အားကစား

အားကစား ဟူသည် သေချာ ရေရာသော ပန်းတိုင်၊ နည်းဗျူဟာနှင့် မျှတခြင်းတို့ဖြင့် စုဖွဲ့မှု၊ ယှဉ်ပြိုင်မှု၊ ဖျော်ဖြေရေး နှင့် ကျွမ်းကျင်မှုတို့ကို စုစည်းထားခြင်း ဖြစ်သည်။ ဓမ္မဓိဋ္ဌာန်ကျကျဖြင့် အနိုင်ရသူကို ရွေးချယ်ပေးသည်။ စည်းမျဉ်းစည်းကမ်းများဖြင့် လည်းကောင်း၊ ထုံးစံ သတ်မှတ်ချက်များဖြင့် လည်းကောင်း ပိုင်းခြား သတ်မှတ်ပေးထားသည်။

အားကစားတွင် အရေးကြီးသည်မှာ အနိုင် အရှုံး ရလဒ်ကို အဆုံးအဖြတ်ပေးသည့် ယှဉ်ပြိုင်သူ၏ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှု နှင့် ကျွမ်းကျင်မှု ဖြစ်သည်။

အားကစား ဆိုသည်မှာ အင်အားနှင့်ဉာဏ်ရည်ကို အသုံးချပြီး လှုပ်ရှားယှဉ်ပြိုင်မှုဖြစ်သည်။(Sports is Games or Competitions Involving Physical and Mental Activity)

အားကစား(SPORTS) ဆိုသည်မှာ...S = Suppleness (ပျော့ပျောင်းမှု)P = Politeness (ယဥ်ကျေးသိမ်မွေ့မှု)O = Obedience (နာခံတတ်မှု)R = Readiness (အဆင်သင့်ဖြစ်မှု)T = Tactful (ပါးနပ်လိမ္မာမှု)S = Skill (ကျွမ်းကျင်မှု)

အားကစားအမျိုးအစားများမှာ အောက်ပါအတိုင်းဖြစ်ပါသည်-ယှဥ်ပြိုင်အားကစား (Competitive Sport)အပန်းဖြေအားကစား (Leisure Sport)ရိုးရာအားကစား (Traditional Sport)လူထုအားကစား (Mass Sport)

ကိုးကား

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်မြန်မာနိုင်ငံနှစ်ဆန်းတစ်ရက်နေ့သင်္ကြန်မင်းအောင်လှိုင်လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)မေတ္တသုတ်ရှစ်ပါးသီလပရိတ်ကြီး ၁၁ သုတ်အောင်ဆန်းစုကြည်ကိုးပါးသီလအောင်ဆန်းအောင်လပဋ္ဌာန်းလွတ်လပ်ရေးကြေညာစာတမ်းမဟာသမယသုတ်ရတနသုတ်တပ်မတော် (ကြည်း)အော်ကာတပ်မတော်ဘုရားဂုဏ်တော်ဘာဂျာမှုတ်ခြင်းဂေါတမဗုဒ္ဓမြန်မာပိတောက်ငါးပါးသီလဥပုသ်ဒုတိယ ကမ္ဘာစစ်စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)ကျန်စစ်သားမိန်းမ မျိုးပွားအင်္ဂါဆယ်ပါးသီလမြန်မာနိုင်ငံရှိ မြို့များမင်္ဂလသုတ်သင်္ကြန်မိုးဂျပန်နိုင်ငံမထိုးသွင်းသော လိင်ဆက်ဆံခြင်းမြန်မာ သက္ကရာဇ်ပုဂံ