ဟန်တရုတ်လူမျိုး

ဟန်တရုတ်[၃၆][၃၇][၃၈]ဟန်ဇူ[၃၉][၄၀][၄၁]သို့မဟုတ် ဟန်လူမျိုး[၄၂][၄၃][၄၄][၄၅] (UK: /hæn/,[၄၆] US: /hɑːn/;[၄၇] ရိုးရှင်းတရုတ်: 汉人; ရိုးရာတရုတ်: 漢人; ပင်ယင်: Hànrén[မှတ်စု ၂][၄၈] သို့မဟုတ် ရိုးရှင်းတရုတ်: 汉族; ရိုးရာတရုတ်: 漢族; ပင်ယင်: Hànzú)[မှတ်စု ၃][၄၉][၅၀] သည် ခေတ်သစ်တရုတ်နိုင်ငံ၏ မြစ်ဝါမြစ်ဝှမ်းဒေသတွင် သမိုင်းတလျောက် မွေးဖွားနေထိုင်ခဲ့ကြသော အရှေ့အာရှ လူမျိုးစုတစ်ခု ဖြစ်သည်။[၅၁][၅၂][၅၃][၅၄][၅၅] ဟန်တရုတ်တို့သည် ကမ္ဘာ့လူဦးရေ၏ ၁၈% အထိရှိပြီး ကမ္ဘာ့လူဦးရေ အများဆုံး လူမျိုးစု ဖြစ်ကာ တရုတ်ဘာသာစကားကို ပြောဆိုကြသည်။[၅၆][၅၇] ဟန်တရုတ်လူမျိုး ၁.၄ ဘီလီယံခန့်သည် တရုတ်ပြည်မကြီးတွင် အဓိက နေထိုင်ကြပြီး တရုတ်ပြည်မကြီး စုစုပေါင်း လူဦးရေ၏ ၉၂ % ခန့် ရှိသည်။[၅၈][၅၉] ဟန်တရုတ်လူမျိုး အဆက်အနွယ်များသည် စင်ကာပူနိုင်ငံတွင် စုစုပေါင်း လူဦးရေ၏ ၇၅% ခန့် နေထိုင်ကြသည်။[၆၀]

