ဝီကီပီးဒီးယား

အခမဲ့ လွတ်လပ် စွယ်စုံကျမ်း

ဝီကီပီးဒီးယား ဆိုသည်မှာ အမေရိကန်ပြည်ထောင်စု အခြေစိုက် ပရဟိတ အဖွဲ့အစည်း ဝီကီမီဒီယာဖောင်ဒေးရှင်းမှ ဦးဆောင်လှုပ်ရှားနေသော ဘာသာစုံနှင့် အကြောင်းအရာမျိုးစုံပါဝင်သည့် အခမဲ့ အင်တာနက် စွယ်စုံကျမ်း ပရောဂျက်တစ်ခုဖြစ်သည်။ ဝီကီပီးဒီးယား ဆိုသောအမည်မှာ လူအများပူးပေါင်းပါဝင်ရေးသားနိုင်သော ဝက်ဘ်ဆိုဒ်နည်းပညာဖြစ်သည့် ဝီကီ (ဟာဝေယံစကားဖြစ်ပြီး မြန်မြန်ဟု အဓိပ္ပာယ်ရသည်။)နှင့် စွယ်စုံကျမ်းဟု အဓိပ္ပာယ်ရသော အင်ဆိုင်ကလိုပိဒိယ ဟူသော အင်္ဂလိပ်စကားလုံးတို့ကို ပေါင်းစပ်ထားခြင်းဖြစ်သည်။ ဂျင်မီဝေး နှင့် လာရီဆန်ဂါ တို့က ၂၀၀၁ ခုနှစ် ဇန်နဝါရီ ၁၅ ရက်နေ့တွင် စတင်ခဲ့ပြီး ဘာသာစကားမျိုးစုံတို့မှ လူတို့၏ ဗဟုသုတများကို အကျဉ်းရုံး စုစည်းရန် ရည်ရွယ်ခဲ့ခြင်းဖြစ်သည်။

ဝီကီပီးဒီးယား
A white sphere made of large jigsaw pieces, with letters from several alphabets shown on the pieces
Wikipedia wordmark
ဝီကီပီးဒီးယား လိုဂို
အင်္ဂလိပ်ဘာသာ ဝီကီပီးဒီးယား၏ ပင်မစာမျက်နှာ
အင်္ဂလိပ်ဘာသာ ဝီကီပီးဒီးယား၏ ပင်မစာမျက်နှာ
ဝဘ်ဆိုဒ် အမျိုးအစား
အင်တာနက် စွယ်စုံကျမ်း
ဖတ်ရှုရရှိနိုင်မှုဘာသာစကား ၂၈၇ မျိုး[၁]
ပိုင်ဆိုင်သူဝီကီမီဒီယာ ဖောင်ဒေးရှင်း
ဖန်တီးသူဂျင်မီဝေးလာရီဆန်ဂါ[၂]
ဝဘ်ဆိုဒ်wikipedia.org
Alexa အဆင့်[၃](ဧပြီ ၂၀၁၅)
စီးပွားရေးမဟုတ်
မှတ်ပုံတင်ခြင်းOptional[notes ၁]
အသုံးပြုသူတက်ကြွသည့် တည်းဖြတ်သူများ ၇၂,၅၉၂ ဦး(မေ ၂၀၁၅)[၄] စုစုပေါင်းအသုံးပြုသူ ၁၁၉၉၄၅
အသုံးပြုထားသည့် ပရိုဂရမ်းမင်းPHP[၅]

ဝီကီပီးဒီးယားတွင် ဘာသာစကား (၂၈၈)မျိုးဖြင့်ရေးသားထားသော ဆောင်းပါးပေါင်း ၃၅ သန်းကျော်ရှိနေပြီဖြစ်သည်။[၆] ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလအထိ ဝင်ရောက်ကြည့်ရှုသည့်အကြိမ်ပေါင်း ၁၈ ဘီလီယံ ခန့်ရှိကာ၊ လစဉ် ဝင်ရောက်ဖတ်ရှုသူ သန်းငါးရာခန့်ရှိသည်။[၇] တစ်ကမ္ဘာလုံးအနေဖြင့်ဆိုလျှင် ဝီကီပီးဒီးယား အသုံးပြုသူ အကောင့်ပေါင်း ၁၉ သန်းခန့်ဖြစ်ကာ[၈] ၂၀၁၄ ခုနှစ် နိုဝင်ဘာလ စာရင်းများအရ တက်ကြွသည့် တည်းဖြတ်သူပေါင်း ၆၉,၀၀၀ ခန့်ရှိသည်။[၄]


ကိုးကား

ပြင်ပလင့်ခ်များ


🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်မြန်မာနိုင်ငံနှစ်ဆန်းတစ်ရက်နေ့သင်္ကြန်မင်းအောင်လှိုင်လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)မေတ္တသုတ်ရှစ်ပါးသီလပရိတ်ကြီး ၁၁ သုတ်အောင်ဆန်းစုကြည်ကိုးပါးသီလအောင်ဆန်းအောင်လပဋ္ဌာန်းလွတ်လပ်ရေးကြေညာစာတမ်းမဟာသမယသုတ်ရတနသုတ်တပ်မတော် (ကြည်း)အော်ကာတပ်မတော်ဘုရားဂုဏ်တော်ဘာဂျာမှုတ်ခြင်းဂေါတမဗုဒ္ဓမြန်မာပိတောက်ငါးပါးသီလဥပုသ်ဒုတိယ ကမ္ဘာစစ်စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)ကျန်စစ်သားမိန်းမ မျိုးပွားအင်္ဂါဆယ်ပါးသီလမြန်မာနိုင်ငံရှိ မြို့များမင်္ဂလသုတ်သင်္ကြန်မိုးဂျပန်နိုင်ငံမထိုးသွင်းသော လိင်ဆက်ဆံခြင်းမြန်မာ သက္ကရာဇ်ပုဂံ