လူ့ကျင့်ဝတ်

(အက်သစ် မှ ပြန်ညွှန်းထားသည်)

ဒဿနိကဗေဒ၏ အဓိက ကိုင်းခွဲကဏ္ဍ ၄ခုအနက် တခု ဖြစ်သော[၁] အကောင်း-အဆိုး ဗေဒ (သို့) စရိယဗေဒ (သို့) လူ့ကျင့်ဝတ်ဗေဒ (အင်္ဂလိပ်: ethics or moral philosophy) ဆိုသည်မှာ "ဖြောင့်မှန်မည် ဆိုရလောက်သော စိတ်ထား (စာရိတ္တ) နှင့် ကောင်းမှုဆန်မည်၊ ဆိုးမှုဆန်မည် ဆိုရလောက်သော လုပ်ရပ် (ကံ) တို့၏ သဘောသဘာတို့ ဟူသည်ကား မည်သို့ဖြစ်မည်နည်းတို့ကို ဆင်ခြင် ရှာဖွေ့ သုံးသပ်သမျှသော"[၂] တွေးခေါ်ဆန်းစစ်မှု အမျိုးမျိုးကို ဆိုလိုသည်။

Diagram of the deontic square
လုပ်ရပ်တခုခု၏ လုပ်နေအပ်ထားများ သင့်ပုံ အရပ်ရပ်တို့ကြား အပြန်အလှန် သက်ဆိုင်ပုံတို့ကို သင်္ကေတပြု လေးထောင့်ကွက်များဖြင့် ပြထားခြင်း

မြန်မာစွယ်စုံကျမ်းအရ - ကောင်းခြင်း နှင့် ဆိုးခြင်း၊ မှန်ကန်ခြင်း နှင့် မှားယွင်းခြင်း၊ စင်ကြယ်မှုနှင့် ဆိုးယုတ်မှု၊ တရားမျှတမှု နှင့် တရားဥပဒေ ချိုးဖောက်မှု စသည့် အကြောင်းအရာများပင် ဖြစ်သည်။ အကောင်းနှင့်အဆိုး၊ အမှားနှင့်အမှန်၊ အကျိုးနှင့်အပြစ်တို့ကို ခွဲ ခြားဝေဖန်သော ပညာရပ်ဖြစ်သည်။[၃]

  • မည်သို့သော လူများအဖို့ ကျင့်ဝတ် ဟူ၍ နယ်ပယ်အတိအကျ ဆန်နေသော ကျင့်ဝတ်များမှာ သိမှတ်လေ့လာဖွယ် ဘဝသုံး ကျင့်ဝတ်များ (applied ethics) အဖြစ် ရှိမည်၏။
  • မည်သည့် အခြေနေမျိုး၌မဆို လုပ်အပ်သည့် ကျင့်ဝတ်များ ဟူ၍ ရှာဖွေဖော်ထုတ်သော လုပ်ငန်းများမှာမူ အထွေထွေကျင့်ဝတ်များ (normative ethics) မည်၏။

အထက်ပါ ကျင့်ဝတ်များကို မှတ်သားလေ့လာခြင်းမှာ ဒဿနိကဗေဒ (Philosopy)၏ အကောင်း-အဆိုးဗေဒ (ဝါ) ကျင့်ဝတ်ဗေဒ (Ethics) ဖြစ်၏။
ဤသဘောနှင့် အပြိုင်၊ ဒဿနလွန်ဗေဒ (Metaphilosophy)၏ ကျင့်ဝတ်ဗေဒ သဘောအဖြစ် လူ့မှန်မှားတွေးဗေဒ (Moral Reasoning) ဆိုသည်မှာလည်း ကျင့်ဝတ်ဗေဒ အသွင်တစ်မျိုးဟု မှတ်ယူနိုင်ပါသည်။ ၎င်းကမူ - မည်သည်က မှန်သည်၊ မည်သည်က မှားသည် စသည်ဖြင့် လူတို့၏ တွေးခေါ်မိပုံတို့ကို ပြန်လည်နှိုက်ချွတ်၍ လေ့လာခြင်း ဖြစ်တော့သည်။

