ဂိုချုပ်တောင်

ဂိုချုပ်တောင် သည် စင်ကာပူနိုင်ငံ၏ ဝန်ကြီးချုပ် ဟောင်း ဖြစ်ပြီး စင်ကာပူ အစိုးရအဖွဲ့တွင် စီနီယာ ဝန်ကြီး အဖြစ် ဆက်လက်တာဝန်ယူခဲ့သည်။

ဝါရှင်တန်ဒီစီတွင် ရိုက်ကူးထားသော ဂိုချုပ်တောင်၏ ဓာတ်ပုံ

ငယ်စဉ်ဘဝ နှင့် ပညာရေး

မစ္စတာဂိုချုပ်တောင်သည် ၁၉၄၁ ခုနှစ်၊ မေလ ၂ဝရက်နေ့၌ မွေးဖွားခဲ့သည်။ သူ၏ ဖခင်မှာ တရုတ်နိုင်ငံ ကွမ်ကျိုးနယ်မှ ဖြစ်သည်။ စင်ကာပူနိုင်ငံ၌ သက်တမ်းအရင့်ဆုံး ဖြစ်သော ရပ်ဖ်ဖဲလ်အထက်တန်းကျောင်း တွင်ပညာဆည်းပူးခဲ့သည်။ စင်ကာပူ အမျိုးသား တက္ကသိုလ် (NUS) တွင် စီးပွားရေးသာသာရပ်များကိုလေ့လာဆည်းပူးခဲ့သည်။ ထိုစင်ကာပူတက္ကသိုလ်မှပင် ပထမတန်းဂုဏ်ထူးဖြင့် ဘွဲ့ရရှိခဲ့သည်။

နိုင်ငံ့ဝန်ထမ်းဘဝ

မစ္စတာဂိုချုပ်တောင်သည် ၁၉၆၄ ခုနှစ်၌ စင်ကာပူ အစိုးရအဖွဲ့၏ စီမံကိန်းလုပ်ငန်းတွင် ပူးပေါင်း ဆောင်ရွက်ခဲ့သည်။ စင်ကာပူအစိုးရ၏ စီမံခန့်ခွဲမှုလုပ်ငန်းတွင် စီးပွားရေး စီမံကိန်း ရေးဆွဲသည့်ဌာန၌အမှု ထမ်းခဲ့ပြီးနောက် နှစ်နှစ်ကြာသောအခါ အမေရိကန်ပြည်ထောင်စု ဝီလီယံကောလိပ်၌ ဖွံ့ဖြိုးမှုစီးပွားရေး ဘာသာရပ်များကို ဘွဲ့လွန်ဆည်းပူးလေ့လာရန် အမေရိကန်ပြည်ထောင်စုသို့ ပညာတော်သင်စေလွှတ်ခဲ့ခြင်းခံရသည်။ မဟာဝိဇ္ဇာဘွဲ့ရပြီးနောက် ဂိုချုပ်တောင်သည် စင်ကာပူ သို့ပြန်လာကာ ဘဏ္ဍာရေးဝန်ကြီးဌာန၌ ဆက်လက်အမှုထမ်းဆောင်သည်။

၁၉၆၉ ခုနှစ်တွင် မစ္စတာဂိုချုပ်တောင်သည် စီမံကိန်း ရေးဆွဲရေးနှင့် စီမံကိန်းလုပ်ငန်းမန်နေဂျာ အဖြစ်ဖြင့် အမျိုးသားသင်္ဘောကုန်တင်မှု ကုမ္ပဏီဖြစ်သော နက်ပ်ကျွန်း အိုရီးယင့်လိုင်း (NOL) တွင် ဦးဆောင် ညွှန်ကြားရေးမှူးအဖြစ် ရာထူးကိုတိုးမြင့် ခံရသည်။ ထိုကုမ္ပဏီ၌ ဦးဆောင်ညွှန်ကြားရေးမှူးအဖြစ် လေးနှစ်အမှုထမ်းခဲ့သည်။

နိုင်ငံရေးဘဝ

မစ္စတာဂိုချုပ်တောင်သည် အစိုးရပိုင်အိမ်ရာများ၌ နေထိုင်သူများအတွက် သတ်မှတ်ပေးသည့် မဲဆန္ဒ နယ်သစ်တစ်ခုဖြစ်သည့် မရိန်းပရိဒ် မဲဆန္ဒနယ်မြေဆိုင်ရာ လွှတ်တော် အမတ်အဖြစ် ၁၉၇၆ ခုနှစ်တွင် အရွေးခံရသည်။ တစ်နှစ်မပြည့်မီ ၁၉၇၇ ခုနှစ်၊ စက်တင်ဘာလ၌ ဂိုချုပ်တောင်သည် ဘဏ္ဍာရေး ဝန်ကြီးဋ္ဌာန တွဲဖက်ဝန်ကြီးအဖြစ် ခန့်ထားခြင်းခံရသည်။ ၁၉၇၉ ခုနှစ်တွင် ဂိုချုပ်တောင်သည် ကုန်သွယ်ရေးနှင့် စက်မှု လုပ်ငန်း ဆိုင်ရာ ဝန်ကြီးဖြစ်လာသည်။ ၁၉၈၁ ခုနှစ်မှ ၁၉၈၅ ခုနှစ်အထိ မစ္စတာဂိုချုပ်တောင်သည် ကျန်း မာရေးဝန်ကြီးအဖြစ်လည်းကောင်း၊ ကုန်သွယ်ရေးနှင့် စက်မှုလုပ်ငန်းဝန်ကြီးအဖြစ်လည်း ကောင်း တစ်ပြိုင် တည်းထမ်းဆောင်ခဲ့သည်။

