၂၀၁၇ ချီယာပတ်စ် ငလျင်

၂၀၁၇ ချီယာပတ်စ် ငလျင် သည် စက်တင်ဘာလ ၇ ရက်နေ့တွင် ချီယာပတ်စ်ပြည်နယ်အနီး မက္ကဆီကိုကမ်းရိုးတမ်းတောင်ပိုင်း၌ ၂၃:၄၉ CDT အချိန်တွင် လှုပ်ခတ်သွားခဲ့သည်။ ငလျင်သည် ပြင်းအား ၈.၁ Mw ရှိပြီး Mercalli intensity အမြင့်ဆုံးအဆင့် IX (Violent) ဖြစ်ကာ ချီယာပတ်စ်ပြည်နယ်အနီး၊ တီဟွမ်တီပတ်ပင်လယ်ကွေ့ရှိ ပီဂျီဂျီယာပန်မြို့၏ တောင်ဘက် ၈၇ ကီလိုမီတာ (၅၄ မိုင်) အကွာတွင် ဖြစ်ပွားခဲ့သည်။[၃][၄]

၂၀၁၇ ချီယာပတ်စ် ငလျင်
၂၀၁၇ ချီယာပတ်စ် ငလျင် သည် Mesoamerica တွင် တည်ရှိသည်
၂၀၁၇ ချီယာပတ်စ် ငလျင်
UTC အချိန်??
ရက်စွဲ *၇ စက်တင်ဘာ ၂၀၁၇ (၂၀၁၇-၀၉-၀၇)
မူလ အချိန် *23:49:21 CDT
အတိုင်းအတာ၈.၁ Mw
အနက်၆၉.၇ km (၄၃.၃ mi)
ငလျင်ဗဟို15°04′05″N 93°42′54″W / 15.068°N 93.715°W / 15.068; -93.715 93°42′54″W / 15.068°N 93.715°W / 15.068; -93.715
သက်ရောက်ဧရိယာမက္ကဆီကိုနိုင်ငံဂွါတီမာလာနိုင်ငံ[၁]
အများဆုံးပြင်းအားIX (Violent)
ဆူနာမီYes
Foreshocks
Aftershocks၁,၈၀၆ [၂]
ထိခိုက်သေကြေမှုများ၉၈ ဦး သေဆုံး၊ ၃၀၀ ကျော် ဒဏ်ရာရ
Deprecated See documentation.

ငလျင်ကြောင့် မက္ကဆီကိုစီးတီးရှိ အဆောက်အဦအချို့ တုန်ခါခဲ့ပြီး လူအများအပြား အဆောက်အဦများမှ စွန့်ခွာစေခဲ့သည်။ ထို့အပြင် ငလျင်ကြောင့် ၁.၇၅ မီတာ (၅ ပေ ၉ လက်မ) ရှိ ဆူနာမီလှိုင်းများ ဖြစ်ပေါ်ခဲ့ကာ အနီးပတ်ဝန်းကျင်တွင် ဆူနာမီ သတိပေးချက်များ ထုတ်ပြန်ခဲ့ရသည်။[၅] ရာစုနှစ်အတွင်း မက္ကဆီကိုနိုင်ငံအတွက် အပြင်းထန်ဆုံး ငလျင်အဖြစ် မှတ်တမ်းဝင်ကြောင်း မက္ကဆီကိုသမ္မတက ပြောကြားခဲ့သည်။ ယင်းငလျင်သည် ပြင်းအားပမာဏ ၈.၆ ရှိ ၁၇၈၇ ငလျင်ပြီးနောက် မက္ကဆီကိုနိုင်ငံတွင် ဖြစ်ပွားခဲ့သော ဒုတိယအပြင်းထန်ဆုံး ငလျင် အဖြစ် မှတ်တမ်းဝင်ခဲ့ပြီး[၆] ၂၀၁၇ ခုနှစ်အတွင်း တစ်ကမ္ဘာလုံးအနေဖြင့် အကြီးမားဆုံးငလျင် ဖြစ်သည်။[၇]

