အာရှ အားကစားပြိုင်ပွဲ

အာရှတိုက်တွင်ကျင်းပသည့် အားကစားပွဲတော်

အာရှ အားကစားပြိုင်ပွဲ (အင်္ဂလိပ်: Asian Games သည် အာရှတိုက်ရှိ နိုင်ငံများအကြား လေးနှစ်လျှင် တစ်ကြိမ် ကျင်းပသော အားကစားပြိုင်ပွဲဖြစ်သည်။ အားကစားပြိုင်ပွဲကို အာရှ အိုလံပစ်ကောင်စီ မှ ကြီးကြပ်သည်။ ပထမအကြိမ် အာရှအားကစားပြိုင်ပွဲကို ၁၉၅၁ခုနှစ်တွင် အိန္ဒိယနိုင်ငံနယူးဒေလီမြို့၌ ကျင်းပခဲ့သည်။ ၁၉၅၁ နယူးဒေလီပွဲတော် မှ ၁၉၇၈ ဘန်ကောက်ပွဲတော် အထိ အာရှ အားကစားအဖွဲ့ချုပ် မှ ကြီးကြပ်ကာ ၁၉၈၂ ဒေလီပွဲတော်မှစ၍ အာရှ အိုလံပစ်ကောင်စီမှ ကြီးကြပ်သည်။ အာရှ အားကစားပြိုင်ပွဲသည် အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီ၏ အသိအမှတ်ပြုခြင်းကို ရရှိထားပြီး အာရှတိုက်တွင် အကြီးဆုံး အားကစားပြိုင်ပွဲဖြစ်ကာ အိုလံပစ်ပြိုင်ပွဲများပြီးနောက် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး အားကစားပြိုင်ပွဲအဖြစ်လည်း သတ်မှတ်ကြသည်။ ဤအားကစားပြိုင်ပွဲကို Asiad ဟုလည်း သုံးစွဲကြသည်။[၁]

အာရှအားကစားပွဲ (Asian Games)

အတိုကောက်Asiad
ဆောင်ပုဒ်အမြဲတမ်း ရှေ့သို့ (Ever Onward)
ပထမအကြိမ်၁၉၅၁ အာရှ အားကစားပြိုင်ပွဲ
Occur everyလေးနှစ်တစ်ကြိမ်
နောက်ဆုံးတစ်ခေါက်
ကျင်းပခဲ့သည့် ပြိုင်ပွဲ
၂၀၁၈ အာရှ အားကစားပြိုင်ပွဲ
ရည်မှန်းချက်အာရှတိုက်ရှိ နိုင်ငံများပါဝင်သော ပြိုင်ပွဲမျိုးစုံပါဝင်သည့် အားကစားပွဲ

၁၉၅၁ခုနှစ်မှစ၍ ၂၀၁၈ခုနှစ်အထိ နိုင်ငံ (၉) နိုင်ငံမှ မြို့ပေါင်း (၁၅)မြို့မှ လက်ခံကျင်းပထားသည်။ နောက်ဆုံးကျင်းပထားသောပွဲမှာ ၂၀၁၈ခုနှစ်တွင် အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာ - ဖလန်းပင်တွင် ကျင်းပသော အားကစားပြိုင်ပွဲဖြစ်သည်။ လာမည့်ပြိုင်ပွဲမှာ ၂၀၂၂ခုနှစ်တွင် တရုတ်နိုင်ငံ ဟန်ကျိုးမြို့တွင် ကျင်းပမည့် (၁၉) ကြိမ်မြောက် ပြိုင်ပွဲဖြစ်သည်။

၂၀၁၀ပြည့်နှစ်မှစတင်ကာ အာရှအားကစားပြိုင်ပွဲကို လက်ခံကျင်းပသည့်မြို့သည် အာရှ မသန်စွမ်း အားကစားပြိုင်ပွဲ ကိုပါ တစ်ဆက်တည်း လက်ခံကျင်းပရသည်။