၁၉၈၅ ခုနှစ်၌ ဂိုချုပ်တောင်သည် စင်ကာပူရှိ နိုင်ငံရေး ခေါင်းဆောင်များ၏ မျိုးဆက်သစ်ခေါင်း ဆောင်ဖြစ်လာပြီးပထမ ဒုတိယဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခြင်းခံရသည်။ တစ်ပြိုင်တည်း၌ ဂိုချုပ်တောင် သည် ကာကွယ်ရေးဝန်ကြီး အဖြစ်လည်းခန့်အပ်ထားခံရသည်။

၁၉၉ဝ ပြည့်နှစ်၊ နိုဝင်ဘာ ၂၈ ရက်၌ မစ္စတာဂိုချုပ်တောင်သည် စင်ကာပူနိုင်ငံ၏ဝန်ကြီးချုပ်ဖြစ် လာခဲ့သည်။

အာဏာရပြည်သူ့ လှုပ်ရှားမှုပါတီတွင် ဂိုချုပ်တောင်သည် ၁၉၇၉ ခုနှစ်မှစ၍ ဗဟိုအမှုဆောင် ကော်မတီ၌ တာဝန်ယူဆောင်ရွက်ခဲ့သည်။ ဂိုချုပ်တောင်သည် လောလောဆယ်တွင်ပါတီ၏ပထမတွဲဖက် အတွင်းရေးမှူးအဖြစ် ဆောင်ရွက်လျက်ရှိသည်။

မစ္စတာဂိုချုပ်တောင်သည် ၁၉၇၇ ခုနှစ်တွင် အလုပ်သမားသမဂ္ဂအဖွဲ့ဝင်ဖြစ်ခဲ့သည်။ ထိုစဉ်အခါက ဂိုချုပ်တောင်သည် စင်ကာပူလေဘာဖောင်ဒေးရှင်းတွင် ညွှန်ကြားရေးမှူးအဖြစ်ဆောင်ရွက်ခဲ့သည်။ နောက် ပိုင်း၌ ၁၉၈၁ ခုနှစ်တွင် ဥက္ကဋ္ဌဖြစ်လာသည်။ ထို့အပြင်ဂိုချုပ်တောင်သည် ညွှန်ကြားရေးမှူးများဘုတ်အဖွဲ့ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သည်။ ဂိုချုပ်တောင်သည်စင်္ကာပူဘဏ္ဍာထိန်း ဘုတ်အဖွဲ့ ဥက္ကဋ္ဌအဖြစ်နှင့် စက်မှု အလုပ်သမားများအဖွဲ့ ဘက်စုံ သမဝါယမအသင်း ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၈၇ ခုနှစ်တွင် မစ္စတာ ဂိုချုပ်တောင်အား နိုင်ငံအားလုံး ဆိုင်ရာ အလုပ်သမားသမဂ္ဂ ကွန်ကရက်က ဂုဏ်ထူးဆောင် ဘွဲ့တံဆိပ်ချီးမြှင့်ခဲ့သည်။ ၂၀၀၄ ခုနှစ်တွင် ဝန်ကြီးချုပ်ရာထူးမှ အနားယူခဲ့ပြီး စင်ကာပူ အစိုးရအဖွဲ့တွင် စီနီယာ ဝန်ကြီး အဖြစ် ဆက်လက်တာဝန်ယူခဲ့သည်။

မိသားစု

မစ္စတာဂိုချုပ်တောင်သည် ရှေ့နေတန်ချူလင်းနှင့်လက်ထပ်ခဲ့သည်။ မစ္စတာဂိုချုပ်တောင်နှင့် ဇနီးတို့တွင်သားသမီးနှစ်ဦး ထွန်းကားခဲ့ရာ သားယောက်ျားလေးနှင့်သမီးမိန်းကလေးအမြွှာမောင်နှမဖြစ်သည်။ မစ္စတာဂိုချုပ်တောင်သည် အပန်းဖြေအနားယူရာတွင် ဂေါက်ရိုက်ခြင်းနှင့် တင်းနစ်ကစားခြင်း တို့ကို နှစ်သက်သည်။

ကိုးကား

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်မြန်မာနိုင်ငံနှစ်ဆန်းတစ်ရက်နေ့သင်္ကြန်မင်းအောင်လှိုင်လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)မေတ္တသုတ်ရှစ်ပါးသီလပရိတ်ကြီး ၁၁ သုတ်အောင်ဆန်းစုကြည်ကိုးပါးသီလအောင်ဆန်းအောင်လပဋ္ဌာန်းလွတ်လပ်ရေးကြေညာစာတမ်းမဟာသမယသုတ်ရတနသုတ်တပ်မတော် (ကြည်း)အော်ကာတပ်မတော်ဘုရားဂုဏ်တော်ဘာဂျာမှုတ်ခြင်းဂေါတမဗုဒ္ဓမြန်မာပိတောက်ငါးပါးသီလဥပုသ်ဒုတိယ ကမ္ဘာစစ်စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)ကျန်စစ်သားမိန်းမ မျိုးပွားအင်္ဂါဆယ်ပါးသီလမြန်မာနိုင်ငံရှိ မြို့များမင်္ဂလသုတ်သင်္ကြန်မိုးဂျပန်နိုင်ငံမထိုးသွင်းသော လိင်ဆက်ဆံခြင်းမြန်မာ သက္ကရာဇ်ပုဂံ