တက်တိုးနစ် အပြင်အဆင်

ကိုကိုးကျောက်ထုလွှာသည် မြောက်အမေရိက ကျောက်ထုလွှာအောက်သို့ တစ်နှစ်လျှင် ၆.၄ စင်တီမီတာနှုန်း (၂.၅ လက်မ/နှစ်) ဖြင့် နစ်ဝင်နေသော အနားတလျောက်ပေါ်တွင် တီဟွမ်တီပတ်ပင်လယ်ကွေ့ တည်ရှိသည်။[၈][၉]

နောက်ခံ

စက်တင်ဘာလ ၆ ရက်နေ့တွင် မက္ကဆီကိုစီးတီးမြို့တစ်ဝှမ်း၌ ငလျင်သတိပေးချက်များ မှားယွင်းစွာ ထုတ်ပြန်မိခဲ့ရာ အဆောက်အဦများမှ ဘေးလွတ်ရာသို့ ရွေ့ပြောင်းစေခဲ့သည်။ ဤမတော်တဆမှုသည် စနစ်အား ပြန်လည်သုံးသပ်ရန် လိုအပ်ကြောင်း ပြသခဲ့သည်။[၁၀]

ငလျင်

ငလျင်လှုပ်ပြီး မိနစ်အနည်းငယ်အကြာတွင် မက္ကဆီကိုရှိ ဟိုတယ်တစ်ခုရှေ့တွင် စုဝေးနေကြသူများ

မက္ကဆီကို အမျိုးသား ငလျင်တိုင်းတာရေး အဖွဲ့ (SSN) က ငလျင်ဗဟိုချက်သည် ချီယာပတ်စ်ပြည်နယ်၊ တိုနာလာမြို့၏ အရှေ့တောင်ဘက်  ၁၃၇ ကီလိုမီတာ (၈၅ မိုင်) အကွာ တီဟွမ်တီပတ်ပင်လယ်ကွေ့အတွင်းတွင် ဖြစ်သည်ဟု ဆိုသည်။ အမေရိကန် ပြည်ထောင်စု ဘူမိဗေဒ မြေတိုင်းအဖွဲ့ (USGS) က ငလျင်ဗဟိုချက်သည် ချီယာပတ်စ်ပြည်နယ်၊ ပီဂျီဂျီယာပန်မြို့၏ အနောက်တောင်ဘက် ၈၇ ကီလိုမီတာ (၅၄ မိုင်) အကွာတွင် ဖြစ်သည်ဟု ဆိုသည်။ ငလျင်ပြင်းအားပမာဏမှာ SSN က M ၈.၂ ဟု လည်းကောင်း၊[၁၁] USGS က အစောပိုင်းတွင် M ၈.၀ ဟု ဖော်ပြခဲ့ပြီး နောက်ပိုင်းတွင် M ၈.၁ ဟုလည်းကောင်း အသီးသီး ဖော်ပြခဲ့သည်။ ငလျင်ကြောင့် ကိုကိုးစ်နှင့် မြောက်အမေရိက ကျောက်ထုလွှာများအကြားရှိ ပြတ်ရွေ့ကို  ၁၀ မီတာ (၃၃ ပေ) ခန့် မြင့်တက်စေခဲ့သည်။[၁၂]

ငလျင်သည် ၁၉၈၅ မက္ကဆီကိုစီးတီး ငလျင်ပြီးနောက် မက္ကဆီကိုတွင် အင်အားအကြီးဆုံး ငလျင်ဖြစ်ပြီး[၁၃][၁၄] ၁၉၃၂ ဂျာလီစကို ငလျင်နှင့် မတိမ်းမယိမ်း ဖြစ်သည်။[၁၅] မက္ကဆီကို သမ္မတ အင်းနရစ် ပီညာ နီတိုက "ရာစုနှစ်အတွင်း အကြီးမားဆုံး ငလျင်" ဟု ခေါ်ဆိုခဲ့ပြီး လူပေါင်း သန်း ၅၀ ခန့် ခံစားခဲ့ရသည်ဟု ပြောကြားခဲ့သည်။[၁၆]