ဟန်တရုတ်
/
汉人/漢人
လူဦးရေ စုစုပေါင်း
၁.၄ ဘီလီယံခန့်[၁]
အများစု နေထိုင်သည့် နေရာ
 တရုတ် ၁,၃၁၃,၃၄၅,၈၅၆ (စုစုပေါင်း လူဦးရေ၏ ၉၁.၆%)[၂]
တရုတ်သမ္မတနိုင်ငံ ထိုင်ဝမ် စုစုပေါင်း လူဦးရေ၏ ၉၅% ကျော်[၃][၄]
ဟောင်ကောင် ဟောင်ကောင် ၆,၇၅၂,၂၀၂[၅][ပိုမိုကောင်းမွန်သော ရင်းမြစ် လိုအပ်သည်]
မကာအို မကာအို ၆၆၃,၄၀၀[၆]
နိုင်ငံရပ်ခြား တရုတ်လူမျိုး (အစဉ်အဆက် နေထိုင်မှုအရ)
 ထိုင်း၉,၃၉၂,၉၈၇[၇]
 မလေးရှား၆,၆၅၀,၀၀၉[၈]
 အမေရိကန်၃,၇၉၅,၀၀၇-၅,၁၀၀,၀၀၀[၉][၁၀]
 စင်ကာပူ၂,၉၆၇,၇၆၅[၁၁]
 အင်ဒိုနီးရှား၂,၈၃၃,၁၃၄[၁၂]
 မြန်မာ၁,၆၃၈,၀၀၀[၁၃]
 ကနေဒါ၁,၄၆၉,၀၀၀[၁၄]
 ဖိလစ်ပိုင်၁,၃၅၀,၀၀၀[၁၅]
 ဩစတြေးလျ၁,၂၁၃,၉၀၃[၁၆]
 ရုရှား၉၉၈,၀၀၀[၁၇]
 ဂျပန်၉၂၂,၀၀၀[၁၈]
 ဗီယက်နမ်၈၂၃,၀၀၀[၁၉]
 ပြင်သစ်၇၀၀,၀၀၀[၁၇]
 ဗင်နီဇွဲလား၄၅၀,၀၀၀[၂၀]
 ယူနိုက်တက်ကင်းဒမ်း၄၃၃,၀၀၀[၂၁]
 ပီရူး၃၇၅,၉၅၄[၂၂]
 တောင်အာဖရိက၃၅၀,၀၀၀[၂၃]
 အီတလီ၃၃၄,၀၀၀[၂၄]
 နယူးဇီလန်၂၃၁,၀၀၀[၂၅]
 ဂျာမနီ၂၁၂,၀၀၀[၂၆]
 တောင်ကိုရီးယား၂၁၀,၀၀၀[မှတ်စု ၁][၂၇]
 ကမ္ဘောဒီးယား၂၁၀,၀၀၀[၂၈]
 အာဂျင်တီးနား၂၀၀,၀၀၀
 အိန္ဒိယ၁၈၉,၀၀၀[၁၇]
 လာအို၁၈၆,၀၀၀[၁၇]
 စပိန်၁၇၂,၀၀၀[၂၉]
 ဘရာဇီး၁၅၂,၀၀၀[၁၇]
 နယ်သာလန်၁၄၅,၀၀၀[၁၇]
 ပနားမား၁၃၅,၀၀၀[၃၀][၃၁]
 မက္ကဆီကို၇၀,၀၀၀[၃၂]
 ကော့စတာရီကာ၁၉,၀၀၀[၃၃]
 အိုင်ယာလန်၁၁,၀၀၀[၃၄]
ဘာသာစကား
တရုတ်
ကိုးကွယ်မှု
အဓိကအားဖြင့် ဘာသာမဲ့များ၊ မဟာယန ဗုဒ္ဓဘာသာ၊ တရုတ်ရိုးရာ နတ်ကိုးကွယ်မှု (တာအို၊ ဘိုးဘွားများ ဝတ်ပြုခြင်း၊ [[ကွန်ဖြူးရှပ်ဝါဒ]]နှင့် အခြားများ အပါအဝင်)၊ ခရစ်ယာန်နှင့် အခြား ယုံကြည်မှုများ[၃၅]
ဆက်စပ် တိုင်းရင်းသား အုပ်စုများ
တရုတ်-တိဗက်နွယ် လူမျိုးများ

အချို့ ရင်းမြစ်များတွင် ဟန်တရုတ်တို့ကို "တရုတ်လူမျိုး" သို့မဟုတ် တရုတ်-တိဗက်နွယ် လူမျိုးအုပ်စုတွင် ထည့်သွင်းရည်ညွှန်းသည်။
ဟန်တရုတ်လူမျိုး
ရိုးရှင်းသော တရုတ်汉族
ရိုးရာ တရုတ်漢族

ဟန်တရုတ်တို့သည် မြစ်ဝါမြစ်တလျောက် အခြေချနေထိုင်ခဲ့သော ဟွာရှား (Huaxia) မျိုးရိုးမှ ဆင်းသက်လာခြင်း ဖြစ်သည်။[၆၁][၆၂] ဟွာရှားဟူသော ဝေါဟာရသည် တရုတ်မြောက်ပိုင်း မြစ်ဝါမြစ်အလယ်နှင့် အောက်ပိုင်းတလျောက်ရှိ အလယ်မြေပြန့်လွင်ပြင်ဒေသတွင် အခြေချနေထိုင်ခဲ့ကြသော ကျောက်ခေတ်သစ်လူမျိုးစုများဖြစ်သည့် ဟွာ နှင့် ရှား တို့ကို ပေါင်းစပ်ရည်ညွှန်းသည်။[၆၃][၆၄][၆၅][၆၂] ထိုလူမျိုးစုများသည် ခေတ်သစ်တရုတ်လူမျိုးများ၏ ဘိုးဘေးများဖြစ်ကြပြီး တရုတ်လူမျိုးအစုအဝေးကို မွေးဖွားခဲ့ကြသူများ ဖြစ်သည်။[၆၆][၆၄][၆၇]

