အစ္စလာမ်ဘာသာ၏ အုတ်မြစ်များ

အစ္စလာမ်ဘာသာ၏ အခြေခံအပြုအမူ ၅ မျိုး

အစ္စလာမ် ၏အုတ်မြစ်များ ဆိုသည်မှာ အစ္စလာမ် ၏အခြေခံများ ကျင့်ဆောင်မှုများကိုဆိုလိုခြင်းဖြစ်သည်။

ရှီအာ များ

ရှီအာ များသည် အစ္စလာမ် ၏အုတ်မြစ်များကို အိုဆူလေဒီးန် နှင့် ဖှရူအေဒီးန် နှစ်ခုပေါ်တွင်အခြေခံပြီးယုံကြည်ထားသည်။ အိုဆူလ် သည်ယုံကြည်ချက်ပိုင်းဆိုင်ရာဖြစ်ပြီး ဖှရူအ် သည် ဝါဂျိဘ် ဆိုင်ရာကျင့်ဆောင်မှုများဖြစ်သည်။ အိုဆူလ် ကိုယုံကြည်ရမည်မှာ သာသနာကိုလက်ခံခြင်း နှင့်ပတ်သက်၍သတ်မှတ်ချက်ဖြစ်ပြီးဖှရူအ် ကိုကျင့်ဆောင်ခြင်းသည်ကား မွတ်စလင်မ် ဖြစ်ခြင်းမဖြစ်ခြင်းအတွက်သတ်မှတ်ချက်မဟုတ်ပါ။ ရှီအာမဇ်ဟဘ် ၏အိုဆူလ် မှာအောက်ပါအတိုင်းဖြစ်သည်။:[၁][၂]

  • *သောင်ဟီးဒ် - အလ္လာဟ် အရှင်မြတ်တစ်ပါးတည်းတည်ရှိခြင်း
  • *နဗူဝသ် - တမန်တော်မိုဟမ္မဒ်(ဆွ) နှင့်တမန်တော်အပေါင်းအားစေလွှတ်ခြင်း
  • *မအားဒ် - လူသားအပေါင်းတစ်နေ့ပြန်လည်ရှင်သန်ထကြွရမည်ဖြစ်ပြီး စစ်ဆေးမေးမြန်းခြင်းခံရမည် လူ သားတိုင်းမိမိတို့နှင့်ထိုက်တန်သည့်ရလဒ်ကိုရရှိမည့်နေ့ဖြစ်သည်။
  • *အဒ်လ် - အလ္လာဟ် အရှင်မြတ်၏ လုပ်ရပ်တိုင်းသည်သင့်တင့်မျှတမှုရှိပြီး မည်သူတစ်ဦးတစ်ယောက်ကိုမှ ရက်စက်ခြင်းအလျင်းမရှိ၊အရာရာတိုင်းကိုထိုက်တန်သည့်နေရာတွင်ထားရှိပြီး တည်ရှိမှုတိုင်းအားအကောင်း ဆုံးအနေအထားဖြင့်စီရင်ကွပ်ကဲတော်မူ၏။.
  • *အေမာမသ် - တမန်တော်မြတ်ကြီး(ဆွ) ပြီးနောက် ၁၂ ပါးသောအေမာမ်မေမာအ်စူမ်(အစ) များသည် အေ မာမသ် နှင့် ခေလာဖှသ် ကိုဆက်ခံသူများဖြစ်ကြသည် ၊ ထိုအေမာမ် များသည် အလ္လာဟ် အရှင်မြတ်ဘက်မှ ခန့်အပ်သူများဖြစ်ကြသည်။.

ဖှရူအေဒီးန် မှာ ဝါဂျိဘ် မလုပ်မနေရ အမလ် (အရေးကြီးသည့်ကျင့်ဆောင်မှုများ) အနေနှင့် ၁၀ ခုရှိသည်။:[၃]

  • နမါးဇ်
  • ရိုဇာ
  • ဟဂျ်
  • ဇကားသ်
  • ခွမ်စ်
  • ဂျေဟားဒ်
  • အမ်ရ်ဘေမာအ်ရူးဖှ် နဟီအဇ်မွန်ကရ် (ကောင်းသောဘက်သို့ဖိတ်ခေါ်ခြင်း နှင့်မကောင်းသည့်အရာ များမှတားမြစ်ခြင်း
  • သဝလ္လာ သဗ္ဗရာ (အရှင်မြတ်အတွက်ချစ်ခြင်း နှင့်အရှင်မြတ်အတွက်မုန်းခြင်း)[၄]

အဲဟ်လေစွန်နသ် ၏သာသနာ့အုတ်မြစ် ~

အဲဟ်လေစွန်နသ် ၏သာသနာ့အုတ်မြစ်သည်အောက်ဖော်ပြပါ ငါးခုတွင်သတ်မှတ်ယုံကြည်ထားသည်။ မွတ်စလင်မ် တိုင်း၎င်းတို့အားကျင့်ကြံရမည်မှာ ဝါဂျိဘ် ဖြစ်သည်။:[၅][၆]

  • -ရှဟာဒသ်သိုင်းန် ….…. နှစ်ခုသောအရာကိုသက်သေပေးခြင်း တစ်ပါးတည်းအရှင်ကို သက်သေပေးခြင်း (لااله الا الله) နှင့် တမန်တော်မြတ်ကြီး (ဆွ) သည် အလ္လာဟ် ၏ နဗီ ဖြစ်ကြောင်းကိုသက်သေပေးခြင်း (محمد رسول الله)
  • -နမါးဇ်
  • -ရိုဇာ
  • -ဇကားသ်
  • -ဟဂျ်

အစ္စမာအီလီ များ၏သာသနာ့အုတ်မြစ် ~

အစ္စမာအီလီ များသည်အောက်ဖော်ပြပါ ၇ ခုကိုသာသနာ့အခြေခံအုတ်မြစ်အဖြစ်ယုံကြည်ကြသည်။:[၇]

  • -အီမါန်
  • -သွဟာရသ်
  • -နမါးဇ်
  • -ဇကားသ်
  • -ရိုဇာ
  • -ဟဂျ်
  • -ဂျေဟားဒ်

ဆက်နွယ်သောအကြောင်းအရာများ

ကိုးကား

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်မြန်မာနိုင်ငံနှစ်ဆန်းတစ်ရက်နေ့သင်္ကြန်မင်းအောင်လှိုင်လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)မေတ္တသုတ်ရှစ်ပါးသီလပရိတ်ကြီး ၁၁ သုတ်အောင်ဆန်းစုကြည်ကိုးပါးသီလအောင်ဆန်းအောင်လပဋ္ဌာန်းလွတ်လပ်ရေးကြေညာစာတမ်းမဟာသမယသုတ်ရတနသုတ်တပ်မတော် (ကြည်း)အော်ကာတပ်မတော်ဘုရားဂုဏ်တော်ဘာဂျာမှုတ်ခြင်းဂေါတမဗုဒ္ဓမြန်မာပိတောက်ငါးပါးသီလဥပုသ်ဒုတိယ ကမ္ဘာစစ်စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)ကျန်စစ်သားမိန်းမ မျိုးပွားအင်္ဂါဆယ်ပါးသီလမြန်မာနိုင်ငံရှိ မြို့များမင်္ဂလသုတ်သင်္ကြန်မိုးဂျပန်နိုင်ငံမထိုးသွင်းသော လိင်ဆက်ဆံခြင်းမြန်မာ သက္ကရာဇ်ပုဂံ