ဆူနာမီ

 ငလျင်ကြောင့် ၁ မီတာ (၃.၃ ပေ) နှင့်အထက်ရှိ ဆူနာမီလှိုင်းများကို ဆလီနာခရုဇ်မြို့တွင် လည်းကောင်း၊[၁၇] ၁.၇၅ မီတာ (၅.၇ ပေ) ရှိ ဆူနာမီလှိုင်းကို ချီယာပတ်စ်တွင် လည်းကောင်း ဖြစ်ပေါ်စေခဲ့သည်။[၁၈] ပစိဖိတ် ဆူနာမီ သတိပေးစင်တာက ဗဟိုအမေရိကရှိ ပစိဖိတ် ကမ်းရိုးတမ်းတလျောက်နှင့် အီကွေဒေါနိုင်ငံ တောင်ပိုင်းတို့တွင် ဆူနာမီ သတိပေးချက်များ ထုတ်ပြန်ခဲ့ရသည်။[၁၉][၂၀]

နောက်ဆက်တွဲ ငလျင်များ

ငလျင်လှုပ်ပြီးနောက် နောက်ဆက်တွဲငလျင်များ အနည်းဆုံး ၁၂ ကြိမ်ကို USGS က မှတ်တမ်းတင်ခဲ့သည်။[၂၁] စက်တင်ဘာ ၁၄ UTC အချိန် ၀၀:၃၀ အထိ National Seismological Service (SSN) က နောက်ဆက်တွဲ ငလျင်များ အနည်းဆုံး ၁,၈၀၆ ခုနှင့် ပြင်းအား ၆.၁ မဂ္ဂနီကျူဒ်အထိ ရှိခဲ့ကြောင်း မှတ်တမ်းတင်ခဲ့သည်။[၂]