သမိုင်းကြောင်း

ယခင်ပွဲတော်

အာရှ အားကစားပြိုင်ပွဲကာလ မတိုင်မီက အရှေ့ဖျား ချန်ပီယံရှစ် အားကစားပြိုင်ပွဲ ဟူ၍ တည်ရှိခဲ့သည်။ ထိုအားကစားပြိုင်ပွဲသည် ၁၉၁၃ခုနှစ်တွင် စတင်ကျင်းပခဲ့သည်။ ၁၉၃၄ခုနှစ်တွင် နောက်ဆုံးကျင်းပခဲ့ပြီး ၁၉၃၈ပွဲတော်ကို ဖျက်သိမ်းခဲ့သည်။

အားကစားအဖွဲ့ချုပ်ဖွဲ့စည်းခြင်း

ဒုတိယကမ္ဘာစစ်ဖြစ်ပွားပြီးနောက် အာရှတိုက်ရှိ နိုင်ငံတော်တော်များများသည် အချုပ်အခြာအာဏာပိုင်နိုင်ငံများ ဖြစ်လာကြသည်။ ထိုနိုင်ငံများသည် အကြမ်းဖက်မှုလျှော့ချကာ အာရှ၏စွမ်းပကားကို ပြသရန် ကြိုးပမ်းခဲ့ကြသည်။ ၁၉၄၈ခုနှစ်တွင် လန်ဒန်မြို့၌ကျင်းပသော ၁၉၄၈ နွေရာသီ အိုလံပစ်ပြိုင်ပွဲ ၌ ဖိလစ်ပိုင်နှင့် တရုတ်နိုင်ငံတို့သည် အရှေ့ဖျား ချန်ပီယံရှစ်ပြိုင်ပွဲကို ပြန်လည်အသက်သွင်းရန် စကားစမိခဲ့ကြသည်။ အိုလံပစ်ပြိုင်ပွဲသို့ အိန္ဒိယ အိုလံပစ် ကော်မတီ၏ ကိုယ်စားလှယ်အဖြစ် လာရောက်သော Guru Dutt Sondhi သည် အားကစားပွဲ ပြန်လည်ကျင်းပပါက အာရှ၏ ညီညွတ်မှုစိတ်ဓာတ်ကို မြှင့်တင်နိုင်ကာ အားကစားစွမ်းရည်နှင့် အဆင့်အတန်းလည်း မြင့်မားလာနိုင်မည်ဟု ယုံကြည်ခဲ့သည်။ ထို့ကြောင့် အာရှအားကစားပြိုင်ပွဲ ဖြစ်လာမည့် အစီအစဉ်တစ်ခုကို တင်ပြခဲ့သည်။ ထို့ကြောင့် အာရှတိုက်မှ အမျိုးသားအိုလံပစ်ကော်မတီများ၏ ကိုယ်စားလှယ်များကို ဖိတ်ကြားကာ အာရှ ပြေးခုန်ပစ် အဖွဲ့ချုပ် တည်ထောင်နိုင်ရေး မူကြမ်းကို လန်ဒန်မြို့တွင် ဆွေးနွေးခဲ့ကြသည်။ ၁၉၄၉ခုနှစ် ဖေဖော်ဝါရီ ၁၂ရက်နေ့ ၁၃ရက်နေ့များတွင် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် ဖွဲ့စည်းခဲ့ကြသည်။ အားကစားပြိုင်ပွဲ၏ ပဋိဉာဉ် ကို အတည်ပြုခဲ့သော တိုင်းပြည်များမှာ အာဖဂန်နစ္စတန်၊ မြန်မာ၊ အိန္ဒိယ၊ ပါကစ္စတန်နှင့် ဖိလစ်ပိုင်တို့ ဖြစ်ကြသည်။ ထို့နောက် ပထမဆုံးသော အားကစားပြိုင်ပွဲကို ၁၉၅၀ပြည့်နှစ်၌ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် ကျင်းပရန် စီစဉ်ခဲ့ကြသည်။ သို့​သော် ပြင်ဆင်မှုများ ကြန့်ကြာ​နေ၍ ၁၉၅၁ခုနှစ်တွင်မှ စတင်ကျင်းပခဲ့သည်။

