သီးဘီးစ်မြို့ ၊ အီဂျစ်နိုင်ငံ

သီးဘီးစ်မြို့ အား ရှေးဟောင်းအီဂျစ် ပြည်သူပြည်သားတို့မှ ဝါဆက် ဟု ခေါ်ဝေါ်ခဲ့ကြပြီး နိုင်းမြစ်၏ အရှေ့ဘက်ကမ်း မြေထဲပင်လယ် တောင်ဘက် မိုင် ၅၀၀ (၈၀၀ ကီလိုမီတာ) အကွာတွင် တည်ရှိသည်။ ထိုအပျက်အစီးများသည် ယနေ့ခေတ် အီဂျစ်နိုင်ငံ လပ်ဆောမြို့ တွင် တည်ရှိသည်။ သီးဘီးစ်မြို့သည် ရှေးဟောင်းအီဂျစ်ခေတ်က စတုတ္ထမြောက် အပေါ်ပိုင်း ပြည်နယ်ခွဲ၏ အဓိကမြို့တော် ဖြစ်ခဲ့ပြီး အီဂျစ်ဘုရင်ခေတ်သစ်ကာလတွင် မြို့တော် ဖြစ်ခဲ့သည်။ နျူဘီယာနှင့် အရှေ့ပိုင်း သဲကန္တာရတို့နှင့် နီးစပ်ပြီး အဖိုးတန် ဓာတ်သတ္တုများ နှင့် ကုန်သွယ်ရေး လမ်းကြောင်းများ ရှိခဲ့သည်။ ၎င်း၏ ရွှေထီးဆောင်းခဲ့စဉ် အချိန်များက ရှေးဟောင်းအီဂျစ်၏ အချမ်းသာဆုံးသော မြို့ ဖြစ်ခဲ့သည်။ သီးဘီးစ်ရှေးဟောင်း ယဉ်ကျေးမှု နယ်မြေတွင် နိုင်းမြင်၏ အရှေ့ဘက်ကမ်း နှင့် အနောက်ဘက်ကမ်း နှစ်ခု စလုံး ပါဝင်ပြီး အရှေ့ဘက်ကမ်းရှိ ကာနက်ဘုရားကျောင်း၊ လပ်ဆာ ဘုရားကျောင်း နှင့် ယခင် မြို့တည်ရှိခဲ့သော နေရာတို့ အပြင် အနောက်ဘက်ကမ်းရှိ ပုဂ္ဂလိကနှင့် တော်ဝင်မိသားစုတို့၏ သင်္ချိုင်းများ ပါဝင်သော ရှေးသင်္ချိုင်းကြီး များ အပြင် အသုဘ အခမ်းအနား ပြုလုပ်ရာ အဆောက်အအုံများလည်း ပါဝင်သည်။

သီးဘီးစ် နှင့် ၎င်း၏ ရှေးသင်္ချိုင်းကြီး*
UNESCO ကမ္ဘာ့အမွေအနှစ်နေရာများ

တည်ရှိသည့် နိုင်ငံ အီဂျစ်
အမျိုးအစားယဉ်ကျေးမှု
ရွေးချယ်သည့်စံနှုန်းi,iii,vi
ကိုးကား၈၇
ဒေသ**အာရပ်နိုင်ငံများ
သတ်မှတ်ခြင်း မှတ်တမ်း
စတင်သတ်မှတ်ခြင်း၁၉၇၉  (တတိယအကြိမ်)
* ယူနက်စကိုကမ္ဘာ့အမွေခံစာရင်းတွင် ရေးထိုးထားသောအမည်
** ယူနက်စကိုမှ ခွဲခြားသတ်မှတ်ထားသောဒေသ
🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်မြန်မာနိုင်ငံနှစ်ဆန်းတစ်ရက်နေ့သင်္ကြန်မင်းအောင်လှိုင်လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)မေတ္တသုတ်ရှစ်ပါးသီလပရိတ်ကြီး ၁၁ သုတ်အောင်ဆန်းစုကြည်ကိုးပါးသီလအောင်ဆန်းအောင်လပဋ္ဌာန်းလွတ်လပ်ရေးကြေညာစာတမ်းမဟာသမယသုတ်ရတနသုတ်တပ်မတော် (ကြည်း)အော်ကာတပ်မတော်ဘုရားဂုဏ်တော်ဘာဂျာမှုတ်ခြင်းဂေါတမဗုဒ္ဓမြန်မာပိတောက်ငါးပါးသီလဥပုသ်ဒုတိယ ကမ္ဘာစစ်စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)ကျန်စစ်သားမိန်းမ မျိုးပွားအင်္ဂါဆယ်ပါးသီလမြန်မာနိုင်ငံရှိ မြို့များမင်္ဂလသုတ်သင်္ကြန်မိုးဂျပန်နိုင်ငံမထိုးသွင်းသော လိင်ဆက်ဆံခြင်းမြန်မာ သက္ကရာဇ်ပုဂံ