#CDT အချိန်ငလျင်ဗဟိုအနီးအနားရှိ အထင်ကရနေရာများအနက်Mag.
ပင်မ၇ စက်တင်ဘာ ၂၀၁၇၊ 23:49:2115°04′05″N 93°42′54″W / 15.068°N 93.715°W / 15.068; -93.715ပီဂျီဂျီယာပန်မြို့၏ အနောက်တောင်ဘက် ၈၇ ကီလိုမီတာ (၅၄ မိုင်)၆၉.၇ km (၄၃.၃ mi)၈.၁
၈ စက်တင်ဘာ ၂၀၁၇၊ 0:01:3815°52′01″N 94°05′17″W / 15.867°N 94.088°W / 15.867; -94.088ပါရီဒွန်၏ အနောက်တောင်ဘက် ၂၉ ကီလိုမီတာ (၁၈ မိုင်)၃၅ km (၂၁.၇ mi)၅.၇
၈ စက်တင်ဘာ ၂၀၁၇၊ 0:17:4215°32′49″N 94°29′20″W / 15.547°N 94.489°W / 15.547; -94.489ဆန်ဖရန်စစ္စကိုဒယ်မာ၏ တောင်-အရှေ့တောင်ဘက် ၇၅ km (၄၇ mi)၄၁.၃ km (၂၅.၇ mi)၅.၄
၈ စက်တင်ဘာ ၂၀၁၇၊ 0:24:4015°32′02″N 94°22′41″W / 15.534°N 94.378°W / 15.534; -94.378ပါရီဒွန်၏ အနောက်တောင်ဘက် ၇၇ km (၄၈ mi)၅၀.၅ km (၃၁.၄ mi)၅.၂
၈ စက်တင်ဘာ ၂၀၁၇၊ 0:33:3815°20′42″N 94°16′19″W / 15.345°N 94.272°W / 15.345; -94.272ပါရီဒွန်၏ တောင်-အနောက်တောင်ဘက်၈၇ km (၅၄ mi)၃၅.၀ km (၂၁.၇ mi)၅.၂
၈ စက်တင်ဘာ ၂၀၁၇၊ 0:44:2915°42′54″N 94°33′47″W / 15.715°N 94.563°W / 15.715; -94.563ဆန်ဖရန်စစ္စကိုဒယ်မာ၏ တောင်ဘက် ၅၈ km (၃၆ mi)၃၅.၀ km (၂၁.၇ mi)၄.၉
၈ စက်တင်ဘာ ၂၀၁၇၊ 0:57:0015°05′N 94°31′W / 15.09°N 94.52°W / 15.09; -94.52တိုနာလာမြို့၏ အရှေ့တောင်ဘက် ၁၃၇ km (၈၅ mi)၂၁.၀ km (၁၃.၀ mi)၅.၁
၈ စက်တင်ဘာ ၂၀၁၇၊ 1:08:4715°27′N 94°47′W / 15.45°N 94.78°W / 15.45; -94.78ဆလီနာခရုဇ်မြို့၏ အရှေ့တောင်ဘက် ၉၂ km (၅၇ mi)၁၀.၀ km (၆.၂ mi)၅.၀
၈ စက်တင်ဘာ ၂၀၁၇၊ 2:38:3815°31′N 94°50′W / 15.52°N 94.83°W / 15.52; -94.83ဆလီနာခရုဇ်မြို့၏ အရှေ့တောင်ဘက် ၈၃ km (၅၂ mi)၅၀.၀ km (၃၁.၁ mi)၅.၃
၈ စက်တင်ဘာ ၂၀၁၇၊ 2:59:5715°35′N 94°55′W / 15.58°N 94.91°W / 15.58; -94.91ဆလီနာခရုဇ်မြို့၏ အရှေ့တောင်ဘက် ၇၃ km (၄၅ mi)၅၀.၀ km (၃၁.၁ mi)၅.၂
၁၀၈ စက်တင်ဘာ ၂၀၁၇၊ 3:34:3415°10′N 94°20′W / 15.17°N 94.33°W / 15.17; -94.33တိုနာလာမြို့၏ အရှေ့တောင်ဘက် ၁၃၀ km (၈၁ mi)၁၆.၀ km (၉.၉ mi)၅.၉
၁၁၈ စက်တင်ဘာ ၂၀၁၇၊ 6:25:5615°54′N 95°07′W / 15.90°N 95.11°W / 15.90; -95.11ဆလီနာခရုဇ်မြို့၏ အရှေ့တောင်ဘက် ၃၂ km (၂၀ mi)၅၉.၀ km (၃၆.၇ mi)၅.၀
၁၂၈ စက်တင်ဘာ ၂၀၁၇၊ 6:43:0715°50′N 95°02′W / 15.83°N 95.04°W / 15.83; -95.04ဆလီနာခရုဇ်မြို့၏ အရှေ့တောင်ဘက် ၄၂ km (၂၆ mi)၅၉.၀ km (၃၆.၇ mi)၅.၂
၁၃၈ စက်တင်ဘာ ၂၀၁၇၊ 9:45:0015°44′N 94°54′W / 15.73°N 94.90°W / 15.73; -94.90ဆလီနာခရုဇ်မြို့၏ အရှေ့တောင်ဘက် ၆၀ km (၃၇ mi)၉၇.၀ km (၆၀.၃ mi)၅.၅
၁၄၈ စက်တင်ဘာ ၂၀၁၇၊ 12:02:5515°46′N 94°56′W / 15.77°N 94.94°W / 15.77; -94.94ဆလီနာခရုဇ်မြို့၏ အရှေ့တောင်ဘက် ၅၄ km (၃၄ mi)၇၁.၀ km (၄၄.၁ mi)၅.၀
၁၅၈ စက်တင်ဘာ ၂၀၁၇၊ 13:24:1416°03′N 95°20′W / 16.05°N 95.33°W / 16.05; -95.33ဆလီနာခရုဇ်မြို့၏ အနောက်တောင်ဘက် ၂၀ km (၁၂ mi)၇၅.၀ km (၄၆.၆ mi)၅.၁
၁၆၈ စက်တင်ဘာ ၂၀၁၇၊ 13:57:2316°10′N 95°14′W / 16.17°N 95.24°W / 16.17; -95.24ဆလီနာခရုဇ်မြို့၏ အနောက်တောင်ဘက် ၆ km (၃.၇ mi)၆၅.၀ km (၄၀.၄ mi)၅.၂
