ကာဘိုဟိုက်ဒရိတ်

ကာဗွန်၊ ဟိုက်ဒရိုဂျင်နှင့် အောက်ဆီဂျင်တို့သာ ပါဝင်သော အော်ဂဲနစ်ဒြပ်ပေါင်း

ကာဘိုဟိုက်ဒြိတ် (ခေါ်) သကြားနွယ် မော်လီကျူး (Carbohydrate)များသည် ကာဗွန်(Carbon)နှင့် ရေ(Water)ဓာတ် အဓိကပါဝင်သည့် ဒြပ်ပေါင်းအမျိုးမျိုး အုပ်စုကြီးတစ်စုအဖြစ် ပါဝင်တည်ရှိသော သက်ရှိနွယ် ဒြပ်ပေါင်း အစိတ်အပိုင်းများဖြစ်ပြီး သက်ရှိတို့က လှုပ်ရှားရှင်သန်ရေးအတွက် ၎င်းမော်လီကျူးများကို ကိုယ်တွင်းဖြိုခွဲရာမှ ထွက်ပေါ်သော စွမ်းအင်တို့ကို အသုံးပြု အသက်ဆက်ကြသည်။

လက်တို့စ် မော်လီကျူးပုံ

ကာဗိုဟိုက်ဒြိတ်သည် ခန္ဓာကိုယ် ပူနွေးနေစေရန်လည်း အပူဓာတ်ကိုလည်း ပေးလေရာ အေးသော တိုင်းပြည်တွင် နေထိုင်သူများသည် အပူဓာတ်ပေးနိုင်သည့် ကာဗိုဟိုက်ဒြိတ် များကဲသော အစာများနှင့် အဆီ(en:fats)များသော အစာများကို လုံလောက်စွာ စားသွင်းပေးရတတ်သည်။ ဇီဝကလာပ်ပြု ဒြပ်ပေါင်းများ ဖြစ်၍ သစ်ပင်တို့ကမူ အလင်းမှီအစာဖွဲ့မှုဖြင့် ရေနှင့်ကာဗွန်မှ ၎င်းတို့ကိုယ်တိုင် ကာဗိုဟိုက်ဒြိတ် ထုတ်လုပ်၍ အာဟာရအဖြစ် မှီဝဲကြရသည်။ ကာဘိုဟိုက်ဒြိတ်သည် ကိုယ်တွင်း လောင်စာ အဟာရဖြစ်သည်။ သကြား၊ ကစီကော်များသည် ကာဘိုဟိုက်ဒြိတ် အမျိုးမျိုးထဲ၌ ပါဝင်သည်။ အာလူးဂျုံဆန်တို့တွင် ၎င်းတို့ အချိုးအစားများများ ပါရှိသည်။[၁]

အဆီနှင့် နှိုင်းစာလျှင် ကာဘိုဟိုက်ဒြိတ်မှာ အဆီ၏ တဝက်ခန့်မျှသာ ဓာတုစွမ်းအင် သိုလှောင်နိုင်စွမ်းသည်။ ကာဗိုဟိုက်ဒြိတ် တစ်ပေါင်လျှင် အပူစွမ်းအင် ကယ်လိုရီ ၁,၈၂၀ ခန့် အောင်းဝင်ပါရှိ၍ အဆီတစ်ပေါင်လျှင် ကယ်လိုရီ ၄,၀၈၀ မျှပင် ပါရှိသည်။

ကယ်လိုရီ (အပူဧကမူ) ဆိုသည်မှာ ကိုယ်ခန္ဓာကို အပူစွမ်းအင်၏ ယူနစ် ဖြစ်သည်။ လူတို့ သွားလာနေထိုင် လှုပ်ရှားမှုအတွက် အင်အားလည်းဖြစ်စေ၍ အရွယ်အလိုက် တစ်နေ့လျှင် အပူစွမ်းအင် မည်မျှလိုအပ်သည်ဟု ကယ်လိုရီဖြင့် တိုင်းဆ၍ ပြောဆိုကြသည်။ ၁၂ - ၁၃ နှစ်အရွယ် ယောက်ျားလေး တစ်ယောက်သည် ကယ်လိုရီ ၂၃၀၀ - ၂၇၀၀ မျှ နေ့စဉ်လိုအပ်၍ မိန်းကလေးမှာ ကယ်လိုရီ ၁၈၀၀ - ၂၁၅၀ ခန့် လိုသည်။ ထို့ထက် တစ်နှစ်မျှကြီးသော ယောက်ျားလေး တစ်ယောက်သည် ကယ်လိုရီ ၂၅၀၀ မှ ၂၉၀၀ အထိ လိုအပ်၍ မိန်းကလေးမှာ ကယ်လိုရီ ၁၉၅၀ မှ ၂၂၅၀ အထိ လိုလေသည်။ ယောက်ျားကြီးများမှာ သူတို့၏ လှုပ်ရှားသွားလာမှု အနည်းအများအလိုက် ကယ်လိုရီ ၂၅၀၀ မှ ၄၅၀၀ အထိ လို၍ အမျိုးသမီးများမှာ ကယ်လိုရီ ၂၁၀၀ မှ ၃၀၀၀ အထိ နေ့စဉ် လိုအပ်သည်။

