ဆိုင်ယာနိုက်

ဟိုက်ဒရိုဆိုင်ယနစ်၊ တစ်နည်းအားဖြင့် ပရပ်ဆစ်အက်ဆက် HCN ဟုခေါ်သော ဓာတ်၏ ဓာတ်ဆားများဖြစ်ကြသော ဆိုင်ယာနိုက် တို့သည် အလွန်အသုံးဝင်သော်လည်း အလွန်တစ်ရာ အဆိပ်ပြင်း၏။ အထူးသဖြင့် ပိုတက်ဆီယမ်ဆိုင်ယနိုက် KCN နှင့် ဆိုဒီယမ် ဆိုင်ယနိုက် NaCN တို့သည် အဆိပ်ပြင်းသည်။ အဝတ်စ တစ်စတွင် ပိုတက်ဆီယမ် ဆိုင်ယနိုက် အနည်းငယ်မျှကိုဆွတ်၍၊ နကျယ်အိတ် အပေါက်တစ်ခု၌ ဆို့ထားလိုက်လျှင် အိမ်အတွင်းရှိ နကျယ်ကောင်နှင့်တကွ အပြင်ဘက်မှ အိမ်သို့ပြန်လာသော နကျယ်ကောင်များပါ သေကုန်ကြ၏။ ထို့ကြောင့် အထက်ပါအက်ဆစ်နှင့် ဓာတ်ဆားများကို လက်အိတ် လက်ဖုံး မပါဘဲ၊ လက်ချည်းသက်သက်ဖြင့် မကိုင်မတွယ်ရချေ။ ဆိုဒီယမ်ဆိုင်ယနိုက်နှင့် ပိုတက်ဆီယမ် ဆိုင်ယနိုက်ပျော်ဝင်ရည်တို့တွင် ရွှေသည် အလွယ်တကူပျော်နိုင်သောကြောင့် ဆိုင်ယနိုက်ကို ရွှေအရိုင်းတုံးများမှ ရွှေသန့်ထုတ်ယူရာ၌ များစွာအသုံးပြုကြသည်။ ရွှေနှင့် ငွေပျော်ဝင်နေသော ဆိုင်ယနိုက် ပျော်ဝင်ရည်ကိုလည်း ဓာတ်ရည်စိမ်ရာ၌ များစွာအသုံးပြုကြ၏။ ပိုတက်ဆီယမ်ဆိုင်ယနိုက်နှင့် အိုင်းယန်းဆိုင်ယနိုက်ဓာတ်ဆားနှစ်မျိုးပေါင်းဖြစ်သော ပိုတက်ဆီယမ် ဖယ်ရို ဆိုင်ယနိုက် K4Fe (CN)6 နှင့် ပိုတက်ဆီယမ် ဖယ်ရီ ဆိုင်ယနိုက် 2K3Fe(CN)6 တို့သည် ဆေးဆိုးလုပ်ငန်းများတွင် အလွန်အသုံးဝင်၏။ ဟိုက်ဒရိုဆိုင်ယနစ်အက်ဆစ်ရည်သည် အလွန်အဆိပ်ပြင်းထန်၏။ ချယ်ရီသီး၊ ဆီးသီး၊ မက်မုံသီး စသော သစ်သီးများ၏ အစေ့တွင်းရှိ အဆန်တွင် ဤအက်ဆစ်သည် အခြားပစ္စည်းများနှင့်ရော၍ပါတတ်၏။ ထို့ကြောင့် သစ်သီးစေ့တို့၏ အဆန်များကို မစားသင့်ချေ။ ဟိုက်ဒရိုဆိုင်ယနစ် ဓာတ်ငွေ့ကိုမူ အိမ်၊ သင်္ဘော၊ ကုန်လှောင်ရုံကြီးများနှင့် ကုန်အမျိုးမျိုးတို့ကို ပိုးမွှားကင်းအောင် မှိုင်းတိုက်ပေးရာ၌ အသုံးပြုကြလသည်။[၁]

Cyanide anion
Space-filling model of the cyanide anion: carbon bound to smaller nitrogen atom
အမည်
en:Preferred IUPAC name
Cyanide
Systematic IUPAC name
Nitridocarbonate(II)
အမှတ်အသားများ-->

-->-->

-->

----- templatepar -----

-->

CAS Number
57-12-5
ChEBICHEBI:17514
ChemSpider5755
Jmol 3D modelInteractive image
PubChem5975
UNIIOXN4E7L11K YesY
ဂုဏ်သတ္တိများ
CN
Molar mass၂၆.၀၂ g·mol−1
အန္တရာယ်
ပင်မ အန္တရာယ်များThe cyanide ion CN
is one of the most poisonous chemicals. It may cause death in minutes.
Except where otherwise noted, data are given for materials in their standard state (at 25 °C [77 °F], 100 kPa).
Infobox references

ကိုးကား

ပြင်ပလင့်များ

တမ်းပလိတ်:EB1911 Poster


🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်မြန်မာနိုင်ငံနှစ်ဆန်းတစ်ရက်နေ့သင်္ကြန်မင်းအောင်လှိုင်လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)မေတ္တသုတ်ရှစ်ပါးသီလပရိတ်ကြီး ၁၁ သုတ်အောင်ဆန်းစုကြည်ကိုးပါးသီလအောင်ဆန်းအောင်လပဋ္ဌာန်းလွတ်လပ်ရေးကြေညာစာတမ်းမဟာသမယသုတ်ရတနသုတ်တပ်မတော် (ကြည်း)အော်ကာတပ်မတော်ဘုရားဂုဏ်တော်ဘာဂျာမှုတ်ခြင်းဂေါတမဗုဒ္ဓမြန်မာပိတောက်ငါးပါးသီလဥပုသ်ဒုတိယ ကမ္ဘာစစ်စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)ကျန်စစ်သားမိန်းမ မျိုးပွားအင်္ဂါဆယ်ပါးသီလမြန်မာနိုင်ငံရှိ မြို့များမင်္ဂလသုတ်သင်္ကြန်မိုးဂျပန်နိုင်ငံမထိုးသွင်းသော လိင်ဆက်ဆံခြင်းမြန်မာ သက္ကရာဇ်ပုဂံ