၁၇၈ စက်တင်ဘာ ၂၀၁၇၊ 21:32:0715°05′N 94°20′W / 15.08°N 94.33°W / 15.08; -94.33တိုနာလာမြို့၏ အနောက်တောင်ဘက် ၁၂၇ km (၇၉ mi)၂၀.၀ km (၁၂.၄ mi)၅.၄
၁၈၈ စက်တင်ဘာ ၂၀၁၇၊ 22:08:1415°43′N 94°32′W / 15.71°N 94.54°W / 15.71; -94.54ဆလီနာခရုဇ်မြို့၏ အရှေ့တောင်ဘက် ၈၇ km (၅၄ mi)၁၆.၀ km (၉.၉ mi)၅.၃
၁၉၈ စက်တင်ဘာ ၂၀၁၇၊ 23:54:4814°44′N 94°15′W / 14.73°N 94.25°W / 14.73; -94.25ပီဂျီဂျီယာပန်မြို့၏ အနောက်တောင်ဘက် ၁၅၄ km (၉၆ mi)၂၀.၀ km (၁၂.၄ mi)၅.၆
၂၀၉ စက်တင်ဘာ ၂၀၁၇၊ 0:22:1615°31′N 94°51′W / 15.52°N 94.85°W / 15.52; -94.85ဆလီနာခရုဇ်မြို့၏ အရှေ့တောင်ဘက် ၈၂ km (၅၁ mi)၁၆.၀ km (၉.၉ mi)၅.၂
၂၁၉ စက်တင်ဘာ ၂၀၁၇၊1:24:2015°39′N 95°02′W / 15.65°N 95.04°W / 15.65; -95.04ဆလီနာခရုဇ်မြို့၏ အရှေ့တောင်ဘက် ၆၁ km (၃၈ mi)၁၇.၀ km (၁၀.၆ mi)၅.၀
၂၂၉ စက်တင်ဘာ ၂၀၁၇၊ 7:17:4015°47′N 94°56′W / 15.79°N 94.93°W / 15.79; -94.93ဆလီနာခရုဇ်မြို့၏ အရှေ့တောင်ဘက် ၅၂ km (၃၂ mi)၅၅.၀ km (၃၄.၂ mi)၅.၄
၂၃၉ စက်တင်ဘာ ၂၀၁၇၊ 10:30:0915°43′N 95°04′W / 15.71°N 95.06°W / 15.71; -95.06ဆလီနာခရုဇ်မြို့၏ အရှေ့တောင်ဘက် ၅၄ km (၃၄ mi)၂၆.၀ km (၁၆.၂ mi)၅.၀
၂၄၉ စက်တင်ဘာ ၂၀၁၇၊15:26:1615°39′N 94°55′W / 15.65°N 94.91°W / 15.65; -94.91ဆလီနာခရုဇ်မြို့၏ အရှေ့တောင်ဘက် ၆၆ km (၄၁ mi)၃၂.၀ km (၁၉.၉ mi)၅.၀
၂၅၉ စက်တင်ဘာ ၂၀၁၇၊ 22:07:2115°18′N 94°42′W / 15.30°N 94.70°W / 15.30; -94.70ဆလီနာခရုဇ်မြို့၏ အရှေ့တောင်ဘက် ၁၁၁ km (၆၉ mi)၁၅.၀ km (၉.၃ mi)၅.၈
၂၆၁၀ စက်တင်ဘာ ၂၀၁၇၊ 10:28:5015°13′N 94°34′W / 15.21°N 94.57°W / 15.21; -94.57ဆလီနာခရုဇ်မြို့၏ အရှေ့တောင်ဘက် ၁၂၇ km (၇၉ mi)၂၀.၀ km (၁၂.၄ mi)၅.၀
၂၇၁၁ စက်တင်ဘာ ၂၀၁၇၊ 9:55:5815°15′N 94°33′W / 15.25°N 94.55°W / 15.25; -94.55ဆလီနာခရုဇ်မြို့၏ အရှေ့တောင်ဘက် ၁၂၄ km (၇၇ mi)၁၆.၀ km (၉.၉ mi)၅.၂
၂၈၁၁ စက်တင်ဘာ ၂၀၁၇၊ 16:09:1315°03′N 94°14′W / 15.05°N 94.24°W / 15.05; -94.24တိုနာလာမြို့၏ အနောက်တောင်ဘက် ၁၄၀ km (၈၇ mi)၂၀.၀ km (၁၂.၄ mi)၅.၂
၂၉၁၁ စက်တင်ဘာ ၂၀၁၇၊ 20:12:3115°01′N 94°58′W / 15.02°N 94.96°W / 15.02; -94.96တိုနာလာမြို့၏ အနောက်တောင်ဘက် ၁၂၆ km (၇၈ mi)၃၄.၀ km (၂၁.၁ mi)၅.၆
၃၀၁၂ စက်တင်ဘာ ၂၀၁၇၊ 0:08:4515°01′N 93°59′W / 15.01°N 93.98°W / 15.01; -93.98ပီဂျီဂျီယာပန်မြို့၏ အနောက်တောင်ဘက် ၁၁၁ km (၆၉ mi)၁၃.၀ km (၈.၁ mi)၅.၃
၃၁၁၂ စက်တင်ဘာ ၂၀၁၇၊ 4:20:0115°32′N 95°04′W / 15.53°N 95.06°W / 15.53; -95.06ဆလီနာခရုဇ်မြို့၏ တောင်ဘက် ၇၃ km (၄၅ mi)၁၆.၀ km (၉.၉ mi)၅.၀
၃၂၁၂ စက်တင်ဘာ ၂၀၁၇၊ 15:07:3015°22′N 94°48′W / 15.37°N 94.80°W / 15.37; -94.80ဆလီနာခရုဇ်မြို့၏ အရှေ့တောင်ဘက် ၉၉ km (၆၂ mi)၁၆.၀ km (၉.၉ mi)၅.၀
၂၀၁၇ ချီယာပတ်စ် ငလျင်နှင့် နောက်ဆက်တွဲ ငလျင်များ
မဂ္ဂနီကျူဒ်အလိုက် ငလျင်များပြ ဂရပ်ပုံ
မဂ္ဂနီကျူဒ်အလိုက် ငလျင်များပြ ဂရပ်ပုံ 
ငလျင်မြေပုံ
Mw ၈.၀ ကျော်အတွက် အနီရောင်နှင့် Mw ၅.၀ ကျော်အတွက် လိမ္မော်ရောင်
ငလျင်မြေပုံ
Mw ၈.၀ ကျော်အတွက် အနီရောင်နှင့် Mw ၅.၀ ကျော်အတွက် လိမ္မော်ရောင် 
နောက်ဆက်တွဲငလျင် အရေအတွက်
နောက်ဆက်တွဲငလျင် အရေအတွက် 