ကာဘိုဟိုက်ဒြိတ် ပါသော အစားအစာများတွင် အာလူး၊ ပေါင်မုန့်ပြောင်းဖူး၊ ဆန်၊ သကြား၊ ငှက်ပျောသီး၊ လိမ္မော်သီး၊ ပန်းသီး၊ ခရမ်းချဉ်သီး၊ ဆီးသီး၊ မုန်လာဥဝါ၊ ပဲနှင့် ဟင်းသီးဟင်းရွက်များ ပါဝင်သည်။ အစားအစာများကို စားသောက်သောအခါ အစာအိမ်နှင့် အူမကြီးအတွင်းသို့ ရောက်လျှင် မော်လီကျူးများကို ဖြိုခွဲခြင်းဖြင့် ရရှိလာသော ကာဗိုဟိုက်ဒရိတ် စသည့် မော်လီကျူးများ သွေးကြောများထဲသို့ ရောက်ရှိသည်။ ထိုသို့သော မော်လီကျူးများမှ ဆက်လက်ဖြိုခွဲ ထုတ်ယူဖွယ်သော စွမ်းအင်ကို သက်ရှိများက အသက်ဆက်ရေး ဆောင်တာအဖုံဖုံတွင် သုံးရသည်။

စွမ်းအင် မရှိဘဲ ဆက်လက်အသက်ရှင်မှုကို မပြုလုပ်နိုင်ချေ။ တိရစ္ဆာန်များ၌လျှင် သွားလာလှုပ်ရှားမှုအတွက်သာမက အစာချေခြင်းအသက်ရှူခြင်း၊ သွေးလှည့်ပတ်ခြင်း စသည့် သတိမဲ့ ရှင်သန်မှုမျိုးစုံ ပြုလုပ်ရန် စွမ်းအင်ကို သုံးရသည်။

ခန္ဓာကိုယ်ကြီး လှုပ်ရှားမှုများလေ စွမ်းအင်ကို လိုလေဖြစ်သဖြင့် ကလေးထက် လူကြီးမှာ ပိုမို စားသောက်ရသည်။ လှုပ်ရှားမှု ပိုမိုများပြား၍ အရွက်တက်နေသော လူငယ်လူရွယ်များမှာ ကလေးလူကြီး များထက် အစားအစာ ပိုမို စားသောက်နိုင်ကြသည်။ ကာဘိုဟိုက်ဒရိတ်သည် ခန္ဓာကိုယ်ကြီး ပူနွေးနေစေရန်လည်း အပူဓာတ်ကို ပေးလေရာ၊ အေးသောတိုင်းပြည်တွင် နေထိုင်သူများသည် အပူဓာတ်ပေးနိုင်သည့် ကာဘိုဟိုက်ဒရိတ်ပါသော အစာများနှင့် အဆီများသော အစာများကို များစွာ စားသောက်ပေးရန် လိုအပ်ပေသည်။

ကာဘိုဟိုက်ဒရိတ်ပါသော အစားအစာများတွင် အာလူး၊ ပေါင်မုန့်၊ ပြောင်းဖူး၊ ဆန်၊ သကြား၊ ငှက်ပျောသီး၊ လိမ်မော်သီး၊ ပန်းသီး၊ ခရမ်းချဉ်သီး၊ ဆီးသီး၊ မုန်လာဥဝါ၊ ပဲနှင့် ဟင်းသီးဟင်းရွက်မျာ ပါဝင်သည်။ အစားအစာများကို ကျွန်ုပ်တို့ စားသောက်လိုက်သောအခါ အစာအိမ်အတွင်းသို့ ရောက်သွားလျှင် အစာကြေ ချက်ခြင်းဖြင့် ကာဘိုဟိုက်ဒရိတ် စသည့်ဓာတ်များ ဖြစ်လာစေသည်။ ထိုသို့ ဓာတ်များ ဖြစ်လာ သောအခါ ကိုယ်ခန္ဓာကြီးပွား အားရှိလာရန် ဆောင်ရွက်ပေးကြသည်။ ဖော်ပြခဲ့သော အစားအစာများထဲတွင် သကြားသည် ကြွက်သားများ သန်စွမ်းရေးအတွက် အထူးအားပေးသည်။[၂]

ကိုးကား

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်မြန်မာနိုင်ငံနှစ်ဆန်းတစ်ရက်နေ့သင်္ကြန်မင်းအောင်လှိုင်လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)မေတ္တသုတ်ရှစ်ပါးသီလပရိတ်ကြီး ၁၁ သုတ်အောင်ဆန်းစုကြည်ကိုးပါးသီလအောင်ဆန်းအောင်လပဋ္ဌာန်းလွတ်လပ်ရေးကြေညာစာတမ်းမဟာသမယသုတ်ရတနသုတ်တပ်မတော် (ကြည်း)အော်ကာတပ်မတော်ဘုရားဂုဏ်တော်ဘာဂျာမှုတ်ခြင်းဂေါတမဗုဒ္ဓမြန်မာပိတောက်ငါးပါးသီလဥပုသ်ဒုတိယ ကမ္ဘာစစ်စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)ကျန်စစ်သားမိန်းမ မျိုးပွားအင်္ဂါဆယ်ပါးသီလမြန်မာနိုင်ငံရှိ မြို့များမင်္ဂလသုတ်သင်္ကြန်မိုးဂျပန်နိုင်ငံမထိုးသွင်းသော လိင်ဆက်ဆံခြင်းမြန်မာ သက္ကရာဇ်ပုဂံ