၂၀၁၇ မြန်မာ့လေတပ် စန်းရှီ ဝိုင်-၈ ပျက်ကျခြင်း

၇ ဇွန် ၂၀၁၇ တွင် တပ်မတော်(လေ)မှ စန်းရှီ ဝိုင်-၈ လေယာဉ်သည် မြိတ်မှ ရန်ကုန်သို့ ခရီးစဉ်၌ ပျက်ကျခဲ့သည်။ လေယာဉ်ပေါ်ပါ လူ ၁၂၂ ဦး ဖြစ်သည်။ လေယာဉ်၏ အပိုင်းအစများကို ရေတပ်သင်္ဘောက ထားဝယ်အလွန် ရေမိုင် ၁၁၈ (၂၁၈ ကီလိုမီတာ)၌ တွေ့ရသည်ဟု သတင်းပို့သည်။ မြန်မာ့ လေကြောင်းပျံသန်းမှု သမိုင်းတွင် အဆိုးဝါးဆုံး မတော်တဆ ဖြစ်ရပ် ဖြစ်သည်။

၂၀၁၇ မြန်မာ့လေတပ် စန်းရှီ ဝိုင်-၈ ပျက်ကျခြင်း
Photograph of a Myanmar Air Force Shaanxi Y-8
၂၀၁၇ မြန်မာ့လေတပ်၏ စန်းရှီ ဝိုင်-၈
အကျဉ်းချုပ်
ရက်စွဲ၇ ဇွန် ၂၀၁၇ (၂၀၁၇-၀၆-၀၇)
အကျဉ်းချုပ်လေယာဉ် ပျက်ကျ
အရပ်ဒေသထားဝယ်၊ မြန်မာ။
ခရီးသည်များ၁၀၈
လေယာဉ်အဖွဲ့ဝင်၁၄
သေဆုံး၁၂၂
လေယာဉ် အမျိုးအစားShaanxi Y-8F-200
မောင်းနှင်သူတပ်မတော် (လေ)
မှတ်ပုံတင်ခြင်း5820
မူလ ပျံသန်းရာမြိတ် လေဆိပ်မြိတ်မြို့
ရောက်ရှိမည့်အရပ်ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ရန်ကုန်မြို့

လေယာဉ်

ဖြစ်စဉ်ပါ လေယာဉ်သည် တပ်မတော် (လေ)၊ အမှတ်စဉ် ၅၈၂၀ စန်းရှီ ဝိုင်-၈ တစ်စီး ဖြစ်သည်။[၁] ၂၀၁၆ မတ်လတွင် ရောက်ရှိလာပြီး၊ ပျောက်ဆုံးချိန်ထိ ၈၀၆ နာရီပေါင်း ပျံသန်းခဲ့ပြီး ဖြစ်သည်။

ခရီးသည်နှင့် ဝန်ထမ်း

ဝန်ထမ်း

လေယာဉ်မှူးကြီးမှာ ဒုတိယဗိုလ်မှူးကြီး ငြိမ်းချမ်းနှင့် တွဲဘက်လေယာဉ်မှူးမှာ ဒုတိယဗိုလ်မှူးကြီး စိုးသူဝင်းနှင့် ဗိုလ်မှူး သန့်ဇင်ဌေးတို့ ဖြစ်သည်။ လေယာဉ်အမှုထမ်းပေါင်း ၁၄ ဦး ဖြစ်သည်။[၂]

ခရီးသည်

လေယာဉ်သည် ထားဝယ် လေတပ်စခန်းနှင် အဆက်အသွယ် ပြတ်တောက်သွားချိန်တွင် လေယာဉ်ပေါ်၌ ကလေး ၁၅ ယောက် အပါအဝင်၊ စစ်သည်ဝန်ထမ်းနှင့် မိသားစု ၁၀၈ ဦး ရှိနေသည်။ အရာရှိ ၆ ဦးနှင့် စစ်သည် ၂၉ ဦး လည်း လေယာဉ်ပေါ် ရှိနေခဲ့သည်။[၃]

ပျောက်ဆုံးခြင်း

မြိတ်
အဆက်အသွယ်ပြတ်
ရန်ကုန်
မြိတ်လေဆိပ်၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် အဆက်အသွယ်ပြတ်တောက်သွားသည့် နေရာများပြ မြေပုံ