ပျက်စီးမှုများ

ဂျူချီတန်ဒီဇာရာဂိုဇာမြို့ မြို့တော်ခန်းမ ပျက်စီးမှု
မြို့တော်ခန်းမ (၂၀၀၆ နိုဝင်ဘာ)
၈ စက်တင်ဘာ ၂၀၁၇ က တွေ့ရသော မြို့တော်ခန်းမ

ချီယာပတ်စ်ပြည်နယ်အတွင်းတွင် လူပေါင်း ၁.၅ သန်းခန့် ငလျင်ဒဏ်ခံခဲ့ရပြီး နေအိမ်ပေါင်း ၄၁,၀၀၀ ခန့် ပျက်စီးခဲ့သည်။[၂၂][၂၃] စိုက်ပျိုးရေး ဝန်ကြီး[၂၄] ဂျိုဆေး ကယ်ဇာဒါ[၂၄] က ငလျင်ကြောင့် အနည်းဆုံး လူ ၉၈ ဦး သေဆုံးခဲ့ကြောင်း အတည်ပြုပြောကြားခဲ့ပြီး၊ အော့ဆာကားပြည်နယ်တွင် ၇၈ ဦး၊ ချီယာပတ်စ်ပြည်နယ်တွင် ၁၆ ဦးနှင့် တာဘာစကိုပြည်နယ်တွင် ၄ ဦး ဖြစ်သည်။[၂၄] ပြည်ထဲရေး ဝန်ကြီးက ချီယာပတ်စ်ပြည်နယ်ရှိ ၁၂၂ မြို့ကို အရေးပေါ်အခြေအနေ ကြေညာခဲ့ပြီး[၂၅] မက္ကဆီကိုစစ်တပ်က သဘာဝဘေးအန္တရာယ် အကူအညီများ စေလွှတ်ခဲ့သည်။[၂၆] အန္တရာယ် ကင်းရှင်းရေး စစ်ဆေးနိုင်ရန်အတွက် ပြည်နယ် ၁၁ ခုရှိ ကျောင်းများကို စက်တင်ဘာ ၈ ရက်နေ့တွင် ပိတ်ထားခဲ့သည်။[၂၇] ဗယ်ရာခရုဇ်ပြည်နယ်တွင် ထိခိုက်ပျက်စီးမှုများ ရှိခဲ့ပြီး ယင်းပြည်နယ်သည် စက်တင်ဘာ ၉ ရက်နေ့တွင် ကာတီရာ ဟာရီကိန်းမုန်တိုင်း ဝင်ရောက်နိုင်သည်ဟု ခန့်မှန်းထားသည်။ အော့ဆာကာပြည်နယ်ရှိ ဂျူချီတန်ဒီဇာရာဂိုဇာမြို့သည် ငလျင်ဗဟိုနှင့် အနီးဆုံးဖြစ်ပြီး "အုတ်ပုံဘဝ ရောက်သွားကြောင်း" မြို့တော်ဝန်က ဆိုသည်။[၂၈]