ပြိုင်ပွဲအထိမ်းအမှတ်များ

အာရှအားကစားပြိုင်ပွဲပဋိဉာဉ်အရ အားကစားပြိုင်ပွဲ အထိမ်းအမှတ် အမှတ်အသားများကို အသုံးပြုခဲ့သည်။

အထိမ်းအမှတ်တံဆိပ်

အာရှအားကစားပြိုင်ပွဲ၏ အထိမ်းအမှတ်တံဆိပ်မှာ ရောင်ခြည် (၁၆)ခုဖြင့် နေဝန်းနီကြီးဖြစ်သည်။ ၎င်း၏အလယ်တွင် အဖြူရောင်ကွင်းပါဝင်သည်။ ၎င်းသည် အာရှလူမျိူးများ၏ တောက်ပြောင်ပြီး နွေးထွေးသော စိတ်ဓာတ်ကို ရည်ညွှန်းသည်။

လာဘ်ကောင်

၁၉၈၂ နယူးဒေလီပွဲတော် မှစ၍ အထိမ်းအမှတ်လာဘ်ကောင်များကို ထည့်သွင်း အသုံးပြုခဲ့သည်။ ထိုလာဘ်ကောင်များသည် ပြိုင်ပွဲကို လက်ခံကျင်းပရာ မြို့၊ နိုင်ငံတို့၏ ယဉ်ကျေးမှု၊ လူမှုပတ်ဝန်းကျင် တို့ကို ထင်ဟပ်စေကာ အားကစားရည်ရွယ်ချက်များလည်း ပါဝင်ကြသည်။

ဆောင်ပုဒ်

အာရှအားကစားပြိုင်ပွဲ၏ ဆောင်ပုဒ်မှာ Ever Onward ဖြစ်ကာ Guru Dutt Sondhi မှ ၁၉၄၉ခုနှစ်တွင် အာရှအားကစားအဖွဲ့ချုပ် တည်ထောင်ခြင်းနှင့်အတူ တင်သွင်းခဲ့ခြင်းဖြစ်သည်။

ပါဝင်သောနိုင်ငံများ

အာရှ အိုလံပစ်ကောင်စီ လက်အောက်ရှိ အဖွဲ့ဝင် (၄၅)နိုင်ငံသည် အားကစားပြိုင်ပွဲသို့ ပါဝင်ယှဉ်ပြိုင်ကြသည်။ ထိုင်ဝမ်ပါလက်စတိုင်းဟောင်ကောင်နှင့် မကာအိုတို့သည်လည်း ကိုယ်ပိုင် အမျိုးသားအိုလံပစ်ကော်မတီ များ ဖွဲ့စည်းထားပြီး အာရှအိုလံပစ်ကောင်စီ အဖွဲ့ဝင်များ ဖြစ်ကြသည်။ ထို့ကြောင့် ၎င်းတို့သည် သီးခြား ဝင်ရောက်ယှဉ်ပြိုင်ကြသည်။ မရေရာသော နိုင်ငံရေးအခြေအနေများကြောင့် ၁၉၉၀ပြည့်နှစ်မှစ၍ တရုတ်သမ္မတနိုင်ငံ အား တရုတ်တိုင်ပေအမည်ဖြင့် ယှဉ်ပြိုင်ခွင့်ပြုခဲ့သည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အထူးဒေသဖြစ်သော မကာအိုအားလည်း အမျိုးသားအိုလံပစ်ကော်မတီတစ်ခုအနေဖြင့် အသိအမှတ်ပြုထားပြီး အာရှအားကစားပြိုင်ပွဲတွင် ယှဉ်ပြိုင်ခွင့် ပြုထားသည်။ သို့သော် အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီက အသိအမှတ်မပြုထား၍ အိုလံပစ်ပြိုင်ပွဲများတွင် ယှဉ်ပြိုင်ခွင့် မရှိပေ။

