ကွမ်းရွက်ပင်

Piper betle
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက:Plantae
Clade:Angiosperms
Clade:Magnoliids
မျိုးစဉ်:Piperales
မျိုးရင်း:Piperaceae
မျိုးရင်းသေး:Piperoideae
မျိုးစု:Piper
မျိုးစိတ်:
P. betle
ဒွိနာမ
Piper betle

ပေါက်ရောက်ပုံ

မြန်မာ နိုင်ငံ အနှံ အပြားတွင် ပေါက်ရောက်သည်။ စိုက်ပျိုးပင် ဖြစ်သည်။

အသုံးပြုပုံ

ကွမ်းရွက် ညှစ်၍ ရသော သတ္တုနှင့် ဂျင်းပြုတ်ရည်၊ ဆားအနည်းငယ်နှင့် တိုက်ကျွေး‌‌ပါက ပန်းနာ ရင်ကျပ်၊ ရင်အောင့် ရင်ကယ်၊ ကြက်ညှာ ချောင်းဆိုး ရောဂါများ ပျောက်၏။ ကလေးများ လေပွခြင်း၊ အစာ မကြေဖြစ်ခြင်း၊ ဝမ်းသွားခြင်း၊ ဖျားနာခြင်းများ၌ ကွမ်းရွက် သတ္တုရည်နှင့် ပျားရည်များ ရော၍ တိုက်ကျွေးလျှင် ပျောက်ကင်း နိုင်၏။ အဖျားကြောင့် ဖြစ်သော ခေါင်းကိုက် ရောဂါများ၌ ကွမ်းရွက် မျက်စဉ်းအဖြစ် ခတ်ပေးနိုင်သည်။ မျက်စိပူခြင်း၊ ယားခြင်း၊ နာခြင်းများတွင် ကွမ်းရွက်ကို မျက်လုံး ပေါ်တွင် ကပ်ပေးနိုင်သည်။ ဗိုင်းရပ်စ် ပိုးကြောင့် ဖြစ်သော အဖျား၊ လည်ချောင်းနာ ရောဂါများကို ပျောက်ကင်း စေနိုင်သည်။ သွေးတိုး ရောဂါတွင် သွေးတက်သည့် အခါ ချက်ချင်း ကျစေရန် ကွမ်းရွက် သတ္တုရည်ကို ညှစ်၍ တိုက်‌‌ကျွေး‌‌နိုင်သည်။

ပုံပမ်း သွင်ပြင်

ကပ်ပါး နွယ်ပင်မျိုး ဖြစ်သည်။ ပင်စည်လုံး သေးသွယ် ပြောင်ချောသည်။ အမြစ်များ ထွက်နေသော ထစ်ဖုများ ရှိသည်။ တစ်ခါ တစ်ရံ ဂလင်းများ ပါရှိသည်။ မွှေးသော အနံ့ရှိသည်။ ကွမ်းပင်တွင် အနုစား၊ အလတ်စား၊ အကြမ်းစား၊ အရိုင်းစား ဟူ၍ ၄ မျိုးခန့် ခွဲထားသည်။ ရွက်လွှဲ ထွက်သည်။ နှလုံးပုံ ရှိ၍ ရွက်ထိပ်ချွန်ပြီး ရွက်ရင်းရှိ အဝိုက်များ ညီညာသည်။ ရွက်ညှာ ရှည်၍ အလယ်တွင် မြောင်းပါရှိ၏။ ပန်းပွင့် အလွန် သေးငယ်သည်။ ဖိုမ သီးသန့် ရှိသည်။ ပန်းခိုင်များသည် အရွက်နှင့် မျက်နှာချင်းဆိုင် ထွက်၏။ အဖို ပန်းခိုင်သည် ပို၍ သေးသည်။ အသီးသည် အလွန် သေးငယ်သည်။ လုံးဝိုင်း၍ တစ်စေ့သီး ဖြစ်သည်။

အသုံးဝင်သောအပိုင်း

အရွက်

Betle Vine (ကွမ်း)

