ချင်ရွေးပင်

Abrus precatorius
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက:Plantae
Clade:Angiosperms
Clade:Eudicots
Clade:Rosids
မျိုးစဉ်:Fabales
မျိုးရင်း:Fabaceae
မျိုးဇာတ်:Abreae
မျိုးစု:Abrus
မျိုးစိတ်:
A. precatorius
ဒွိနာမ
Abrus precatorius
Occurrence data from GBIF
Synonyms
  • Abrus maculatus Noronha
  • Abrus pauciflorus Desv.
  • Glycine abrus L.
  • Orobus americanus Mill.
  • Zaga latifolia Raf.
  • Zaga parvifolia Raf.

ချင်ရွေးပင်ကို ရုက္ခဗေဒအရ အဗရပ်ပရိကေးတိုးရီးယပ် (Abrus precatorius) ဟု ခေါ်သည်။ ချင်ရွေးကို ချင့်ရွေး၊ ချိန်ရွေး၊ ဆင်ရွေး၊ ရွေး ကလေး၊ ရွေးငယ်ဟူ၍လည်း ခေါ်သည်။ ပါဠိလို ဂုဉ္ဇဟူ၍ ခေါ်သည်။ အိန္ဒိယနိုင်ငံ၌ ဂုဉ္ဇရတီဟူ၍လည်း ခေါ်သည်။ ချင်ရွေးပင်သည် နွယ်ပင်မျိုး ဖြစ်သည်။ မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံရှိ လွင်ပြင်များ၌ ဖြစ်ထွန်းသည်။ ဟိမဝန္တာ တောင်နှင့် ပေ ၃ဝဝဝ အထိ မြင့်သော တောင်ကုန်းများ၌ လည်း ဖြစ်ထွန်းသည်။ အပူပိုင်းဒေသတွင် များသောအားဖြင့် ပေါက်တတ်သော အပင်မျိုးဖြစ်သည်။

ရွေးစေ့ကို အချို့က ကုလားမျက်စိဟု ခေါ်သည်။ ရွှေချိန်ရာတွင် သုံးလေ့ရှိသည်။

ချင်ရွေးစေ့များသည် အချို့နီ၍ မျက်မဲရှိသည်။ အချို့နက်၍ မျက်ဖြူရှိသည်။ အစေ့တစေ့၏ ပျမ်းမျှ အလေးချိန်မှာ ၁.၇၅ ဂရန် ဖြစ်သည်။ မြန်မာအလေးချိန်အရ ၁ ကျပ်သားသည် ချင်ရွေးစေ့ ၁၂ဝ နှင့် ညီသည်ဟု ဆိုသည်။ ချင်ရွေးစေ့များကို ကျောက်ကုန်သည်၊ ရွှေကုန်သည်များက ကျောက်နှင့် ရွှေချိန် တွယ်ရာ၌ အသုံးပြုကြသည်။ ဘယဆေးချိန်ရာတွင်လည်း အသုံးပြုတတ်ကြသေးသည်။ ချင်ရွေးမြစ်သည် ချောင်းဆိုး ရောဂါကို နိုင်သည်ဟုဆိုသည်။[၂]