၂၀၀၇ခုနှစ်တွင် ဩစတျေးလျနိုင်ငံသည် အာရှအားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် တင်သွင်းခဲ့သော်လည်း အာရှအိုလံပစ်ကောင်စီက ငြင်းပယ်ခဲ့သည်။ အကြောင်းမှာ ဩစတျေးလျသည် အိုရှန်းနီးယား အမျိုးသားအိုလံပစ်ကော်မတီများကို မတရားရာကျသဖြင့်ဖြစ်သည်။ အိုရှန်းနီးယားဇုန်မှ ဩစတျေးလျနှင့် နယူးဇီလန်တို့သည် ပစိဖိတ်အားကစားပြိုင်ပွဲတွင်သာ ပါဝင်ရသည်။ သို့သော် ၂၀၁၇ အာရှ ဆောင်းရာသီ အားကစားပြိုင်ပွဲတွင် ဩစတျေးလျမှာ ပါဝင်ခဲ့သည်။ ၎င်းတို့အနေဖြင့် အာရှအိုလံပစ်ကောင်စီတွင် အမြဲတမ်းအဖွဲ့ဝင် ဖြစ်ခွင့်ရရန်အတွက် ကြိုးပမ်းနေသည်။

ပွဲ​တော်များ

ပြိုင်ပွဲခုနှစ်ကျင်းပရာမြို့ကျင်းပရာနိုင်ငံဖွင့်လှစ်​ပေးသူစတင်ရက်ပြီးဆုံးရက်ယှဉ်ပြိုင်သည့်နိုင်ငံ​ပေါင်းအားကစားသမားအ​ရေအတွက်အားကစားနည်းအ​ရေအတွက်ပွဲစဉ်​အ​ရေအတွက်ပထမရသည့်နိုင်ငံRef.
I၁၉၅၁နယူးဒေလီမြို့  အိန္ဒိယရန်ဂျန်ဒြာ ပရာဆတ် (သမ္မတ)၄ မတ်၁၁ မတ်၁၁၄၈၉၅၇  ဂျပန်[၂]
II၁၉၅၄မနီလာမြို့  ဖိလစ်ပိုင်ရာမွန် မက်​ဆေး​ဆေး (သမ္မတ)၁ ​မေ၉ ​မေ၁၈၉၇၀၇၆  ဂျပန်[၃]
III၁၉၅၈တိုကျိုမြို့  ဂျပန်ဟီရိုဟီတို (ဧကရာဇ်)၂၄ ​မေ၁ ဇွန်၁၆၁,၈၂၀၁၃၉၇  ဂျပန်[၄]
IV၁၉၆၂ဂျကာတာမြို့  အင်ဒိုနီးရှားဆူကာနို (သမ္မတ)၂၄ ဩဂုတ်၄ စက်တင်ဘာ၁၂၁,၄၆၀၁၃၈၈  ဂျပန်[၅]
V၁၉၆၆ဘန်ကောက်မြို့  ထိုင်းဘူမိဘော အဒူလျာဒက် (ဘုရင်)၉ ဒီဇင်ဘာ၂၀ ဒီဇင်ဘာ၁၆၁,၉၄၅၁၄၁၄၃  ဂျပန်[၆]
VI၁၉၇၀၂,၄၀၀၁၃၁၃၅  ဂျပန်[၇]
VII၁၉၇၄တီဟီရန်မြို့  အီရန်မိုဟာမက် ရီဇယ် (ဘုရင်)၁ စက်တင်ဘာ၁၆ စက်တင်ဘာ၁၉၃,၀၁၀၁၆၂၀၂  ဂျပန်[၈]
VIII၁၉၇၈ဘန်ကောက်မြို့  ထိုင်းဘူမိ​​ဘော အဒူလျာဒက် (ဘုရင်)၉ ဒီဇင်ဘာ၂၀ ဒီဇင်ဘာ၃,၈၄၂၁၉၂၀၁  ဂျပန်[၉]