  • Botany Term : Piper bettle Linn
  • Species/Family : Piperaceae


ပုံသဏ္ဌာန် : အပင်- နွယ်ပင်မျိုးဖြစ်သည်။ ပင်စည်လုံး သေးသွယ်ပြောင်ချော၍ အမြစ်များ ထွက်နေသော ဆစ်ဖုများ ရှိသည်။ တစ်ခါတစ်ရံ ဂလင်း များပါရှိသည်။ မွှေးသော အနံ့ရှိသည်။ ပူစပ်သောအရသာရှိသည်။ ကွမ်းပင်တွင် အနုစား ၊ အလတ်စား ၊ အကြမ်းစား ၊ အရိုင်းစား ဟူ၍ ၄ မျိုးခန့်ခွဲထားသည်။အရွက်- ရွက်လွှဲထွက်သည်။ နှလုံးပုံရှိ၍ ရွက်ထိပ်ချွန်ပြီး ရွက်ရင်း ရှိ အဝိုက်များ ညီညာသည်။ အရွက်ပေါ်မျက်နှာပြင်ပြောင်ချောသည်။ ရွက်ကြောထင်ရှား၍ ရွက်နားညီသည်။ ရွက်ညှာရှည်၍ အလယ်တွင် မြောင်းပါရှိ၏။အပွင့်- ပန်းပွင့် အလွန်သေးငယ်သည်။ အဖို ၊ အမ သီးသန့် ရှိသည်။ ပန်းခိုင် များသည် အရွက်နှင့် မျက်နှာချင်းဆိုင်ထွက်သည်။ အဖိုပန်းခိုင်သည် ပို၍ သေးသည်။အသီး-အညှာတံတစ်ချောင်း ပိတ်ချင်သီးကဲ့သို့ စုပေါင်း၍ သီးပြီး ရှည်မျောမျော ပုံသဏ္ဌာန်ရှိသည်။အသုံးပြုနိုင်သည့်အစိတ်အပိုင်းများ : အရွက်။မြန်မာနိုင်ငံတွင်တွေ့နိုင်သောနေရာများ : မြန်မာနိုင်ငံ နေရာအနှံ့အပြား တွင်စိုက်ပျိုးပေါက်ရောက်သည်။ စိုက်ပျိုးပင်ဖြစ်သည်။အသုံးဝင်ပုံ : အာနိသင်- မြန်မာ့ဆေးကျမ်းများ အလိုအရ ကွမ်းရွက်သည် ဖန် ၊ ခါး ၊ ပူစပ်သောအရသာရှိ၏။ နှုတ်ကို မြိန်စေ၏။ သလိပ်ကို ကြေစေ၏။ လေကို နိုင်၏။ ထက်မြက်၏။ အားကိုတိုးစေ၏။ အဆိပ်ကို ပယ်တတ်၏။ ဝမ်းမီးတောက်စေ၏။ ကာမကို အားပေး၏။ နှလုံးကို အကျိုးပြု၏။ နှလုံး ၊ ချောင်းဆိုးရောဂါ စသည်ကို ပျောက်ကင်းစေ၏။

အသုံးပြုပုံ-အရွက်၁။ ကွမ်းရွက် ညှစ်ရည်ကို ပျားရည်နှင့် တိုက်က ကလေးများ လေပွခြင်း ၊ အစာမကြေခြင်း ၊ ဝမ်းသွားခြင်း ၊ ဖျားနာခြင်းများ ပျောက်၏။၂။ ကွမ်းရွက် ညှစ်ရည်ကို နွားနို့နှင့် သောက်က မီးယပ်ကြောင့် ဖြစ်သော စိတ္တဇ ရောဂါ ပျောက်၏။၃။ ကွမ်းရွက် ညှစ်ရည်တွင် ချင်းပြုတ်ရည် နှင့် သိန္ဓောဆား အနည်းငယ်ထည့်သောက်က ပန်းနာရင်ကျပ် ၊ ရင်အောင့် ရင်ကယ် ၊ ကြက်ညှာချောင်းဆိုးများ ပျောက်၏။၄။ ကွမ်းရွက်ညှစ်ရည်အား မျက်စဉ်းခတ်ပေးခြင်းဖြင့် ကြက်မျက်သင့်နာ ၊ မျက်စိနာ ၊ မျက်စိရောင်ခြင်း ၊ ကိုက်ခြင်း စသည့်မျက်စိနှင့်ဆိုင်သော ရောဂါများ ပျောက်ကင်း၏။၅။ ကွမ်းရွက်ကို နနွင်း နှင့် ကျိုပြီး ဆားအနည်းငယ် ခတ်သောက် က ဖျားနာရောဂါ ပျောက်၏။၆။ ကွမ်းရွက်ကို မီးကင်၍ ကလေးများငယ်ထိပ်တွင် အုန်းသီး နှင့်ဆွတ်ပြီး ကပ်ပေးထားပါက နှာစေးရောဂါ ပျောက်ကင်း၏။၇။ ကွမ်းရွက်ကို ထန်းလျက် ၊ ချင်း ၊ ဆားထည့်ပြုတ်သောက်သော် အပူလွန်၍ ဖျားသော ရောဂါပျောက်၏။၈။ ထို့ပြင် ကွမ်းရွက်ကို ထုံး၊ ကွမ်းသီး၊ ဆေးရွက်ကြီး၊ ရှားစေးတို့ဖြင့် ယာပြီး ကွမ်းယာအဖြစ်လည်းဝါးကြသည်။

ကိုးကား

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်မြန်မာနိုင်ငံနှစ်ဆန်းတစ်ရက်နေ့သင်္ကြန်မင်းအောင်လှိုင်လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)မေတ္တသုတ်ရှစ်ပါးသီလပရိတ်ကြီး ၁၁ သုတ်အောင်ဆန်းစုကြည်ကိုးပါးသီလအောင်ဆန်းအောင်လပဋ္ဌာန်းလွတ်လပ်ရေးကြေညာစာတမ်းမဟာသမယသုတ်ရတနသုတ်တပ်မတော် (ကြည်း)အော်ကာတပ်မတော်ဘုရားဂုဏ်တော်ဘာဂျာမှုတ်ခြင်းဂေါတမဗုဒ္ဓမြန်မာပိတောက်ငါးပါးသီလဥပုသ်ဒုတိယ ကမ္ဘာစစ်စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)ကျန်စစ်သားမိန်းမ မျိုးပွားအင်္ဂါဆယ်ပါးသီလမြန်မာနိုင်ငံရှိ မြို့များမင်္ဂလသုတ်သင်္ကြန်မိုးဂျပန်နိုင်ငံမထိုးသွင်းသော လိင်ဆက်ဆံခြင်းမြန်မာ သက္ကရာဇ်ပုဂံ