၁၉၇၈ အာရှ အားကစားပြိုင်ပွဲ

၁၉၇၈ အာရှအားကစားပြိုင်ပွဲ (အင်္ဂလိပ်: 1978 Asian Games) သည် ထိုင်းနိုင်ငံဘန်ကောက်မြို့ ၌ ၁၉၇၈ခုနှစ် ဒီဇင်ဘာ ၉ရက်နေ့မှ ဒီဇင်ဘာ ၂၀ရက်နေ့အထိ ကျင်းပခဲ့သော အဋ္ဌမအကြိမ်မြောက် အာရှ အားကစားပြိုင်ပွဲ ဖြစ်သည်။ ထိုင်းနိုင်ငံသည် ၁၉၆၆၁၉၇၀ ပွဲတော်များ ကို အိမ်ရှင်အဖြစ် ကျင်းပခဲ့ပြီး ၁၉၇၈ခုနှစ်တွင် တတိယအကြိမ် လက်ခံကျင်းပခြင်းဖြစ်သည်။ ထိုင်းနိုင်ငံ၏ ဘုရင် ဘူမိဘော အဒူလျာဒက်မှ အားကစားပွဲတော်ကို ဖွင့်လှစ်ပေးခဲ့သည်။

၁၉၇၈ အာရှ အားကစားပြိုင်ပွဲ
VIII Asian Games
ကျင်းပရာမြို့ထိုင်းနိုင်ငံဘန်ကောက်မြို့
ပါဝင်သော နိုင်ငံများ၂၅
ပါဝင်ဆင်နွဲသော အားကစားသမားများ၃,၈၄၂
ကစားပွဲအမျိုးအစား၁၉၉ (၁၉နည်း)
ဖွင့်ပွဲအခမ်းအနား၉ ဒီဇင်ဘာ
ပိတ်ပွဲအခမ်းအနား၂၀ ဒီဇင်ဘာ
တရားဝင်ဖွင့်လှစ်ပေးခဲ့သူဘူမိဘော အဒူလျာဒက်
(ဘုရင်)
အဓိကအားကစားကွင်းစူပါချာလာဆိုင် အားကစားကွင်း
၁၉၇၄ ၁၉၈၂  >

နိုင်ငံ (၂၅)နိုင်ငံမှ အားကစားသမား (၃,၈၄၂)ဦးတို့သည် အားကစားနည်း (၁၉)မျိုးတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ ဖွင့်ပွဲ၊ ပိတ်ပွဲကို စူပါချာလာဆိုင် အားကစားကွင်းတွင် ကျင်းပခဲ့သည်။ ဂျပန်နိုင်ငံတရုတ်နိုင်ငံကိုရီးယားသမ္မတနိုင်ငံ တို့က နိုင်ငံအလိုက် ပထမ၊ ဒုတိယနှင့် တတိယ ရရှိခဲ့သည်။

လက်ခံကျင်းပခြင်း

မူလက ၁၉၇၈ပွဲတော်ကို စင်ကာပူက လက်ခံကျင်းပရန် စီစဉ်ခဲ့သည်။ ထို့နောက် ငွေကြေးပြဿနာကြောင့် အစီအစဉ် ပျက်သွားခဲ့သည်။ ထို့နောက် ပါကစ္စတန်နိုင်ငံ အစ္စလာမာဘတ်မြို့ က လက်ခံကျင်းပရန် စီစဉ်ခဲ့သည်။ သို့သော် ပါကစ္စတန်၊ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ် ပဋိပက္ခများကြောင့် အစီအစဉ် ပျက်သွားပြန်သည်။ ထို့ကြောင့် ယခင်က အာရှအားကစားပြိုင်ပွဲများကို ၂ကြိမ်တိုင် လက်ခံကျင်းပဖူးသည့် ဘန်ကောက်မြို့က အိမ်ရှင်အဖြစ် ကျင်းပရန် ကမ်းလှမ်းခဲ့ပြီး လက်ခံကျင်းပခဲ့သည်။