ပုံသဏ္ဌာန် : အပင်နွယ်ပင် မျိုး ဖြစ်၏။ အခြားသော သစ်ပင် ချုံပင် များ သို့ နွယ်တက် တတ်၏။ ပင်စည် သေးသွယ် သည်။ ကိုင်း များစွာ ဖြာ ထွက်သည်။အရွက်ငှက်မွှေးရွက်ပေါင်း ဖြစ်ပြီး ရွက်လွှဲ ထွက်သည်။ ရွက်မြွှာများ သေးငယ် ၍ ရှည်မျောမျော ပုံရှိပြီး ရွက်ဆိုင် ထွက်သည်။ ၂၀-၄၀ ထိ ပါဝင် သည်။ အရွက် ကြွေလွယ် ၍ ချိုသော အရာသာ ရှိသည်။အပွင့်အဝါနု ရောင် ရှိ၍ သေးငယ် ပြီး အဆုပ်လိုက် ပွင့်သည်။ သီတင်းကျွတ် တန်ဆောင်မုန်း လတွင် ပွင့်သည်။အသီးသီးတောင့် ဖြစ်၍ အဆုပ်လိုက် သီး သည် အသီးတောင့် တွင် အမွှေးနုများ ရှိ၍ တစ်တောင့် လျှင် အစေ့ ၄-၅ စေ့ ရှိ၏။ အစေ့ အဖြူ အနီ အနက် ၃ မျိုး ရှိ၍ ထိပ်၌ အမည်းကွက် ကလေးများ ရှိ၏။ အရောင် တောက်ပ ၏။ နတ်တော် ၊ ပြာသို တွင်သီးသည်။အမြစ်ရေသောက် မြစ်တုတ်၍ ညိုဝါရောင် ရှိ၏။ မြစ်မြွှာ များ သေးငယ်သည်။အသုံးပြုနိုင်သည့်အစိတ်အပိုင်းများ : အမြစ် ၊ အရွက်၊ အစေ့။မြန်မာနိုင်ငံတွင်တွေ့နိုင်သောနေရာများ : မြန်မာ နိုင်ငံ အနှံ့အပြား ၌ ပေါက်ရောက် သည်။ပေါက်ရောက်ပုံသဘာ၀ အလျောက် ပေါက်ရောက်သည်။အသုံးဝင်ပုံ : အာနိသင်မြန်မာ ဆေးကျမ်း များ အလိုအရ ရွေးသည် ဖန် ခါး ချို သော အရသာ ရှိသည် ၊ ကာမကို အားပေး ၏ ၊ အဆိပ် ကို နိုင်၏ ၊ သလိပ် ဖြစ်စေ၏ ၊ မျက်စိ ယားယံခြင်း နှင့် အရေပြား ရောဂါ အနာပေါက် ရောဂါ တို့ကို ပျောက်စေ၏ ၊နှုတ်ကို မြိန်စေ၏ ၊ အားဖြစ်စေ၏ ၊ မူးဝေ ၊ ပန်းနာ၊ ရေငတ်နာနှင့် သွားခြေပုပ် သော ရောဂါ တို့ကို ပျောက်စေ၏။အသုံးပြုပုံ-အမြစ်၁ ။ ရွေးဖြူမြစ်ကို ရေနှင့် ကြတ်၍ ပေါင်းတိုက် ရေယူပြီး သကြားအနည်းငယ်ဖြင့် သောက်သော် ဒူလာဖြစ် မြင်းသရိုက် ရောဂါ ပျောက်၏။၂ ။ အမြစ်ကို ရေဖြင့် တစ်ည စိမ်၍ နံနက်တွင် အဝတ်ဖြင့် စစ်ပြီး ညနံနက် တစ်ကြိမ်စီသောက်ပါက မီးယပ်ဖြူ ဆင်းသော ရောဂါ ပျောက်၏။အရွက်၁ ။ ချင်ရွေးရွက် ကို မုန်ညင်းဆီနှင့် ကြိတ်၍ အဆစ်ရောင်သော နေရာနှင့် အကြောထုံးသော နေရာများသို့ စည်းပေးခြင်း ၊ လိမ်းပေးခြင်း ပြုက ရောဂါပျောက်ကင်း၏။၂ ။ ချင်ရွေးရွက် အစိုကို ဆီနှင့်ကြိတ်၍ ကိုယ်လက် ကိုက်ခဲသော နေရာများသို့ လိမ်းပေးသော် ပျောက်၏။၃ ။ ကိုယ်၌ အနှံ့အပြား ပေါက်တတ်သော အနာ မီးလျှံ စသော အနာအဖုအပိမ့်များ ပေါက်သော် ရွေးစေ့ ၊ ပြဒါး၊ ကန့်ဝါ ၊ တမာစေး ၊ ဆေးခြောက်ရွက်၊ ဝါစေ့တို့ ကို ဆတူယူ ၍ သံပရာရည် နှင့် ကြိတ်လိမ်းသော် ပျောက်၏။၄ ။ အရွက်ညှစ်ရည်ကို နွားနို့ သောက် လျှင် ဆီးချို ဆီးလွန် ရောဂါ ပျောက်၏။အစေ့၁ ။ ရွေးစေ့ကို အမှုန့် ပြုလုပ်၍ ရှူသော် အလွန် ပြင်းထန်သော ခေါင်းကိုက် ရောဂါ ပျောက်၏။၂ ။ အစေ့နှင့် အမြစ်ကို အမှုန့်လုပ်၍ အုန်းရည်နှင့် သောက် သော် လိပ်ခေါင်း ရောဂါ ပျောက်၏။မှတ်ချက်။ ။ အဆိပ် ရှိသော ဆေးပင် ဖြစ်၍ လိုသည်ထက် ပို ၍ သုံးဆောင် သော် ဝမ်းလျှောခြင်း ၊ အန်ခြင်း ၊ အင်အား ဆုတ်ယုတ်ခြင်း ဖြစ်တတ်၏။ တစ်ရွေး ခွဲမှ ၃ ရွေး အထိသာ သုံးနိုင်၏။[၃]

ကိုးကား

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်အောင်ဆန်းစုကြည်မြန်မာနိုင်ငံမင်းအောင်လှိုင်အောင်ဆန်းအမှတ်(၄၄)ခြေမြန်တပ်မဌာနချုပ်ကဆုန်လပြည့် ဗုဒ္ဓနေ့ထိုင်းနိုင်ငံပုဂံမန္တလေးမြို့မေတ္တသုတ်ဂျပန်နိုင်ငံတပ်မတော် (ကြည်း)ညောင်ရေသွန်းပွဲနန်းမတော်မယ်နုရွှေတိဂုံစေတီတော်ပဋ္ဌာန်းရန်ကုန်မြို့စကားကြီး ဆယ်မျိုးပရိတ်ကြီး ၁၁ သုတ်ဘာဂျာမှုတ်ခြင်းမဟာသမယသုတ်မြန်မာနိုင်ငံ၏ စစ်ဖက်ဆိုင်ရာ ရာထူး၊ အဆင့်၊ အဆောင်အယောင်နှင့် တံဆိပ်များကားလိုး ကော်လိုဒီတပ်မတော်ဒုတိယ ကမ္ဘာစစ်အသည်းရောင် အသားဝါ ရောဂါ ဘီပိုးကဏ္ဍ:မြန်မာစကားပုံများအထူး:လတ်တလောအပြောင်းအလဲများမိန်းမ မျိုးပွားအင်္ဂါတရုတ်ပြည်သူ့သမ္မတနိုင်ငံစင်ကာပူနိုင်ငံဗုဒ္ဓဘာသာမြန်မာနိုင်ငံရှိ မြို့များမြန်မာသရုပ်ဆောင်များစာရင်းဂေါတမဗုဒ္ဓပုလွေမှုတ်ခြင်းအော်ကာ