လူ့ကျင့်ဝတ်ဆိုသည်မှာ လူ့လုပ်ရပ်ကို မှန်သလော မှားသလော၊ ဆိုးသလော ကောင်းသလော၊ စသည်ဖြင့် ဆုံးဖြတ်ပြီးမှ ထွက်ပေါ်မည် ဖြစ်သည်။ ထိုသို့ လုပ်ရပ်သင့်အပ်ခြေ (morality) ကို ပုံသွင်းဆုံးဖြတ်ရာ၌ လူတို့သည် ရှုထောင့်အမျိုးမျိုး သုံးနေကြ၍ အကျိုးဆက်ကြည့် ရှုထောင့် (consequencialism) နှင့် လုပ်ကြောင်းစဉ်ကြည့် ရှုထောင့် (denotology) တို့ ဟူ၍လည်း အမျိုးမျိုး ရှိတတ်သည်။

အဓိပ္ပါယ် ဖွင့်ဆိုပုံ ဒဿနိကအသွင် အမျိုးမျိုး

ဂေါတမ ဗုဒ္ဓ

ဗုဒ္ဓ၏ ခွဲခြားဖွင့်ဆိုပုံမှာ -

  • မိမိနှင့် သူတပါးအဖို့ ရေရှည်၊ ရေတို ကောင်းကွက်တိုးပွားစေမည့် လုပ်ရပ်များက ကောင်းမှု ဖြစ်ပြီး၊
  • မိမိနှင့် သူတပါးအဖို့ ရေရှည်၊ ရေတို ကောင်းကွက်လျော့ပါးစေမည့် လုပ်ရပ်များက မကောင်းမှု ဖြစ်သည်။

မြန်မာအများစုနေဖြင့် ဤ၂မျိုးအဖို့ "ကုသိုလ်" နှင့် "အကုသိုလ်" အဖြစ် ပါဠိဝေါဟာရများ ရင်းနှီးစွာ ကြားဖူးနိုင်သည်။

အကိုးအကား

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်အောင်ဆန်းစုကြည်မြန်မာနိုင်ငံမင်းအောင်လှိုင်အောင်ဆန်းအမှတ်(၄၄)ခြေမြန်တပ်မဌာနချုပ်ကဆုန်လပြည့် ဗုဒ္ဓနေ့ထိုင်းနိုင်ငံပုဂံမန္တလေးမြို့မေတ္တသုတ်ဂျပန်နိုင်ငံတပ်မတော် (ကြည်း)ညောင်ရေသွန်းပွဲနန်းမတော်မယ်နုရွှေတိဂုံစေတီတော်ပဋ္ဌာန်းရန်ကုန်မြို့စကားကြီး ဆယ်မျိုးပရိတ်ကြီး ၁၁ သုတ်ဘာဂျာမှုတ်ခြင်းမဟာသမယသုတ်မြန်မာနိုင်ငံ၏ စစ်ဖက်ဆိုင်ရာ ရာထူး၊ အဆင့်၊ အဆောင်အယောင်နှင့် တံဆိပ်များကားလိုး ကော်လိုဒီတပ်မတော်ဒုတိယ ကမ္ဘာစစ်အသည်းရောင် အသားဝါ ရောဂါ ဘီပိုးကဏ္ဍ:မြန်မာစကားပုံများအထူး:လတ်တလောအပြောင်းအလဲများမိန်းမ မျိုးပွားအင်္ဂါတရုတ်ပြည်သူ့သမ္မတနိုင်ငံစင်ကာပူနိုင်ငံဗုဒ္ဓဘာသာမြန်မာနိုင်ငံရှိ မြို့များမြန်မာသရုပ်ဆောင်များစာရင်းဂေါတမဗုဒ္ဓပုလွေမှုတ်ခြင်းအော်ကာ