ငလျင်ကြောင့် မက္ကဆီကိုစီးတီးရှိ အဆောက်အဦများ ယိမ်းခါခဲ့ပြီး မီးပျက်တောက်သွားမှုကြောင့် လူ ၁.၈ သန်းခန့် အမှောင်ကျခဲ့သည်။ မက္ကဆီကိုစီးတီး အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင်လည်း မှန်များ ကွဲကြေခဲ့သည်[၂၉]

ငလျင်ဗဟိုသည် မက္ကဆီကို-ဂွါတီမာလာ နယ်နမိတ်အနီးတွင် ဖြစ်သည့်အတွက် ငလျင်လှုပ်ခါမှုကို ဂွါတီမာလာစီးတီးတွင်လည်း ခံစားခဲ့ရကာ နိုင်ငံ၏ အနောက်တောင်ပိုင်းတွင် အဆောက်အဦများ ပျက်စီးမှုရှိခဲ့သည်ဟု သဘာဝဘေးအန္တရာယ် လျှော့ချရေး အမျိုးသား ပေါင်းစည်းညှိနှိုင်းရေးအဖွဲ့ (CONRED) ကဆိုသည်။ သမ္မတ ဂျင်မီ မိုရေး က ဂွါတီမာလာနိုင်ငံသားတစ်ဦး သေဆုံးခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။[၃၀]


တုံ့ပြန်မှုများ

အမေရိကန်ပြည်ထောင်စုရှိ ဟာဗေး ဟာရီကိန်းမုန်တိုင်းဒဏ်ခံဒေသများတွင် ကူညီရန် စေလွှတ်ထားသော မက္ကဆီကိုအဖွဲ့များကို ငလျင်ပြန်လည်ထူထောင်ရေးတွင် ဆောင်ရွက်ရန်အတွက် စက်တင်ဘာ ၁၁ ရက်နေ့က ပြန်လည်ခေါ်ယူခဲ့သည်။[၃၁]

ကိုးကား

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်မြန်မာနိုင်ငံနှစ်ဆန်းတစ်ရက်နေ့သင်္ကြန်မင်းအောင်လှိုင်လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)မေတ္တသုတ်ရှစ်ပါးသီလပရိတ်ကြီး ၁၁ သုတ်အောင်ဆန်းစုကြည်ကိုးပါးသီလအောင်ဆန်းအောင်လပဋ္ဌာန်းလွတ်လပ်ရေးကြေညာစာတမ်းမဟာသမယသုတ်ရတနသုတ်တပ်မတော် (ကြည်း)အော်ကာတပ်မတော်ဘုရားဂုဏ်တော်ဘာဂျာမှုတ်ခြင်းဂေါတမဗုဒ္ဓမြန်မာပိတောက်ငါးပါးသီလဥပုသ်ဒုတိယ ကမ္ဘာစစ်စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)ကျန်စစ်သားမိန်းမ မျိုးပွားအင်္ဂါဆယ်ပါးသီလမြန်မာနိုင်ငံရှိ မြို့များမင်္ဂလသုတ်သင်္ကြန်မိုးဂျပန်နိုင်ငံမထိုးသွင်းသော လိင်ဆက်ဆံခြင်းမြန်မာ သက္ကရာဇ်ပုဂံ