနီးယား ဗားရှင်း။
MAA-01 35 mm anti-aircraft gun[၁၇] Myanmar၁၀၀ခန့် (၂၀၂၀)[၁၇]တရုတ်အကူအညီဖြင့် ပြည်တွင်း၌ ထုတ်လုပ်သည်။ တရုတ် Type-90 35 mm အမွှာ AA သေနတ်နှင့် ဆင်တူသည်။[၁၇]
25 mm self-propelled anti-aircraft guns Myanmarမသိရှိပြည်တွင်းထုတ် TOT ဖြင့် ထုတ်လုပ်သောတရုတ် Type-87 25 mm အမွှာ AA သေနတ်များကိုDongfeng EQ-2102 ထရပ်ကားများတွင် တပ်ဆင်ထားသည်။ လေယာဉ်ပစ်အမြောက်/လေကြောင်းရန်ကာကွယ်ရေးဌာနတစ်ခုစီတွင် AA သေနတ်များတပ်ဆင်ထားသော တပ်ရင်းသုံးရင်းပါရှိသည်။[၄]
ZPU Myanmarမသိရှိရုရှားနိုင်ငံထုတ် ‌ZPU များအားလိုင်စင်ယူ၍ပြည်တွင်း၌ထုတ်လုပ်သည်။

ဖွဲ့စည်းပုံ

လေကြောင်းရန်ကာကွယ်ရေး အရာရှိရုံးချုပ်အား နေပြည်တော်တိုင်းစစ်ဌာနချုပ်(အတိုကောက် နပတ) လက်အောက်တွင်ထားရှိပြီး တိုက်ရိုက်ကွပ်ကဲသည်။ လေကြောင်းရန်ကာကွယ်ရေး အရာရှိချုပ်ရုံး၏ လက်အောက်တွင် လေကြောင်းရန်ကာကွယ်ရေး သင်တန်းကျောင်း (၁)ခုနှင့် လေကြောင်းရန်ကာကွယ်ရေး စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (၉)ခု ရှိသည်။ သင်တန်းကျောင်း ကျောင်းအုပ်ကြီးနှင့် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှူးများ အားလုံးသည် ဗိုလ်မှူးချုပ် အဆင့် ရှိသူများဖြစ်သည်။

လေကြောင်းရန်ကာကွယ်ရေး စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် တစ်ခုစီတွင် တပ်ဖွဲ့၏ မူလ တပ်ရင်းများဖြစ်သည့် -

  • လေကြောင်းရန်ကာကွယ်ရေးသတိပေးတပ်ရင်း (၁)ရင်း၊
  • လေကြောင်းရန်ကာကွယ်ရေးတပ်ရင်း ( ၁၀ )ရင်း

စသည်တို့ ပါဝင်ဖွဲ့စည်းထားသည့်အပြင် အထောက်အကူပြု တပ်များအဖြစ် အခြားတပ်ဖွဲ့များမှ တွဲဖက်ပေးထားသည့် -

  • လေကြောင်းရန်ကာကွယ်ရေး ဆက်သွယ်မှုတပ်ရင်း (၁)ရင်း၊
  • လေကြောင်းရန်ကာကွယ်ရေး အီလက်ထရွန်းနစ်စစ်ဆင်မှုတပ်ရင်း (၁)ရင်း၊
  • လေကြောင်းရန်ကာကွယ်ရေး ယန္တရားတပ်ရင်း (၁)ရင်း၊
  • လေကြောင်းရန်ကာကွယ်ရေး အလုပ်ရုံတပ် (၁)တပ်

စသည်တို့ကိုလည်း ပါဝင်ဖွဲ့စည်းထားသည်။

ကွပ်ကဲမှုဌာနချုပ်များ

လက်ရှိ လေကြောင်းရန်ကာကွယ်ရေး လက်နက်ကြီးများ

အခြားလေ့လာရန်

ကိုးကား


🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်မြန်မာနိုင်ငံနှစ်ဆန်းတစ်ရက်နေ့သင်္ကြန်မင်းအောင်လှိုင်လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)မေတ္တသုတ်ရှစ်ပါးသီလပရိတ်ကြီး ၁၁ သုတ်အောင်ဆန်းစုကြည်ကိုးပါးသီလအောင်ဆန်းအောင်လပဋ္ဌာန်းလွတ်လပ်ရေးကြေညာစာတမ်းမဟာသမယသုတ်ရတနသုတ်တပ်မတော် (ကြည်း)အော်ကာတပ်မတော်ဘုရားဂုဏ်တော်ဘာဂျာမှုတ်ခြင်းဂေါတမဗုဒ္ဓမြန်မာပိတောက်ငါးပါးသီလဥပုသ်ဒုတိယ ကမ္ဘာစစ်စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)ကျန်စစ်သားမိန်းမ မျိုးပွားအင်္ဂါဆယ်ပါးသီလမြန်မာနိုင်ငံရှိ မြို့များမင်္ဂလသုတ်သင်္ကြန်မိုးဂျပန်နိုင်ငံမထိုးသွင်းသော လိင်ဆက်ဆံခြင်းမြန်မာ သက္ကရာဇ်ပုဂံ