နိုင်ငံရပ်ခြား တရုတ်အသိုင်းအဝိုင်းအများစုတို့က ဟွားရန် (华人; 華人; Huárén)၊ ဟွားချောင် (华侨; 華僑; Huáqiáo) သို့မဟုတ် ဟွားဇူ (华族; 華族; Huázú) စသော ဝေါဟာရများကို ဟန်တရုတ်လူမျိုးများအား ရည်ညွှန်းခေါ်ဆိုကြပြီး ဟန်လူမျိုးမဟုတ်သော လူမျိုးများအပါအဝင် တရုတ်နိုင်ငံသားများကို ကျူးကော့ရန် (中国人; 中國人) ဟူသော ဝေါဟာရဖြင့် ရည်ညွန်းခေါ်ဆိုကြသည်။[၆၈][၆၉][၇၀] ဟန်လူမျိုး (汉人; 漢人; Hànrén) ဆိုသည်ကို ကမ္ဘာတစ်ဝန်းရှိ တရုတ်မျိုးနွယ်များကို ခေါ်ဆိုရာတွင်လည်း အသုံးပြုလေ့ရှိသည်။[၇၁]

အရှေ့အာရှတွင် အာဏာဖြန့်ကျက်နိုင်ခဲ့ပြီး အိမ်နီးချင်းဒေသများအပေါ် များစွာ လွှမ်းမိုးနိုင်ခဲ့သော ဟန်မင်းဆက်ကို တရုတ်သမိုင်းတွင် ပထမဆုံး အကြီးကျယ်ဆုံးသော ခေတ်တစ်ခုအဖြစ် မှတ်ယူကြသည်။[၇၂][၇၃][၇၄] ရှေးဟွာရှားတို့အပေါ် များစွာ လွှမ်းမိုးနိုင်ခဲ့သော ဟန်မင်းဆက်၏ ဂုဏ်သိက္ခာနှင့် ကျော်ဇောမှုတို့က ယင်းတို့ကို "ဟန်နိုင်ငံသားများ"အဖြစ် မှတ်ယူလာစေနိုင်ခဲ့သည်။[၆၆][၇၅][၇၆][၇၇][၇၈] ဟန်မင်းဆက်မှ မျိုးရိုးအမည်ဆင်းသက်လာသော ဟန်တရုတ်တို့သည် တရုတ်စာလုံးတို့ကို "ဟန်အက္ခရာများ"အဖြစ် ရည်ညွှန်းခေါ်ဆိုကြသည်။[၇၂][၇၉][၇၇]

မှတ်စု

ကိုးကား

ဆက်လက်ဖတ်ရှုရန်

ပြင်ပလင့်ခ်များ

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်မြန်မာနိုင်ငံနှစ်ဆန်းတစ်ရက်နေ့သင်္ကြန်မင်းအောင်လှိုင်လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)မေတ္တသုတ်ရှစ်ပါးသီလပရိတ်ကြီး ၁၁ သုတ်အောင်ဆန်းစုကြည်ကိုးပါးသီလအောင်ဆန်းအောင်လပဋ္ဌာန်းလွတ်လပ်ရေးကြေညာစာတမ်းမဟာသမယသုတ်ရတနသုတ်တပ်မတော် (ကြည်း)အော်ကာတပ်မတော်ဘုရားဂုဏ်တော်ဘာဂျာမှုတ်ခြင်းဂေါတမဗုဒ္ဓမြန်မာပိတောက်ငါးပါးသီလဥပုသ်ဒုတိယ ကမ္ဘာစစ်စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)ကျန်စစ်သားမိန်းမ မျိုးပွားအင်္ဂါဆယ်ပါးသီလမြန်မာနိုင်ငံရှိ မြို့များမင်္ဂလသုတ်သင်္ကြန်မိုးဂျပန်နိုင်ငံမထိုးသွင်းသော လိင်ဆက်ဆံခြင်းမြန်မာ သက္ကရာဇ်ပုဂံ