လေယာဉ်သည် မြိတ်မှ ရန်ကုန်သို့ ပျံသန်းစဉ် ဖြစ်သည်။ လေယာဉ် အမှုထမ်း ၁၄ ဦး၊ ခရီးသည် ၁၀၈ ဦး ပါပြီး၊ ယင်းတို့မှာ ကလေး ၁၅ ဦး၊ စစ်ဘက် ၃၅ ဦးနှင့် မှီခိုသူ ၅၈ ဦးတို့ကို တင်ဆောင်သွားသည်။[၄][၅] ကုန်ချိန် ၂.၄ တန်ကိုလည်း တင်ဆောင်ထားသည်။ လေယာဉ်သည် ရန်ကုန်သွားရန် မြိတ်မှ စံတော်ချိန် ၁၃:၀၆ တွင် ထွက်ခွာသည်။[၆] ၁၃:၃၅ တွင် ထားဝယ်နှင့် ရေမိုင် ၂၀ အကွာ (၃၇ ကီလိုမီတာ) (13°48′N 98°02′E)၌ အဆက်အသွယ် ပြတ်တောက်သွားသည်။[၇] ထိုစဉ်က လေယာဉ်သည် ပေ ၁၈,၀၀၀ (၅,၅၀၀ မီတာ) အမြင့်၌ ပျံသန်းနေသည်။ ရှာဖွေကယ်‌ဆယ်ရေးကို ကပ္ပလီပင်လယ်၌ စေလွှတ်ခဲ့သည်။[၈] အမည်မဖော်လိုသူ တဦးက ရာသီဥတုသည် လေယာဉ် ပျောက်ဆုံးရသည့် အကြောင်းရင်းတခု မဖြစ်နိုင်ဟု ထင်ကြောင်း ပြောသည်။[၉] အရေးပေါ် အချက်ပြကိုလည်း လေယာဉ်ထံမှ မရရှိခဲ့ပေ။[၁၀]

ရှာဖွေခြင်း

တပ်မ‌တော်ရေတပ်သင်္ဘော ကိုးစင်း၊ တပ်လေယာဉ်နှင့် ရဟတ်ယာဉ် သုံးစီးကို ပို့လွှတ်၍ ကူရှာစေသည်။[၁၁] လေယာဉ်မှ အပျက်အစီးအပိုင်းအစများကို ထားဝယ်အလွန် ရေမိုင် ၁၁၈ (၂၁၈ ကီလိုမီတာ) ၌ တပ်မတော် ရေတပ်သင်္ဘောက တွေ့ရှိခဲ့သည်။[၁၂] ဇွန် ၈ ရက်အထိ၊ အလောင်း ၂၉ လောင်း တွေ့ကြောင်း သတင်းပို့သည်။[၁၃] လေယာဉ်အစိတ်အပိုင်းများ ၎င်းနေရာ၌ အနှံ့အပြား၌ ပျံ့ကျဲနေခြင်းက ‌ညွှန်ပြနေသည်မှာ အမြင့်၌ ပျံသန်းစဉ် လေယာဉ်သည် ပေါက်ကွဲမှုကို ခံခဲ့ရသည်ဟုဆိုသည်။ မုန်တိုင်းကြောင့် ရှာဖွေကယ်ဆယ်ရေး နှောင့်နှေးခဲ့သည်။ ရှင်ကျန်သူများကို ရှာဖွေရန် မျှော်လင့်ချက်များ မှေးမှိန်လာပြီဟု ဇွန် ၉ ရက်တွင် ဖော်ပြခဲ့သည်။ နောက်တွင် ရှင်ကျန်သူ မရှိကြောင်း ဖော်ပြလာသည်။[၇]

ယင်းဖြစ်ရပ်သည် ၁၉၈၇ ခုနှစ် ဖော်ကာ အက်ဖ် ၂၇ ပျက်ကျမှုတွင် လူ ၄၉ ဦး သေဆုံးရသည့်ထက် ကျော်လွန်ပြီး၊ မြန်မာ့လေကြောင်း ပျံသန်းမှု သမိုင်းတွင် အသေအပျောက် အများဆုံး မတော်တဆ ဖြစ်ရပ် ဖြစ်သည်။[၁၄]

ကူညီရှာဖွေပေးလျက်ရှိသော ငါးဖမ်းစက်လှေတစ်စီးသည် ထားဝယ်မြင်းခွာအော်အနီးတွင် လေယာဉ်အမြီးပိုင်းကို ဇွန်လ ၁၅ ရက်တွင် တွေ့ရှိခဲ့သည်။[၁၅]

ကိုးကား

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်မြန်မာနိုင်ငံနှစ်ဆန်းတစ်ရက်နေ့သင်္ကြန်မင်းအောင်လှိုင်လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)မေတ္တသုတ်ရှစ်ပါးသီလပရိတ်ကြီး ၁၁ သုတ်အောင်ဆန်းစုကြည်ကိုးပါးသီလအောင်ဆန်းအောင်လပဋ္ဌာန်းလွတ်လပ်ရေးကြေညာစာတမ်းမဟာသမယသုတ်ရတနသုတ်တပ်မတော် (ကြည်း)အော်ကာတပ်မတော်ဘုရားဂုဏ်တော်ဘာဂျာမှုတ်ခြင်းဂေါတမဗုဒ္ဓမြန်မာပိတောက်ငါးပါးသီလဥပုသ်ဒုတိယ ကမ္ဘာစစ်စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)ကျန်စစ်သားမိန်းမ မျိုးပွားအင်္ဂါဆယ်ပါးသီလမြန်မာနိုင်ငံရှိ မြို့များမင်္ဂလသုတ်သင်္ကြန်မိုးဂျပန်နိုင်ငံမထိုးသွင်းသော လိင်ဆက်ဆံခြင်းမြန်မာ သက္ကရာဇ်ပုဂံ