အကြောက်တရား

အကြောက်တရား (အင်္ဂလိပ်: Fear) ဆိုသည်မှာ သတ္တဝါတို့၏ အာရုံကြောစနစ်က ဖြစ်ရပ်တစ်ခုခုအပေါ် တုံ့ပြန်ရာတွင် စိတ်ပိုင်းဆိုင်ရာမနှစ်မြို့ဖွယ်လှုံ့ဆော်မှု (သို့မဟုတ်) ကြောက်ရွံ့မှုကိုဖြစ်စေသော အရာဖြစ်သည်။ အကြောက်တရားသည် သတ္တဝါတို့၏ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာလှုံ့ဆော်မှုများကိုဖြစ်စေသကဲ့သို့ ခန္ဓာကိုယ်စနစ်များအပေါ်လည်း သက်ရောက်မှုများဖြစ်စေတတ်သည်။ သတ္တဝါတို့တွင် အကြောက်တရားအမျိုးမျိုးရှိကြပြီး ၎င်းတို့မှာ ယျေဘုယျအားဖြင့် ပကတိအကြောက်တရား၊ လက်တွေ့ဆန်သောအကြောက်တရားနှင့် လက်တွေ့မဆန်သောအကြောက်တရား ဟူ၍ သတ်မှတ်နိုင်သည်။

ပကတိအကြောက်တရား

သတ္တဝါတို့၏ ပကတိအကြောက်တရား (အင်္ဂလိပ်: Primal Fear) သည် မွေးရာပါ ယင်းတို့၏အသိစိတ်ထဲတွင် အာရုံကြောစနစ်က ကြောက်ရွံ့ခြင်းဟူသော လှုံ့ဆော်မှုကိုဖြစ်စေနိုင်သည့် အရာများဖြစ်သည်။ ထိုသို့ပကတိအကြောက်တရားများသည် များသောအားဖြင့် သတ္တဝါတို့ထိန်းချုပ်ရန်ခက်ခဲသော အကြောက်တရားများဖြစ်ပြီး အတိတ်၌ မကြုံတွေ့ဖူးသည့်တိုင် ကြောက်ရွံ့စေတတ်သည်။ အကြောက်လွန်ရောဂါ (အင်္ဂလိပ်: Phobia) တို့မှာ များသောအားဖြင့် ပကတိအကြောက်တရားများဖြစ်သည်။ ပကတိအကြောက်တရားများမှာ ယျေဘုယျအားဖြင့် သေခြင်းကိုကြောက်ရွံ့ခြင်း၊ အမှောင်ကိုကြောက်ရွံ့ခြင်း၊ သွေးကိုကြောက်ရွံ့ခြင်း၊ အနန္ဒလောကကိုကြောက်ရွံ့ခြင်း အစရှိသည်တို့ဖြစ်ကြသည်။

လက်တွေ့ဆန်သောအကြောက်တရား

လက်တွေ့ဆန်သောအကြောက်တရား (အင်္ဂလိပ်: Rational Fear) သည် အတိတ်၌ ဖြစ်ရပ်တစ်ခုခုဖြစ်စေ၊ ပစ္စုပ္ပန်၌ဖြစ်စေ မိမိကိုယ်တိုင် (သို့မဟုတ်) အခြားသူထံမှသွယ်ဝိုက်၍ တွေ့ကြုံဖူးသည့် အကြောက်တရားမျိုးဖြစ်သည်။ လက်တွေ့ဆန်သောအကြောက်တရားသည် အမှန်တကယ် ကြားဖူး၊ မြင်ဖူး၊ ကြုံဖူးမှသာ ဖြစ်ပေါ်တတ်လေ့ရှိသော အကြောက်တရားဖြစ်ပြီး ၎င်းအကြောက်တရားမျိုးကို စိတ်ဖြင့်သော်လည်းကောင်း၊ အမှန်တကယ်ရင်ဆိုင်ခြင်းဖြင့်သော်လည်းကောင်း ထိန်းချုပ်ရန်ဖြစ်နိုင်သည်။ လက်တွေ့ဆန်သောအကြောက်တရားမျိုးမှာ ကြောက်မက်ဖွယ်သားရဲများနှင့်တွေ့ဆုံရာ၌ကြောက်ရွံ့ခြင်း၊ ရုပ်ရှင် (သို့မဟုတ်) ရုပ်သံများတွင် မြင်တွေ့သည့်အရာများကိုကြောက်ရွံ့ခြင်း၊ အန္တရာယ်တစ်ခုကိုရင်ဆိုင်နေရစဉ်ကြောက်ရွံ့ခြင်း အစရှိသည့်အကြောက်တရားမျိုးပင်ဖြစ်သည်။ အကြောက်လွန်ရောဂါ (အင်္ဂလိပ်: Phobia) အချို့သည်လည်း လက်တွေ့ဆန်သောအကြောက်တရားများကို အလွန်အမင်းကြောက်ရွံ့ရာမှ ဖြစ်စေတတ်သည်။