ပွဲများနှင့်အားကစား

ပါဝင်​သော အားကစားနည်းများ

မြားပစ်နှင့် ဘိုလင်းအားကစားနည်းများကို စတင် ထည့်သွင်းကျင်းပခဲ့ကြသည်။

  • ​ရေပိုင်းဆိုင်ရာအားကစားနည်းများ
    • ဒိုင်ဗင်
    • ​ရေကူး
    • ဝါတာပိုလို
  • မြားပစ်
  • ​ပြေးခုန်ပစ်
  • ကြက်​တောင်ရိုက်
  • ဘတ်စကက်​ဘော
  • ဘိုလင်း
  • လက်​ဝှေ့
  • စက်ဘီးစီး
  • ဓားသိုင်း
  • ​ဟော်ကီ
  • ​ဘောလုံး
  • ကျွမ်းဘား
  • ရွက်​လှေ
  • ​သေနတ်ပစ်
  • စားပွဲတင်တင်းနစ်
  • တင်းနစ်
  • ဘော်လီ​ဘော
  • အ​လေးမ
  • နပန်း

ပါဝင်သည့်နိုင်ငံများ

နိုင်ငံ​ရေးအ​ကြောင်းအရာများ​ကြောင့် အစ္စ​ရေးနိုင်ငံအား ပြိုင်ပွဲဝင်ခွင့် ပိတ်ခဲ့သည်။

ဆုတံဆိပ်ဇယား

Key

  *   အိမ်ရှင်

၁၉၇၈ အာရှ အားကစားပြိုင်ပွဲ ဆုတံဆိပ်ဇယား
 အဆင့် NOCရွှေငွေကြေးစုစုပေါင်း
 ဂျပန်၇၀၅၉၄၉၁၇၈
 တရုတ်၅၁၅၄၄၆၁၅၁
 တောင်ကိုရီးယား၁၈၂၀၃၁၆၉
 မြောက်ကိုရီးယား၁၅၁၃၁၅၄၃
 ထိုင်း၁၁၁၂၁၉၄၂
 အိန္ဒိယ၁၁၁၁၂၁
 အင်ဒိုနီးရှား၁၈၃၃
 ပါကစ္စတန်၁၇
 ဖိလစ်ပိုင်၁၄
၁၀  အီရတ်၁၂
၁၁  စင်ကာပူ
၁၂  မလေးရှား
၁၃  မွန်ဂိုးလီးယား
၁၄  လက်ဘနွန်
၁၅  ဆီးရီးယား
၁၆  မြန်မာ[၁]
၁၇  ဟောင်ကောင်
၁၈  သီရိလင်္ကာ
၁၉  ကူဝိတ်
စုစုပေါင်း (19 NOCs)၂၀၁၁၉၉၂၂၆၆၂၆

ကိုးကား

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်မြန်မာနိုင်ငံနှစ်ဆန်းတစ်ရက်နေ့သင်္ကြန်မင်းအောင်လှိုင်လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)မေတ္တသုတ်ရှစ်ပါးသီလပရိတ်ကြီး ၁၁ သုတ်အောင်ဆန်းစုကြည်ကိုးပါးသီလအောင်ဆန်းအောင်လပဋ္ဌာန်းလွတ်လပ်ရေးကြေညာစာတမ်းမဟာသမယသုတ်ရတနသုတ်တပ်မတော် (ကြည်း)အော်ကာတပ်မတော်ဘုရားဂုဏ်တော်ဘာဂျာမှုတ်ခြင်းဂေါတမဗုဒ္ဓမြန်မာပိတောက်ငါးပါးသီလဥပုသ်ဒုတိယ ကမ္ဘာစစ်စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)ကျန်စစ်သားမိန်းမ မျိုးပွားအင်္ဂါဆယ်ပါးသီလမြန်မာနိုင်ငံရှိ မြို့များမင်္ဂလသုတ်သင်္ကြန်မိုးဂျပန်နိုင်ငံမထိုးသွင်းသော လိင်ဆက်ဆံခြင်းမြန်မာ သက္ကရာဇ်ပုဂံ