အက်ပစ်ကျူးရပ်

ခရစ်မပေါ်မီ သုံးရာစုနှစ်အတွင်းက ဂရိဒဿနိကဗေဒပညာရှင်အဖြစ် နာမည် ကျော်ကြားခဲ့သော အက်ပစ်ကျူးရပ် (ဘီစီ ၃၄၁ - ၂၇၀) သည် အေသင်နိုင်ငံဆေးမော့ ကျွန်းကလေး၌ဖွားမြင်လေသည်။ လောကတွင် ပျော်ပျော်ပါးပါး စားသောက်နေထိုင်သွားကြသူများသည် အက်ပစ်ကျူးရပ်ဝါဒအရ ပျော်ပျော်နေသည်ဟုပြောလေ့ရှိကြရာ အက်ပစ်ကျူးရပ်ဝါဒမှာ အပျော်အပါးအားပေးသောဝါဒဟု အထင်မှားစရာ ဖြစ်နေ ပေသည်။ စင်စစ် အက်ပစ်ကျူးရပ်၏ဝါဒကား ဆင်းရဲခြင်းအပေါင်းမှ ကင်းရှင်း၍ မွေ့လျော်ခြင်းနှင့် ပြည့်စုံစွာနေရန်သာ ဖြစ်၏။ ဆန့်သောလက်မကွေးမီ၊ ကွေးသောလက်မဆန့်မီ၊ သေခြင်းသဘောတရားသည် လျင်မြန်စွာ ဆိုက်ရောက်လာတတ်၏။ ယနေ့သေမည် နက်ဖြန်သေမည်ကို မည်သူမျှမသိနိုင်ကြ၍ နေရသမျှအချိန်ကလေးအတွင်း မွေ့လျော်ခြင်းရှိရန် အားထုတ် လော့ဟုဆိုရာ၌ ပျော်ပျော်နေကြကုန်လော့ သေရည်ကို သောက်စား၍ အပျော်အပါးကိုလိုက်စားကြကုန်လော့ ဟူ၍မဆိုလိုပေ။ ကောင်းသောလူ့ကျင့်ဝတ်များကို လိုက်နာကျင့်ကြံ၍ မွေ့လျော် ခြင်းကိုရရှိအောင် ကြိုးစားအားထုတ်ကြကုန်လော့ဟု ဆိုလိုရင်း ဖြစ်ပေသည်။

Epicurus
Roman marble bust of Epicurus
မွေးဖွား၃၁၄ ဘီစီ ဖေဖော်ဝါရီ
ဂရိပြည်၊ ဆေးမော့စ်ကျွန်း
ကွယ်လွန်ဘီစီ ၂၇၀ (အသက် ၇၂ ခန့်)
ဂရိပြည်၊ အေသင်မြို့
ခေတ်ဟဲလင်နစ်စတစ်ခေတ် ဒဿန
ဖီလိုဆိုဖီဂိုဏ်း/ကျောင်း (school)အဲပစ်ခယူးရပ်စ်ဝါဒ (Epicureanism)
အဓိက စိတ်ဝင်စားရာ
  • ကိုယ်ကျင့်တရား
  • အသိဉာဏ်ဆိုင်ရာ ဒဿန
  • ရူပဗေဒ
  • ဘာသာရေးယုံကြည်မှုများ
မှတ်သားလောက်သည့် အတွေးအကြံ
  • aponia
  • ataraxia
  • atomic swerve
  • "moving" and "static" pleasures[၁]

Attributed:
  • Epicurean paradox

အက်ပစ်ကျူးရပ်သည် ဂရိနိုင်ငံအနှံ့အပြား၌ သူ၏ဝါဒ ကို လိုက်လံဟောပြောပြီးနောက် အသက် ၃၅ နှစ်အရွယ်တွင် သူ့မိခင်ဖခင်တို့၏ဇာတိမြို့ဖြစ်သော အေသင်မြို့တွင် ခြံနှင့်အိမ် ကိုဝယ်၍ သူ့ဝါဒကိုဖြန့်ချိရန် ကျောင်းတစ်ကျောင်းတည်ထောင် လေသည်။ သူတပည့်များထဲတွင် အမျိုးသမီးများလည်းပါဝင်၍ သူနှင့်အတူ အေသင်မြို့တွင်နေထိုင်သော တပည့်များလည်း မြောက်မြားစွာရှိ၏။ အက်ပစ်ကျူးရပ်နှင့် သူ၏တပည့်များကား ယခုခေတ် လူအများပေါ့ပေါ့ဆဆပြောဆိုကြသကဲ့သို့မဟုတ်မူ၍ လူအများချီးကျူးလောက်အောင် ရိုးရိုးသားသား လိုအင်နည်းစွာ နေထိုင်ခဲ့ကြသူများပေတည်း။ အက်ပစ်ကျူးရပ်၏ဟောပြောချက် များကို အတိုချုံး၍ ရေးသားထားသော လောကသဘာဝ အမည်ရှိ ကဗျာရှည်ကြီးကို ရေးသားသူ လူကရီရှပ်မှာ သူ၏ တပည့်ရင်း ဖြစ်လေသည်။[၂]

ကိုးကား

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်မြန်မာနိုင်ငံနှစ်ဆန်းတစ်ရက်နေ့သင်္ကြန်မင်းအောင်လှိုင်လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)မေတ္တသုတ်ရှစ်ပါးသီလပရိတ်ကြီး ၁၁ သုတ်အောင်ဆန်းစုကြည်ကိုးပါးသီလအောင်ဆန်းအောင်လပဋ္ဌာန်းလွတ်လပ်ရေးကြေညာစာတမ်းမဟာသမယသုတ်ရတနသုတ်တပ်မတော် (ကြည်း)အော်ကာတပ်မတော်ဘုရားဂုဏ်တော်ဘာဂျာမှုတ်ခြင်းဂေါတမဗုဒ္ဓမြန်မာပိတောက်ငါးပါးသီလဥပုသ်ဒုတိယ ကမ္ဘာစစ်စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)ကျန်စစ်သားမိန်းမ မျိုးပွားအင်္ဂါဆယ်ပါးသီလမြန်မာနိုင်ငံရှိ မြို့များမင်္ဂလသုတ်သင်္ကြန်မိုးဂျပန်နိုင်ငံမထိုးသွင်းသော လိင်ဆက်ဆံခြင်းမြန်မာ သက္ကရာဇ်ပုဂံ