လက်တွေ့မဆန်သောအကြောက်တရား

လက်တွေ့မဆန်သောအကြောက်တရား (အင်္ဂလိပ်: Irrational Fear) သည် ပစ္စုပ္ပန်၌အမှန်တကယ်မတွေ့ကြုံဖူးသော်လည်း အနာဂတ်တွင်ကြုံတွေ့လာမည်ကို စိုးရိမ်သည့်စိတ်ကြောင့် ပေါ်ပေါက်လာသည့် အကြောက်တရားဖြစ်သည်။ ယင်းအကြောက်တရားမျိုးသည် စိတ်ကူးကဖန်တီးလိုက်သော အကြောက်တရားမျိုးလည်းဖြစ်သည်။ လက်တွေ့မဆန်သောအကြောက်တရားများမှာ အမှန်တကယ်တွင် ကြုံတွေ့နိုင်ခြေအလွန်နည်းပါးသော်လည်း စိတ်ကူးထဲ၌ အတွေးလွန်ရာမှ ပိုမိုဖြစ်ပေါ်လာတတ်သည်။ လက်တွေ့မဆန်သောအကြောက်တရားကို စိုးရိမ်လွန်ရောဂါ (အင်္ဂလိပ်: Anxiety) ခံစားနေရသူများ၊ စိတ်ကစဥ့်ကလျားရောဂါ (အင်္ဂလိပ်: Schizophrenia) ခံစားနေရသူများ၊ စိတ်အတက်အကျမြန်ရောဂါ (အင်္ဂလိပ်: Bipolar disorder) ခံစားနေရသူများ၊ အဆိုးမြင်သမား (အင်္ဂလိပ်: Pessimist) များမှာ အများဆုံးကြောက်ရွံ့တတ်ကြသည်။ လက်တွေ့မဆန်သောကြောက်တရားများတွင် မဖြစ်နိုင်သောအရာများကိုကြောက်ရွံ့ခြင်း၊ စွဲလမ်းသောအယူအဆတစ်ခုခုအပေါ်ကြောက်ရွံ့ခြင်း၊ မကြုံတွေ့ဖူးသည့်အရာကိုစိုးရိမ်ကြောက်ရွံ့ခြင်း အစရှိသည်တို့ပါဝင်သည်။

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်မြန်မာနိုင်ငံနှစ်ဆန်းတစ်ရက်နေ့သင်္ကြန်မင်းအောင်လှိုင်လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)မေတ္တသုတ်ရှစ်ပါးသီလပရိတ်ကြီး ၁၁ သုတ်အောင်ဆန်းစုကြည်ကိုးပါးသီလအောင်ဆန်းအောင်လပဋ္ဌာန်းလွတ်လပ်ရေးကြေညာစာတမ်းမဟာသမယသုတ်ရတနသုတ်တပ်မတော် (ကြည်း)အော်ကာတပ်မတော်ဘုရားဂုဏ်တော်ဘာဂျာမှုတ်ခြင်းဂေါတမဗုဒ္ဓမြန်မာပိတောက်ငါးပါးသီလဥပုသ်ဒုတိယ ကမ္ဘာစစ်စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)ကျန်စစ်သားမိန်းမ မျိုးပွားအင်္ဂါဆယ်ပါးသီလမြန်မာနိုင်ငံရှိ မြို့များမင်္ဂလသုတ်သင်္ကြန်မိုးဂျပန်နိုင်ငံမထိုးသွင်းသော လိင်ဆက်ဆံခြင်းမြန်မာ သက္ကရာဇ်ပုဂံ