IX၁၉၈၂နယူးဒေလီမြို့  အိန္ဒိယဇေးလ်ဆင်း (သမ္မတ)၁၉ နိုဝင်ဘာ၄ ဒီဇင်ဘာ၂၃၃,၄၁၁၂၁၁၄၇  တရုတ်[၁၀]
X၁၉၈၆ဆိုးလ်မြို့  တောင်ကိုရီးယားချန်ဒူးဝမ် (သမ္မတ)၂၀ စက်တင်ဘာ5 October၂၂၄,၈၃၉၂၅၂၇၀  တရုတ်[၁၁]
XI၁၉၉၀ပေကျင်းမြို့  တရုတ်ယန်ရှန်ကွန်း (သမ္မတ)၂၂ စက်တင်ဘာ၇ ​အောက်တိုဘာ၃၆၆,၁၂၂၂၇၃၁၀  တရုတ်[၁၂]
XII၁၉၉၄ဟီရိုရှီးမားမြို့  ဂျပန်အာကီဟီတို (ဧကရာဇ်)၂ ​​အောက်တိုဘာ၁၆ ​အောက်တိုဘာ၄၂၆,၈၂၈၃၄၃၃၈  တရုတ်[၁၃]
XIII၁၉၉၈ဘန်ကောက်မြို့  ထိုင်းဘူမိ​ဘော အဒူလျာဒက် (ဘုရင်)၆ ဒီဇင်ဘာ၂၀ ဒီဇင်ဘာ၄၁၆,၅၅၄၃၆၃၇၇  တရုတ်[၁၄]
XIV၂၀၀၂ဘူဆန်မြို့  တောင်ကိုရီးယားကင်​ဒေးဂျုံ (သမ္မတ)၂၉ စက်တင်ဘာ၁၄ ​အောက်တိုဘာ၄၄၇,၇၁၁၃၈၄၁၉  တရုတ်[၁၅]
XV၂၀၀၆ဒိုဟာမြို့  ကာတာဟာမက် ဘင် ခါလီဖာ အယ်သနီ (ဘုရင်)၁ ဒီဇင်ဘာ၁၅ ဒီဇင်ဘာ၄၅၉,၅၂၀၃၉၄၂၄  တရုတ်[၁၆]
XVI၂၀၁၀ကွမ်ကျိုးမြို့  တရုတ်ဝမ်ကြား​​ပေါင် (ဝန်ကြီးချုပ်)၁၂ နိုဝင်ဘာ၂၇ နိုဝင်ဘာ၉,၇၀၄၄၂၄၇၆  တရုတ်[၁၇]
XVII၂၀၁၄အင်ချွန်းမြို့  တောင်ကိုရီးယားပတ်ဂွန်ဟေး (သမ္မတ)၁၉ စက်တင်ဘာ၄ ​အောက်တိုဘာ၉,၅၀၁၃၆၄၃၉  တရုတ်[၁၈]
XVIII၂၀၁၈ဂျကာတာမြို့ - ဖလန်းပင်မြို့  အင်ဒိုနီးရှားဂျိုကို ဝီဒိုဒို (သမ္မတ)၁၈ ဩဂုတ်၂ စက်တင်ဘာ၁၁,၃၀၀၄၀၄၆၅  တရုတ်[၁၉]
XIX၂၀၂၂ဟန်ကျိုးမြို့  တရုတ်၁၀ စက်တင်ဘာ၂၅ စက်တင်ဘာကျင်းပရန်ရှိသည့်ပွဲများ[၂၀]
XX၂၀၂၆အိုက်ချီ - နာဂိုယာမြို့  ဂျပန်၁၉ စက်တင်ဘာ၄ ​အောက်တိုဘာကျင်းပရန်ရှိသည့်ပွဲများ
XXI2030ဒိုဟာမြို့  ကာတာကျင်းပရန်ရှိသည့်ပွဲများ
XXII၂၀၃၄ရီယာ့ဒ်မြို့  ဆော်ဒီအာရေဗျကျင်းပရန်ရှိသည့်ပွဲများ

