ကူကီး-ချင်းနွယ် ဘာသာစကားများ

ကူကီး-ချင်းဘာသာစကားများ (ကူကီး-ချင်း-မီဇို၊ ကူးကစ်ရှ် သို့မဟုတ် တောင်-အလယ်ပိုင်း တိဗက်-ဗမာနွယ် ဘာသာစကားများ) သည် အိန္ဒိယအရှေ့မြောက်ပိုင်း၊ မြန်မာအနောက်ပိုင်းနှင့် ဘင်္ဂလားဒေ့ရှ် အရှေ့တောင်ပိုင်းတို့တွင် ပြောဆိုသော တရုတ်-တိဗက်ဘာသာစကား ၅၀ သို့မဟုတ် အကိုင်းအခက်ဖြစ်သည်။ ဤဘာသာစကားများ၏ ပြောဆိုသူအများစုကို မီဇိုရမ်ပြည်နယ်နှင့် မဏိပူရပြည်နယ်တို့တွင် မီဇို၊ အာသံဘာသာစကားနှင့် ဘင်္ဂါလီဘာသာစကားတွင် ကူကီးနှင့် မြန်မာဘာသာစကားတွင် ချင်းဟု ခေါ်ကြသည်။ မီဇိုသည် ကူကီး-ချင်းဘာသာစကားတွင် အကျယ်ပြန့်ဆုံး ပြောဆိုသောဘာသာစကားဖြစ်သည်။

ကူကီး-ချင်း
ကူကီး-ချင်း-မီဇို၊ ကူးကစ်ရှ်
လူမျိုး:မီဇိုလူမျိုးကူကီးလူမျိုး၊ ဇိုလူမျိုး၊ ချင်းလူမျိုးနာဂလူမျိုး
ဒေသအလိုက်
ပျံ့နှံ့မှု:
အိန္ဒိယနိုင်ငံမြန်မာနိုင်ငံဘင်္ဂလားဒေ့ရှ်နိုင်ငံ
ခွဲခြားမှု:တရုတ်-တိဗက်နွယ်
အခွဲများ:
  • အရှေ့မြောက် ကူကီး-ချင်းနွယ် ဘာသာစကားများ
  • မြောက် ကူကီး-ချင်းနွယ် ဘာသာစကားများ
  • အလယ် ကူကီး-ချင်းနွယ် ဘာသာစကားများ
  • မာရာနွယ် ဘာသာစကားများ
  • တောင် ကူကီး-ချင်းနွယ် ဘာသာစကားများ
  • ခူမီးနွယ် ဘာသာစကားများ
Glottolog:kuki1246  (Kuki-Chin)[၁]

ကူကီး-ချင်းဘာသာစကား အများစုကို မြန်မာနိုင်ငံချင်းပြည်နယ် အနှံ့အပြားတွင် ပြောဆိုကြပြီး စစ်ကိုင်းတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တွင်လည်း ဘာသာစကားအချို့ ပြောဆိုကြသည်။ အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းတွင် မြောက်ဘက် ကူကီး-ချင်းဘာသာစကား အများအပြားကို အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်နှင့် မဏိပူရပြည်နယ်၊ အထူးသဖြင့် ချူရာချန်ဒ်ပူရ်ခရိုင်၊ ဖဲရ်ဇောလ်ခရိုင်၊ ကန်ပေါ့်ပီးခရိုင်၊ ဆယ်နာပါတခရိုင်တို့တွင်လည်း ပြောဆိုကြသည်။ အနောက်မြောက်ပိုင်း ကူကီး-ချင်းဘာသာစကားများကို မဏိပူရ ချန်ဒဲလ်ခရိုင်တွင် အများအားဖြင့် ပြောဆိုကြသည်။

ကိုးကား


🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်မြန်မာနိုင်ငံနှစ်ဆန်းတစ်ရက်နေ့သင်္ကြန်မင်းအောင်လှိုင်လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)မေတ္တသုတ်ရှစ်ပါးသီလပရိတ်ကြီး ၁၁ သုတ်အောင်ဆန်းစုကြည်ကိုးပါးသီလအောင်ဆန်းအောင်လပဋ္ဌာန်းလွတ်လပ်ရေးကြေညာစာတမ်းမဟာသမယသုတ်ရတနသုတ်တပ်မတော် (ကြည်း)အော်ကာတပ်မတော်ဘုရားဂုဏ်တော်ဘာဂျာမှုတ်ခြင်းဂေါတမဗုဒ္ဓမြန်မာပိတောက်ငါးပါးသီလဥပုသ်ဒုတိယ ကမ္ဘာစစ်စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)ကျန်စစ်သားမိန်းမ မျိုးပွားအင်္ဂါဆယ်ပါးသီလမြန်မာနိုင်ငံရှိ မြို့များမင်္ဂလသုတ်သင်္ကြန်မိုးဂျပန်နိုင်ငံမထိုးသွင်းသော လိင်ဆက်ဆံခြင်းမြန်မာ သက္ကရာဇ်ပုဂံ