ငါးမန်း

ငါးမန်း
Temporal range: Late Silurian-Present 420–0 Ma
PreЄ
Є
O
S
D
C
P
T
K
Pg
N
Possible Ordovician record [၁]
ဝဲ အပေါ်မှ နာရီလက်တံအတိုင်း။ spiny dogfish, Australian angelshark, ဝေလငါးမန်း, ငါးမန်းဖြူကြီး, horn shark, frilled shark, scalloped hammerhead and ဂျပန် ငါးမန်းစွယ်သည်
"အောက်ပါ မျိုးစဉ်တစ်ခုစီမှ ကိုယ်စားပြုဖော်ပြချက်ဖြစ်သည်။"
Squaliformes, Squatiniformes, Orectolobiformes, Lamniformes, Heterodontiformes, Hexanchiformes, Carcharhiniformes and Pristiophoriformes
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက:Animalia
မျိုးပေါင်းစု:Chordata
မျိုးပေါင်း:Chondrichthyes
မျိုးပေါင်းသေး:Elasmobranchii
Infraclass:Euselachii
Superorder:Selachimorpha
မျိုးစဉ်များ

Carcharhiniformes
ကျွဲငါးမန်း|Heterodontiformes
Hexanchiformes
Lamniformes
Orectolobiformes
ငါးမန်းစွယ်သည် (Pristiophoriformes)
Squaliformes
Squatiniformes

Synonyms
Pleurotremata
Selachii (ဆီလာချီ)

ငါးမန်း ဆိုသည်မှာ ပုံပန်းသဏ္ဌာန်ဆင်၍ မျိုးစဉ်တူပြီး မျိုးရင်း၊ မျိုးစု၊ မျိုးစိတ် မတူကြသော အသားစား အဏ္ဏဝါသားရဲတိရစ္ဆာန် ငါးများကို စုပေါင်း ခေါ်ဆိုလေ့ရှိကြသည့် လူအသုံးအများဆုံး အမည်နာမ တစ်ခုဖြစ်သည်။

ကမ္ဘာအရပ်ရပ်ရှိ ငါးမန်းတို့တွင် တစ်တောင်သာသာမျှသာရှိသော ငါးမန်းငယ်မျိုးမှ ကိုယ်ထည်ကြီးမားသော ငါးမန်းကြီးမျိုး အထိ အမျိုးများစွာရှိသည်။ ငါးမန်းတို့သည် ငလိပ်ကျောက်များနှင့်အတူ ဆီလာချီမော်ဖာ အထက်မျိုးစဉ်ကြီးတွင်ပါဝင်ကြသည်။ ငါးမန်းကြီးမျိုးသည် ပေ ၄ဝ မှ တစ်ခါတစ်ရံ ပေ ၆ဝ လောက်အထိပင် ကြီးမားသည်။ ငါးမန်းကို အေးသောအရပ်ဒေသများမှထက် ပူသောနေရာဒေသများတွင် ပို၍တွေ့မြင်ရသည်။ မျိုးပွားနှုန်းအလွန်နှေးကွေးခြင်း၊ ဖမ်းဆီးသူများပြားခြင်းတို့ကြောင့် မျိုးတုံးမည့်အခွင့်အလမ်းအများဆုံးငါးတစ်မျိုးဖြစ်သည်။ ငါးမန်းတောင်ဟင်းချိုကို တန်ဖိုးထားစားသောက်လေ့ရှိသောကြောင့်လည်း ဖမ်းဆီးသူ များပြားရသည်။ ငါးမန်းတို့သည် ခရီးဝေးဝေး သွားလာကာ ကျက်စားတတ်သည်။ ကမ္ဘာ့မြောက်ဘက်ဝင်ရိုးစွန်းတို့ရှိ ဂရင်းလန်ကျွန်းအနီးမှ ငမန်းတို့သည် ပြင်သစ်နိုင်ငံကမ်းခြေသို့ပင်ရောက်အောင် ဆင်းလာ၍ ကျက်စားတတ်ကြသည်ဟု ဆိုသည်။

မြန်မာနိုင်ငံ

ငါးမန်းတို့ကို မြန်မာနိုင်ငံကမ်းရိုးအလွန် ဘင်္ဂလားပင်လယ်ထဲတွင်လည်း အနှံ့အပြား တွေ့ရှိရ၏။ ပင်လယ်ကမ်းရိုးဒေသတို့မှတစ်ပါး အခြားဒေသတို့တွင် ငါးမန်းကို ဟင်းလျာအဖြစ်စားလေ့မရှိသော်လည်း အသုံးအဆောင်ပစ္စည်းများ ပြုလုပ်ရန်အတွက်မူ အသုံးပြုကြသည်။ မြန်မာနိုင်ငံတွင် ငါးမန်းရေကို ဓားရိုးဖုံးရန် အသုံးပြုလေ့ရှိသည်။ အမြီးမှတစ်ပါး ငါးမန်း၏ ဆူးတောင်ကို နိုင်ငံခြားသို့ အမြောက်အမြား တင်ပို့ရောင်းချရသည်။ တရုတ်နိုင်ငံတွင်မူ ထိုဆူးတောင်များကို စားသုံး၍ ယင်းမှ ကော်တစ်မျိုး ပြုလုပ်ယူလေသည်။ ငမန်းအသည်းမှ ရသောအဆီတွင် ဗီတာမင်အေဓာတ်များစွာ ပါရှိသဖြင့် ငါးကြီး ဆီအစား ငါးမန်းဆီကို ချက်လုပ်ရောင်းချလေ့ရှိကြ၏။

ငါးမန်းအမျိုးမျိုး

ငါးမန်းမျိုးတွင် ငါးမန်းခေါင်းဝိုင်း၊ ငါးမန်းတောင်မဲ၊ ငါးမန်းငှက်ပျံ၊ ငါးမန်းနီ၊ ငါးမန်းကျွဲ၊ ငါးမန်းသံဝတ်၊ ငါးမန်းပြောက်၊ ငါးမန်းစွယ်သည်ငါးမန်းကား၊ ငလိပ်ကျောက်၊ လိပ်ကျောက်တံခွန်၊ လျှပ်စစ်လိပ်ကျောက် စသည်တို့ ပါဝင်သည်။ ကိုယ်ထည် ပုံအမျိုးမျိုးကိုလိုက်၍ အမည်ကွဲပြားသည်။[၂]

ကိုးကား

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်မြန်မာနိုင်ငံနှစ်ဆန်းတစ်ရက်နေ့သင်္ကြန်မင်းအောင်လှိုင်လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)မေတ္တသုတ်ရှစ်ပါးသီလပရိတ်ကြီး ၁၁ သုတ်အောင်ဆန်းစုကြည်ကိုးပါးသီလအောင်ဆန်းအောင်လပဋ္ဌာန်းလွတ်လပ်ရေးကြေညာစာတမ်းမဟာသမယသုတ်ရတနသုတ်တပ်မတော် (ကြည်း)အော်ကာတပ်မတော်ဘုရားဂုဏ်တော်ဘာဂျာမှုတ်ခြင်းဂေါတမဗုဒ္ဓမြန်မာပိတောက်ငါးပါးသီလဥပုသ်ဒုတိယ ကမ္ဘာစစ်စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)ကျန်စစ်သားမိန်းမ မျိုးပွားအင်္ဂါဆယ်ပါးသီလမြန်မာနိုင်ငံရှိ မြို့များမင်္ဂလသုတ်သင်္ကြန်မိုးဂျပန်နိုင်ငံမထိုးသွင်းသော လိင်ဆက်ဆံခြင်းမြန်မာ သက္ကရာဇ်ပုဂံ