ပြဿနာများ

၁၉၆၂ ဂျာကာတာပွဲတော်တွင် အားကစားပွဲသည် ဝေဖန်မှုများ၊ ပြဿနာကြီးများနှင့် ရင်ဆိုင်ခဲ့ရသည်။ နိုင်ငံရေးအရ အသိအမှတ်ပြုရေး ကိစ္စရပ်များကြောင့် တရုတ်သမ္မတနိုင်ငံ (အာအိုစီ) နှင့် အစ္စရေးနိုင်ငံ တို့အား ပြည်ဝင်ခွင့်ဗီဇာ ထုတ်မပေးဘဲ ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခွင့် မပေးခဲ့ပေ။ ဤသည်မှာ အိမ်ရှင် အင်ဒိုနီးရှားအနေဖြင့် ပေးအပ်ထားသော ကတိကဝတ်များကို ချိုးဖောက်ခြင်းဖြစ်သည်။ ဤကိစ္စကြောင့် အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီသည် အင်ဒိုနီးရှားနိုင်ငံအား ပြစ်ဒဏ်များ ချမှတ်ခဲ့သည်။ အာရှ ဘောလုံးအဖွဲ့ချုပ်၊ အပြည်ပြည်ဆိုင်ရာ ပြေးခုန်ပစ်အသင်းချုပ်၊ အပြည်ပြည်ဆိုင်ရာ အလေးမအသင်းချုပ်များက ပြိုင်ပွဲကို အသိအမှတ်မပြုခဲ့ပေ။

၁၉၇၀ပွဲတော် ကိုလည်း မူလက ကိုရီးယားသမ္မတနိုင်ငံ က ကျင်းပရန်စီစဉ်ခဲ့သည်။ သို့သော် အမျိုးသားလုံခြုံရေးပြဿနာများကြောင့် ပြိုင်ပွဲကျင်းပခွင့်ကို လက်လွှတ်ခဲ့သည်။ သို့ရာတွင် အမှတ်တကယ်အကြောင်းအရာမှာ ဘဏ္ဍာငွေကိစ္စကြောင့်ဖြစ်သည်။

ကိုးကား

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်မြန်မာနိုင်ငံနှစ်ဆန်းတစ်ရက်နေ့သင်္ကြန်မင်းအောင်လှိုင်လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)မေတ္တသုတ်ရှစ်ပါးသီလပရိတ်ကြီး ၁၁ သုတ်အောင်ဆန်းစုကြည်ကိုးပါးသီလအောင်ဆန်းအောင်လပဋ္ဌာန်းလွတ်လပ်ရေးကြေညာစာတမ်းမဟာသမယသုတ်ရတနသုတ်တပ်မတော် (ကြည်း)အော်ကာတပ်မတော်ဘုရားဂုဏ်တော်ဘာဂျာမှုတ်ခြင်းဂေါတမဗုဒ္ဓမြန်မာပိတောက်ငါးပါးသီလဥပုသ်ဒုတိယ ကမ္ဘာစစ်စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)ကျန်စစ်သားမိန်းမ မျိုးပွားအင်္ဂါဆယ်ပါးသီလမြန်မာနိုင်ငံရှိ မြို့များမင်္ဂလသုတ်သင်္ကြန်မိုးဂျပန်နိုင်ငံမထိုးသွင်းသော လိင်ဆက်ဆံခြင်းမြန်မာ သက္ကရာဇ်ပုဂံ